Friday, August 25, 2017
“မတ်ပဲနဲ့ ပဲစင်းငုံကို ဖိစိုက်နေသရွေ့ အိန္ဒိယကို မှီခိုနေရ မြန်မာနိုင်ငံ၏ ပဲမျိုးစုံ အဓိကထား တင်ပို့နေရသည့် အိန္ဒိယနိုင်ငံအနေဖြင့် ယခုအချိန်တွင် ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲတီစိမ်းတို့ကို မြန်မာအပါအဝင် အခြားနိုင်ငံများမှ ဝယ်ယူမှု ကန့်သတ်လိုက်သောကြောင့် ပဲအရောင်းအဝယ်များကို ရန်ကုန်မြို့ ဘုရင့် နောင်ရှိ ပဲကုန်စည်ဒိုင် ပိတ်သိမ်းခဲ့ရသည်။မြန်မာနိုင်ငံ၏ ပဲမျိုးစုံ အဓိကထား တင်ပို့နေရသည့် အိန္ဒိယနိုင်ငံအနေဖြင့် ယခုအချိန်တွင် ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲတီစိမ်းတို့ကို မြန်မာအပါအဝင် အခြားနိုင်ငံများမှ ဝယ်ယူမှု ကန့်သတ်လိုက်သောကြောင့် ပဲအရောင်းအဝယ်များကို ရန်ကုန်မြို့ ဘုရင့် နောင်ရှိ ပဲကုန်စည်ဒိုင် ပိတ်သိမ်းခဲ့ရသည်။ လက်ရှိဖြစ်ပေါ်နေသော ပဲဈေးကွက်၏ ရိုက်ခတ်မှုများကြောင့် တောင်သူများ၊ ကုန်သည်များ ဖြစ်ပေါ်နေသည့်အခက် အခဲများနှင့် အိန္ဒိယအစိုးရ၏ ပဲဈေးကွက်ကန့်သတ်ချက်များကို ဖြေလျှော့ပေးရန် မျှော်လင့်ချက်များနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း အတွင်းရေးမှူး ဦးမင်းကိုဦးကို ဧရာဝတီ သတင်းထောက် မျိုးပပစန်းက တွေ့ဆုံမေးမြန်းခဲ့ပါသည်။ မေး ။ ။ အိန္ဒိယက ပဲဝယ်ယူမှုကို ပိတ်လိုက်တာနဲ့ ပတ်သက်ပြီး ပဲဈေးကွက်ကို ဘယ်လောက်ထိ ထိခိုက်သွားပါသလဲ။ ဖြေ ။ ။ အခု သြဂုတ်လ ၅ ရက်နေ့မှာ ပဲစင်းငုံကို စပိတ်လိုက်တယ်။ ပဲစင်းငုံ တန်ချိန် ၂ သိန်းပဲ ဝယ်မယ်။ ကန့်သတ် ကုန်အနေနဲ့ စပြီး ကြေညာတဲ့အချိန်မှာ ၂ ရက်အတွင်း တတန်ကို ကျပ် ၆ သိန်းကနေ ကျပ် ၁ သိန်းကျော်လောက် ကျ သွားတယ်။ ဒီ ၂၁ ရက်နေ့မှာ မတ်ပဲနဲ့ ပဲတီစိမ်းကို ဆက်မဝယ်တော့ဘူးဆိုပြီး တခါ ထပ်ရပ်ပြန်တယ်။ မကြေညာခင်မှာ မတ်ပဲဈေးက ၁ တန်ကို ကျပ် ၈ သိန်း ၂ ထောင်လောက် ရှိပါတယ်။ နောက်နေ့ကျတော့ စပြီး ဈေးကွက်ဖွင့်တာနဲ့ ၁ တန် ကို ကျပ် ၇ သိန်းတို့ ကျပ် ၆ သိန်း ၈ သောင်းတို့ တန်းကျသွားပြီးတော့ ဒါက လည်း ကွန်တိန်နာတွေ ၁၀ လုံးလောက် တင်ပို့ပြီးတဲ့အချိန်မှာ ဈေးနှုန်းက လုံး၀ မတည်ငြိမ်တဲ့ အနေအထား ရောက်သွားတယ်။ ဒါကြောင့် ရန်ကုန်တိုင်း ကုန်စည်ဒိုင်မှာရှိတဲ့ ကုန်သည်အသင်းဝင် အားလုံး သဘောထားခံယူပြီးတော့ပဲ နောက်ဆုံး မတ်ပဲ ရယ်၊ ပဲစင်းငုံရယ်ကို အရောင်းအဝယ် ရပ်ဆိုင်းတယ်ဆိုပြီးတော့ ကုန်စည်ဒိုင် ပိတ်တာတော့ မဟုတ်ဘူး။ အရောင်းအဝယ် ခေတ္တရပ်ဆိုင်းတယ်။ မတ်ပဲ၊ ပဲစင်းငုံဈေးက ၁ တန်ကို ၁ သိန်းလောက် ကျသွားတယ်။ မေး။ ။ အခုလို ဈေးကွက်ရပ်သွားတဲ့ အချိန်မှာ တချို့ငွေကြိုပေးတဲ့ ကုန်သည်တွေ လိမ်တာတွေရှိတယ်ဆိုပြီး သတင်း ထွက်တာလည်း ရှိတယ်။ အဲဒီအပေါ်မှာ ဘယ်လိုသုံးသပ်ချက် ရှိပါသလဲ။ ဖြေ။ ။ မုံရွာတို့ ၊ ပခုက္ကူတို့ စတဲ့ ကုန်သည်တွေ ပြေးတယ်ဆိုပြီး ရေးတာ မီဒီယာတွေမှာ တွေ့ပါတယ်။ ဒါပေမယ့် လက်ရှိ ကျနော်တို့ ကုန်စည်ဒိုင် တာဝန်ရှိသူတွေကို မေးကြည့်တော့ ပြေးတာတို့ ဘာတို့တော့ မရှိပါဘူး။ ပဲဈေးနူန်း အခုလိုကျရင် မတ်ပဲတင်ပို့ဖို့ နိုင်ငံအတွက်ရော၊ တောင်သူအတွက်ရော တော်တော်ကို နစ်နာတဲ့ ကိစ္စဖြစ်တယ်။ ပြေးတဲ့ ကိစ္စကတော့ အနည်းအကျဉ်း အပြင်မှာ ရောင်းတာဝယ်တာရှိလို့ ဖြစ်ရင်တော့ မပြောတတ်ဘူး။ ကုန်စည်ဒိုင်မှာ ရောင်းတာ ဝယ်တာတော့ တတ်နိုင်သရွေ့ မဖြစ်အောင်တော့ အားလုံးက တည်ဆောက်ထားတာပဲ။ ဒါက လေရောင်း လေဝယ်ဘာမှ မလုပ်ခိုင်းဘူး။ လုပ်ရင် အသင်းဝင်ဆိုရင် အသင်းက ထုတ်ပယ်တဲ့အထိ အရေးယူမှာ။ တကယ် လို့ လုပ်မယ် ဆိုရင်လည်း ၁ လ အရောင်းအဝယ်အတွက် Deposit (အာမခံကြေး) တင်တဲ့အခါ ၁၀ ရာခိုင်နှုန်း တင်ရတဲ့ စနစ်မျိုး တည်ဆောက်ထားတဲ့အတွက် တော်ရုံတန်ရုံကတော့ ဒီဂယက်ကြောင့် သူတို့ ကုန်သည်အချင်းချင်းမှာ ကြိုက် ရောင်း၊ ကြိုက်ဝယ် လုပ်ထားပေမယ့် ပြဿနာအနည်းငယ် ဖြစ်တာ ရှှိနိုင်ပေမယ့် ကုန်စည်ဒိုင်မှာ အရောင်းအဝယ်လုပ်တာ ကြီးကြီးမားမားတော့ မဖြစ်နိုင်ပါဘူး။ မေး ။ ။ လက်ရှိ ပဲအရောင်းအဝယ်ဈေးကွက် ရပ်လိုက်တာက အဓိက ဘယ်လို အကြောင်းအချက်တွေကြောင့် ဖြစ်မလဲ။ ဖြေ။ ။ နှစ်စကတည်းက မတ်ပဲ ၁တန်ကို ကျပ် ၁၀ သိန်းကျော်လောက်ကတည်းက သိုလှောင်တဲ့သူတွေ ရှိတယ်။ လက်ရှိ အရောင်းအဝယ် ရပ်တန့်လိုက်တဲ့အခါ သိုလှောင်တဲ့သူရော တောင်သူအတွက်ရော ဈေးနှုန်း အနေအထားအရ တော်တော်နစ်နာတာပေ့ါ။ အကယ်၍ ဆက်ဖွင့်ရင် ဘာဖြစ်မလဲ၊ ပိတ်ရင် ဘာဖြစ်မလဲ ဒါကို ဦးတို့လည်း ချိန်ဆရတာ ဖြစ်တယ်။ အကယ်၍ ဆက်ဖွင့်လိုက်လို့ ဈေးနှုန်းက မထင်မှတ်တဲ့ ဈေးနှုန်းမျိုးတွေ ဖြစ်ရင် ကိုးရိုးကားရား ဖြစ်သွားမယ်။ ထိခိုက်သွားမယ်။ ဒါကြောင့်မို့ ယာယီရပ်ဆိုင်းလိုက်တဲ့ သဘောဖြစ်တယ်။ အချိန်မရွေး အိန္ဒိယက မဝယ်ပေမယ့် မတ်ပဲ လိုဟာမျိုး တခြားနိုင်ငံတွေက ဝယ်လို့ တည်ငြိမ်တည်ဆိုရင် ချက်ချင်းပြန်ပြီး အရောင်းအဝယ် ဖွင့်မှာ ဖြစ်ပါတယ်။ ဒီ အရောင်းအဝယ်ကို ဘယ်ကာလရယ်လို့ သတ်မှတ်တာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အိန္ဒိယဝန်ကြီးချုပ်က ကျနော်တို့ဆီကို စက်တင်ဘာ ၆ ရက်နေ့ လာမယ်။ နှစ်နိုင်ငံ ချစ်ကြည်ရေး လာတဲ့အတွက် လူကြီးတွေက မြန်မာနိုင်ငံက ပဲကို ၂၀၁၈ ခုနှစ် အတွင်းထဲမှာတော့ ဒီဥပဒေကို အိန္ဒိယက ထုတ်လိုက် ပေမယ့် မြန်မာနိုင်ငံမှာ စိုက်ပျိုးပြီးတဲ့ ပဲတို့ ၊ ကျန်နေတဲ့ ပဲတို့ ဝယ်ပေးဖို့တော့ တောင်းဆိုမှာပဲ။ ဒီအခါ ပဲဈေးနှုန်း ပျက်ပြားနေမှာစိုးလို့ ဈေးကွက် ရပ်လိုက်တာလည်း ဖြစ်တယ်။ မဟုတ်ရင် ပစ္စည်းအရေအတွက် များများ အရာင်းအဝယ်ဖြစ်တာ မဟုတ်ဘဲနဲ့ ပစ္စည်းနည်းနည်းနဲ့ ဈေးကွက်ပျက်သွားတယ်ဆိုရင် ပိုပြီး ဆိုးသွားမှာဖြစ်တယ်။ မေး ။ ။ အိန္ဒိယက လက်ရှိ ပိတ်လိုက်တာ ဆိုတော့ အခြားဘယ်နိုင်ငံတွေကို အဓိကထားပြီး တင်ပို့နေတာ ရှိပါသလဲ။ ဒီလိုမျိုး လုပ်လိုက်တဲ့အတွက် နောက်ထပ်ဈေးကွက်ရှာဖို့ကော ရှိပါသလား။ မြန်မာနိုင်ငံအနေနဲ့ ဘယ်လိုပြင်ဆင် ထား သင့်ပါသလဲ။ ဖြေ ။ ။ ကျနော်တို့ စိုက်ပျိုးတဲ့ အလေ့အထမှာကိုက အိမ်နီးနားချင်းနိုင်ငံဖြစ်တဲ့ အိန္ဒိယက ပဲစားတဲ့ နိုင်ငံဖြစ်တယ်။ ကျနော်တို့ နိုင်ငံအပြင် သြစတြေးလျ၊ ကနေဒါတို့ကလည်း ပဲတွေ သွင်းတာဖြစ်တယ်။ ရာသီဥတု အခြေအနေအရ အခြားနိုင်ငံတွေမှာက မတ်ပဲ စိုက်ပျိုးဖို့ ခက်တယ်။ အိန္ဒိယနဲ့ ကျနော်တို့ နိုင်ငံက စိုက်ပျိုးလို့ အဆင်ပြေတယ်။ ထိုင်းမှာ လည်း နောက်ပိုင်းဈေးကွက် မတင်တဲ့အတွက် ဒါကို မစိုက်တော့ဘူး။ မြန်မာနိုင်ငံက ပဲက ၁ နှစ်ကို တန်ချိန် ၆ သိန်းလောက် ထွက်တယ်။ ပဲတီစိမ်းက အိန္ဒိယကို ၄၀ ရာခိုင်နှုန်းလောက် သွား တယ်။ ကျန်တဲ့ ၆၀ ရာခိုင်နှုန်းလောက်က တရုတ်ကို မူဆယ်နယ်စပ်ကနေ သွားတယ်။ အာဆီယံနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှားတို့ကို သွားတာရှိတယ်။ အရည်အသွေးပိုင်းမှာတော့ ထိုင်ဝမ်နဲ့ ဂျပန်၊ ဥရောပ သွားတာရှိတယ်။ ပဲတီစိမ်း ဈေးကွက်က ပိုကျယ်တယ်။ ဒုတိယအနေနဲ့ ကြည့်ရင် မတ်ပဲက ၈၅ ရာခိုင်နှုန်းက အိန္ဒိယသွားတယ်။ ကျန်တဲ့ ၁၅ ရာခိုင်နှုန်းလောက်ပဲ ဟိန္ဒူလူမျိုးတွေ ရှိတဲ့နိုင်ငံတွေ သွားတယ်။ အရေအတွက်တော့ အရမ်းနည်းပါတယ်။ အမှာစာပေးမှ ပို့တာဖြစ်တယ်။ များများစားစား ဝယ်တာတော့ အိန္ဒိယဖြစ်တယ်။ ပဲစင်းငုံကတော့ ၉၅ ရာခိုင်နှုန်းလောက် သွားတယ်။ ၅ ရာခိုင်နှုန်းလောက်ပဲ ကျန်တဲ့ နိုင်ငံကို ပဲခွဲခြမ်းအနေနဲ့ သွားတယ်။ အမေရိကတို့ ပါကစ္စတန်တို့ နည်းနည်းပါးပါး သွားတာရှိတယ်။ ဒါကြောင့် ပဲဈေးကွက်က အိန္ဒိယနိုင်ငံကို မီရသလိုဖြစ်တယ်။ ပဲတီစိမ်းတခုပဲ ၄၀ ရာခိုင်နှုန်းလောက်သွားတာ ဆိုတော့ ဈေးကွက်ရှာလို့ရတာ ဖြစ်တယ်။ ပိုလည်း လွယ်တယ်။ မေး ။ ။ ယခင်ဘဏ္ဍာနှစ်က တင်ပို့မှု ဘယ်လိုရှိခဲ့ပါသလဲ။ ပဲဈေး အခြေအနေကကော ဘယ်လိုမျိုး ရှိခဲ့ပါသလဲ။ ဖြေ ။ ။ ပြီးခဲ့တဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာတော့ ကျနော်တို့ ပဲဈေးလည်း တော်တော်ရတယ်။ ပဲမျိုးစုံ တင်ပို့မှုကလည်း တန်ချိန် ၁၄ သိန်း ကျော်တယ်။ အောက်တိုဘာလလောက်ထိကို ပဲမျိုးစုံ တင်ပို့မှုကနေ ကျပ်သန်းပေါင်း ၁၄၀၀ ကျော် လောက် ရတယ်။ မနှစ်က မြန်မာနိုင်ငံကတော့ ဈေးကောင်းလည်း ရလိုက်တဲ့ သဘောပေါ့။ တကယ်ကို ဈေးကောင်းတဲ့ အတွက် အိန္ဒိယမှာလည်း