Thursday, August 24, 2017


ဝင်းဖေမြင့် နဲ့ ဖိုးဆန်း တို့ရဲ့ အညာပြန်လက်ဆောင် ပန်းချီပြပွဲ ပြီးခဲ့တဲ့ နွေက ပန်းချီ ဝင်းဖေမြင့်နဲ့ ပန်းချီ ဖိုးဆန်းတို့ဟာ ပန်းချီဝင်းဖေမြင့်ရဲ့ ဇာတိမြို့ မင်းဘူး အပါအဝင် စကု၊ လယ်ကိုင်း စတဲ့ မြန်မာနိုင်ငံ အလယ်ပိုင်း အညာဒေသတွေကို ခရီးထွက်ခဲ့ကြပါတယ်။ သူတို့ဟာ အညာမှာ ၁ ပတ်နေခဲ့ကြပြီး ရန်ကုန်ကို ပြန်လာတဲ့အခါ အညာပြန် လက်ဆောင်တွေ တပွေ့တပိုက်နဲ့ပါ။ပြီးခဲ့တဲ့ နွေက ပန်းချီ ဝင်းဖေမြင့်နဲ့ ပန်းချီ ဖိုးဆန်းတို့ဟာ ပန်းချီဝင်းဖေမြင့်ရဲ့ ဇာတိမြို့ မင်းဘူး အပါအဝင် စကု၊ လယ်ကိုင်း စတဲ့ မြန်မာနိုင်ငံ အလယ်ပိုင်း အညာဒေသတွေကို ခရီးထွက်ခဲ့ကြပါတယ်။ သူတို့ဟာ အညာမှာ ၁ ပတ်နေခဲ့ကြပြီး ရန်ကုန်ကို ပြန်လာတဲ့အခါ အညာပြန် လက်ဆောင်တွေ တပွေ့တပိုက်နဲ့ပါ။ သူတို့ ယူဆောင်လာတဲ့ အညာပြန် လက်ဆောင်တွေက အညာဒေသ ထွက်ကုန်ပစ္စည်းတွေ စားစရာတွေ မဟုတ်ဘဲ အညာဒေသရဲ့ လူနေမှုဘဝ၊ ဘုရားပုထိုးတွေနဲ့၊ ယဉ်ကျေးမှု အဆောက်အုံတွေကို ခံစားရေးဖွဲ့ထားတဲ့ ပန်းချီကားတွေပဲ ဖြစ်ပါတယ်။ ဒီ ပန်းချီကားတွေကိုတော့ Trip to Anyar (အညာ ခရီး) လို့ ပြပွဲအမည် ပေးပြီး အောင်ဆန်းအားကစားကွင်း မြောက်ဘက်အခြမ်းမှာ အသစ်ဖွင့်လှစ်လိုက်တဲ့ OK Art Gallery မှာ ၂၆.၈.၂၀၁၇ ကနေ ၃၁.၈.၂၀၁၇ ရက်နေ့ အထိ ပြသသွားမှာ ဖြစ်ပါ တယ်။ ဒီပန်းချီပြပွဲဟာ OK Art Gallery ရဲ့ ပထမဆုံး ပန်းချီပြပွဲလည်း ဖြစ်ပါတယ်။ ပန်းချီ ဖိုးဆန်းဟာ ယဉ်ကျေးမှုတက္ကသိုလ် ကျောင်းဆင်း တဦးဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ ပန်းချီပွဲပေါင်း များစွာမှာ ပါဝင်ပြသ နေသူ တဦး ဖြစ်ပါတယ်။ ပန်းချီဝင်းဖေမြင့်ကတော့ ဝါရင့်ပန်းချီဆရာတယောက်ဖြစ်ပြီး မြန်မာနိုင်ငံမှာ ပန်းချီပညာကို စာတွေ့ လက်တွေ့ ဖြန့်ဖြူးနေသူတဦး ဖြစ်ပါတယ်။ ပန်းချီ ဝင်းဖေမြင့်နဲ့ ပန်းချီ ဖိုးဆန်းတို့ဟာ အညာမှာ နေထိုင်ခဲ့တဲ့ ၁ ပတ်လုံးလုံး မနက်မိုးလင်းတာနဲ့ အညာဒေသရဲ့ ဘုန်းတော်ကြီး ကျောင်းတွေ၊ မြစ်ဆိပ်တွေ၊ လူနေအိမ်ဝိုင်းတွေဆီကို အောက်ဒိုးထွက်ကာ ပန်းချီရေးဆွဲကြပါတယ်။ အိမ်မွေးကြက်၊ ဘဲ၊ နွား၊ သိုး၊ ဆိတ်တွေက အစ ချက်ပြုတ် စားသောက်တဲ့ မီးဖိုအဆုံး အရောင်တွေ၊ အလင်းတွေ၊ အရိပ်တွေနဲ့ ပုံဖော်ခဲ့ကြပါတယ်။ သူတို့ရဲ့ စိတ်ကို စေ့ဆော်ရိုက်ခတ်လာတဲ့ နေရာတွေ ဆိုရင် နေပူပူအောက်လည်း ချက်ခြင်း ထိုင်ရေးခဲ့သလို စိတ်ကြိုက် ပန်းချီကားရေးနိုင်မယ့် အချိန်ကိုလည်း စောင့်ဆိုင်းပြီး ရေးခဲ့ကြပါတယ်။ “မင်းဘူးကမ်းနားက နေထွက်ချိန် ကားလေး တကားကတော့ အမှတ်တရပါပဲ။ ပထမနေ့မှာ နေက နည်းနည်လေး အပေါ် တက်သွားတော့ ကိုယ်လိုချင်တဲ့ အရသာ မရဘူးပေါ့။ အဝါရောင်ပဲ ရတော့တယ်။ အဲဒါနဲ့ နောက်တနေ့ နေထွက်ချိန်ကို ထပ်စောင့်ပြီးတော့ ရေးဖြစ်တာပေါ့။ အဲဒီတော့မှ ကျနော် လိုချင်တဲ့ နေထွက်ချိန် ပန်းရောင်လေးကို ရလိုက်တာ။ ဒီပွဲလေးကို ကြည့်လိုက်လို့ ရှိရင် အညာကို လွမ်းတဲ့ အရသာကို ခံစားရမှာပါ” ပန်းချီ ဖိုးဆန်းက သူ့ အတွေ့အကြုံကို ပြန်ပြောပြတယ်။ ပန်းချီ ဖိုးဆန်းက အောက်ဒိုးခရီးစဉ်မှာ ဆရာဖြစ်သူ ပန်းချီဝင်းဖေမြင့်နဲ့အတူသွားလို့ ပျော်ရွှင်မိပေမယ့် ပျက်စီးယိုယွင်းနေပြီ ဖြစ်တဲ့ ရှေးခေတ်ဘုန်းတော်ကြီးကျောင်းတွေကိုတွေ့ရလို့ စိတ်မချမ်းမြေ့ကြောင်းလည်း ဆိုပါတယ်။ Trip to Anyar (အညာခရီး) ပန်းချီပြပွဲမှာ ပန်းချီ ဝင်းဖေမြင့်ရဲ့ဆီဆေး ၂၅ ကားနဲ့ ပန်းချီ ဖိုးဆန်းရဲ့ရေဆေးပန်းချီကား ၂၅ ကို ပြသသွားမှာ ဖြစ်ပါတယ်။ ပန်းချီကားအရွယ်အစားက ၁၂ လက်မ ၁၄ လက်မ ဖြစ်ပြီး ဒေါ်လာ ၁၅၀ ကနေ ဒေါ်လာ ၅၀၀ အထိ သတ်မှတ်ထားပါတယ်။ ဒီ ပန်းချီပြပွဲနဲ့ပတ်သက်ပြီး ပန်းချီ ဝင်းဖေမြင့်က “ဒီပန်းချီပွဲကိုကြည့်တဲ့သူတွေက အညာကို ကိုယ်တိုင်ရောက်သလို ခံစားရမယ်။ ဒီပန်းချီကားတွေမှာ အညာရဲ့ ရသ အပြည့်ပါအောင် ကျနော်တို့ ကြိုးစားထားပါတယ်” လို့ ဆိုပါတယ်။ အညာရနံ့ အညာ အငွေ့အသက်ကို ပန်းချီ ဝင်းဖေမြင့်နဲ့ ပန်းချီ ဖိုးဆန်း တို့က ရေနဲ့ ဆီ မီဒီယံကို ဘယ်လို ကျွမ်းကျွမ်း ကျင်ကျင် အသုံးပြုပြီး ပုံဖော် ရေးဆွဲ တင်ပြတယ် ဆိုတာ ကြည့်ရှုခံစားရမယ့် ပြပွဲ တခုဖြစ်ပါကြောင်း။ ။ The post ဝင်းဖေမြင့် နဲ့ ဖိုးဆန်း တို့ရဲ့ အညာပြန်လက်ဆောင် ပန်းချီပြပွဲ appeared first on ဧရာဝတီ.
Source : http://ift.tt/2isdvuX
via IFTTT

No comments:

Post a Comment