စိုက်ပျိုးမှု အရန်ပဲအနေနဲ့ တန်ချိန် ၂ သိန်းနီးပါးလောက် ပဲမျိုးစုံကို ဝယ်ပြီး စုဆောင်းထားလိုက် တယ်။ စုဆောင်းထားပြီးတခါ အိန္ဒိယဘက်က ပဲစင်းငုံ အထွက်က စိုက်ပျိုးရေး ဒေတာအရ လေ့လာတဲ့အခါ တန်ချိန် ၂၂ သန်း လောက် ထွက်တယ်။ ပုံမှန် တန်ချိန် ၁၆ သန်း၊ ၁၇ သန်း ထွက်နေတာကနေ ပိုပြီးထွက်တဲ့ သဘောဖြစ်တယ်။ အဲဒီတော့ ဒီအချက်အလက်တွေ အားလုံးလာပြီး ထိတာက ၂၀၁၇ နှစ်စမှာ စထိတာဖြစ်တယ်။ ကျနော့်ဆီက ပဲစင်းငုံ စပေါ်တဲ့ အချိန် မှာ ပြည်တွင်းဈေးက ကျပ် ၈ သိန်းလောက် ရှိတယ်။ ဒေါ်လာဈေးနဲ့ ဆိုရင် ၁ တန်ကို ဒေါ်လာ ၆၀၀ ပဲရှိတယ်။ ပိတ်တဲ့ အ ချိန်မှာ တန်ချိန် ကျပ် ၁ သိန်းကျော်လောက် ကျသွားတယ်။ ထိုနည်းလည်းကောင်းပဲ မတ်ပဲလည်း ဈေးမြင့်ရာကနေ ကျ သွားတယ်။ မေး ။ ။ အစိုးရကို ဘယ်လို တင်ပြသွားဖို့ ရှိပါသလဲ။ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်လာရင်ကော ဘယ်လိုတင်ပြသွားဖို့ ရှိပါ သလဲ။ ဘယ်လို မျှော်လင့်ထားပါသလဲ။ ဖြေ ။ ။ အိန္ဒိယနဲ့ ကျနော်တို့နိုင်ငံနဲ့က နှစ်ပေါင်း ၃၀ လောက် ကုန်သွယ်မှု သွားနေတယ်။ သူ့ဆီက ကျနော်တို့က ဘာပစ္စည်းမှ မဝယ်တာ မဟုတ်ဘူး။ မြန်မာနိုင်ငံမှာ တကယ်လိုအပ်တဲ့ ဆေးဝါး၊ အိမ်ဆောက်ပစ္စည်းဖြစ်တဲ့ ဘိလပ်မြေတို့ သံချောင်းတို့ စားသုံးကုန်အနေနဲ့ ဆိုရင် သကြားတို့ လယ်ယာသုံးနဲ့ ပတ်သက်ရင် ပိုးသတ်ဆေးတို့က အိန္ဒိယကနေ တင်သွင်းနေတာ ဖြစ်ပါတယ်။ အဲဒီတော့ တဖက်သတ် ကျနော်တို့ ကုန်သွယ်မှု အနေနဲ့ သွားနေတဲ့ နိုင်ငံကို တချက်မှ အကြောင်း မကြားဘူး။ လွယ် လင့်တကူ ပိတ်တယ်ဆိုရင် နောင်ဆိုရင် ကျနော်တို့ မီနေရတဲ့ ဒီပဲတွေကို လျှော့စိုက်ပြီး လုပ်ဖို့ အသင်းအနေနဲ့ ရည်ရွယ် လုပ်ရမယ်။ လုံး၀ မစိုက်တာတော့ မဟုတ်ဘူး။ ပလန်ချပြီး လုပ်ရမယ့် အလုပ်ဆိုတာ ကျိန်းသေသွားပြီ။ ကျန်တဲ့နိုင်ငံကို သွားတဲ့ ပဲတွေကိုလည်း ပြောင်းပြီး စိုက်သင့်တာ စိုက်ရမယ်။ အဲဒီနေရာ ရေမြေသဘာဝနဲ့ ကိုက်ညီတဲ့ စိုက်ပျိုးရေး ပညာရှင်တွေက ပိုနားလည်တယ်။ ဈေးကွက်ရှာတော့ ကျနော်တို့ ကုန်သည်အပိုင်းက လုပ်ရမယ်။ မြေပဲလို ဆီထွက်သီးနှံလိုဟာမျိုး ပဲပုပ်လိုဟာမျိုး ဈေးကွက်ရှိပါတယ်။ တင်ပြလို့ရမယ်။ မေး ။ ။ အဲဒီလို ပြောင်းစိုက်ရင် ဘယ်လို အခက်အခဲတွေ ရှိလာနိုင်သလဲ။ ဖြေ ။ ။ တကယ်တမ်း ခက်နေတဲ့ အခက်အခဲတခုက ပဲစင်းငုံလို ဟာမျိုး၊ မတ်ပဲလိုဟာမျိုးက ဟိန္ဒိူလူမျိုးတွေ အဓိက စားတယ်။ စားသုံးသူကြီးတာ သူတို့ပဲ ဖြစ်နေတယ်။ ကျော်ဖို့အတွက် အာဆီယံနိုင်ငံကို သွားမလား၊ ဥရောပ နိုင်ငံကို သွား မလား။ သူတို့ တကယ်လိုချင်တဲ့ ပဲကို ပြောင်းစိုက်ပေးရမယ်။ ပဲတီစိမ်းက ဈေးကွက်ကျယ်တယ်။ မတ်ပဲနဲ့ ပဲစင်းငုံကို ဖိစိုက်နေသရွေ့ အိန္ဒိယကို မှီခိုနေရမယ်။ ဒါကြောင့် တခြားနိုင်ငံတွေက လိုအပ်တဲ့ ဥပမာ မြေထောက်ပဲလား၊ မြေပဲလား ပဲပုပ်လားဆိုတာ ကျနော်တို့က အကြံပေးလို့ပဲ ရမယ်။ အစိုးရက တောင်သူကို ဒါလေးတွေ ပညာပေးပြီး ချပြရမှာ ဖြစ် တယ်။ ချက်ချင်းပြောင်းဖို့တော့ မဖြစ်နိုင်ဘူး။ ကျနော်တို့ တောင်သူက စပါးစိုက်ပြီးရင် ပဲစိုက်မယ်။ ဒါကို ပုတ်ထဲမှာ မျိုးချန်ပြီးသား။ အခြားပြောင်းစိုက်ဆိုရင် ဈေးကွက် မကျိန်းသေမှာ စိုးလို့ မစိုက်ရဲဘူး။ စိုက်ပြီးခါမှ ရောင်းမရရင် ဘယ်လိုလုပ်မလဲ စိတ်က အမြဲရှိတယ်။ မျိုးလဲပေးဖို့ မျိုးစေ့ မရှိဘူး။ ဒါတွေက ခက်ခဲတယ်။ မေး ။ ။ အခု ပဲလောက နောက်ဆုံးအခြေအနေက ဘယ်လိုရှိပါသလဲ။ ဖြေ ။ ။ အခုကတော့ ဒီနှစ်ပဲလောကထဲမှာ လုပ်တဲ့သူ အားလုံးက အထိုက်အလျောက် ရှုံးနေတဲ့ အနေအထားဖြစ်တယ်။ အဲဒီတော့ အိန္ဒိယဝန်ကြီးချုပ် လာတဲ့အခါ ဝန်ကြီးချုပ်က အကောင်းဆုံးဘယ်လို ဆုံးဖြတ်မလဲ ကျနော်တို့ စောင့်ကြည့်နေ ပါတယ်။ လက်ရှိမှာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် သြဂုတ်လ ပထမတပတ်အထိ မြန်မာနိုင်ငံမှ ပဲမျိုးစုံ တန်ချိန် ၆ သိန်းနီးပါးခန့် တင်ပို့ ထားပါတယ်။ The post “မတ်ပဲနဲ့ ပဲစင်းငုံကို ဖိစိုက်နေသရွေ့ အိန္ဒိယကို မှီခိုနေရ appeared first on ဧရာဝတီ.
Source : http://ift.tt/2xhpCOQ
via IFTTT
No comments:
Post a Comment