Thursday, August 24, 2017


ဝန်ကြီးချုပ်ဟောင်း ယင့်လပ်အမှု မနက်ဖြန် စီရင်ချက်ချမည် ထိုင်းဝန်ကြီးချုပ်ဟောင်း ယင့်လပ် ရှင်နာဝပ်သည် စစ်အစိုးရက ၎င်းအပေါ် တရားစွဲဆိုထားသည့် ဆန်စပါး ဝယ်ယူမှုနှင့် ပတ်သက်၍ အဂတိလိုက်စားမှုများကို တားဆီးရန် ပျက်ကွက်သည်ဆိုသော စွပ်စွဲချက်ကို မနက်ဖြန်တွင် တရားရုံး၌ အပြစ်ရှိမရှိ စီရင်ချက် ချခြင်းခံရတော့မည်ဖြစ်သည်။ အပြစ်ရှိသည်ဟု တရားရုံးက ဆုံးဖြတ်ပါက အနည်းဆုံး ထောင်ဒဏ် ၁၀နှစ်နှင့် လျော်ကြေး ဘတ် ၃၅ ဘီလျံပေးဆောင် ရနိုင်သည်။ ထို့အတွက် သူမကို ထောက်ခံသူ ၃ထောင်ခန့်သည် တရားရုံးသို့ လာရောက်ကာ အားပေးကြမည်ဖြစ်ရာ အစိုးရက အဓိကရုဏ်းနှိမ်နင်းရေး ရဲအင်အား ၄၀၀၀ခန့်နှင့်အတူ ယာဉ် ၂၀ခန့်ကို တရားအတွင်း ချထားမည်ဟု ကြေညာခဲ့သည်။ စီရင်ချက် ချမည့်နေ့ ဘန်ကောက်လူထု၏ အစိုးရိမ်ဆုံးအရာက ဝန်ကြီးချုပ်ဟောင်း ယင့်လပ်ကို ထောက်ခံသူ များ၏ တုံ့ပြန်မှုထက် တရားရုံးချုပ်တည်ရှိနေရာတဝိုက်တွင် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားလာ မည်ကိုသာဖြစ် ကြောင်း ကောက်ခံရယူထားသည့် စစ်တမ်းများက ဆိုကြောင်း Bangkok Post သတင်းက ရေးသားသည်။ ယင်းစစ်တမ်းသည် လူပေါင်း ၁၁၆၇ ဦးတွင် ၅၅.၄ ရာခိုင်နှုန်း၏ အစိုးရိမ်ဆုံးမှာ ဝန်ကြီးချုပ်ဟောင်း ယင့်လပ် အား တရားရုံချုပ် က စီရင်ချက်ချခဲ့ပါ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်လာမည်ကိုဖြစ်ပြီး၊ ၃၇.၅ ရာခိုင်နှုန်းကသာ ယင့်လပ် ထောက်ခံသူ များ၏ တုံ့ပြန်မှုအတွက် စိုးရိမ်ကြောင်း ဖြေဆိုခဲ့သည်။ အာဏာပိုင်တို့ကလည်း ယင်းနေရာတွင် ယာဉ်ကြောပိတ်ဆို့နိုင်ကြောင်း သတိပေးထားပြီး၎င်းတို့ အနေဖြင့် ယာဉ်ကြောလွှဲပြောင်းမှုများ ပြုလုပ်ရန် စီစဉ်ထားပြီးဖြစ်သည်ဟု ဆိုသည်။ မနက်ဖြန် စီရင်ချက်ချမည့်နေတွင် ၂ဖက်လုံးကို မထောက်ခံသော ကြားလူများ၏ ရုတ်ရုတ်သဲသဲ လုပ်ခြင်းကို ကာကွယ်ရန်နှင့် ခရီးသွားလာမှုကို စစ်ဆေးရန် ဘန်ကောက်မြို့တော် ပြင်ပတွင် စစ်ဆေးရေးဂိတ်များ ထားရှိ မည်ဟုလည်း ကြေညာထားသည်။ ဝန်ကြီးချုပ်ဟောင်း ယင့်လပ်ကမူ ထောက်ခံ့သူများအနေဖြင့် စီရင်ချက်ချမှတ်မည့် နေရာသို့ မလာရောက်ပဲ မိမိတို့၏ နေအိမ်မှသာ အားပေးဖု့ိ ပြောဆိုကြောင်း Bangkok Post သတင်းကဆိုသည်။ ထိုင်းအာဏာသိမ်း စစ်အစိုးရက ဝန်ကြီးချုပ်ဟောင်း ယင့်လပ်၏ လယ်သမားများကို ထောက်ပံရန် နှင့် ကမ္ဘာ့ ဆန်ဈေးကွက် ထိန်းချုပ်ရန် စပါးများကို ပေါက်ဈေးထက် ၄၀မှ ၅၀ ရာခိုင်နှုန်းအထိ ဈေးပိုပေး၍ ဝယ်ယူသော အစိုးရဟောင်း၏ အစီအစဉ်တွင် တာဝန်ပျက်ကွက်မှု ရှိသည်ဆိုကာ တရားစွဲခဲ့ခြင်း ဖြစ်သည်။ ဝန်ကြီးချုပ်ဟောင်း ယင့်လပ်အနေဖြင့် ယင်းအစီအစဉ်တွင် မသမာမှုများကို မထိန်းသိမ်းနိုင်သည့်အတွက် ဘတ်ငွေ ဘီလျံ ၅၀၀ ခန့် ဆုံးရှုံးခဲ့သည်ဟု စွပ်စွဲထားသည်။ အကယ်၍သာ တရားရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ်ပါက ထိုင်းနိုင်ငံ၏ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ်သည် အပြစ်ပေးခံရမှုနှင့် ကြုံတွေ့ရတော့မည်၊ မကြာသေးမီကလည်း ၎င်း၏ ဘဏ်အကောင့်များ ပိတ်ပင်ခြင်းခံခဲ့ရသ သည်။ လတ်တလော ထိုင်းစစ်အစိုးရ၏ စောင့်ကြည့်ခံ စာရင်းတွင် ထိပ်တန်းပုဂ္ဂိုလ်ဖြစ်သော်လည်း သူသည် ဥယျာဉ် စိုက်ခြင်း၊ လူမှုကွန်ယက် အသုံးပြုခြင်းများကို တွေ့ရသည်။ သူသည် အောင်မြင်သော စီးပွားရေး လုပ်ငန်းရှင်၊ ပိုင်ဆိုင်မှုများ ထိန်းသိမ်းခံရသည့် ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်ပြီး လွန်ခဲ့သော ၃နှစ်က စကာ ဘဝအတက်အကျကြမ်းခဲ့သည်။ အာဏာသိမ်း စစ်အစိုးရ၏ ပြိုင်ဘက် အကိုဖြစ်သည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ နိုင်ငံရေးအမွေကို ဆက်ခံသူ ယင့်လပ်ကို စစ်အစိုးရက နိုင်ငံရေးလုပ်ခြင်း ပိတ်ပင်ခဲ့သလို ပြည်ပခရီးသွားလျှင်ပင် ခွင့်ပြုချက် ယူရသည်။ အဆိုးရွားဆုံးမှာ သူမကို စွဲထားသည့် အမှုများတွင် တရားဥပဒေအရ ခုခံပိုင်ခွင့် မရှိသည့် အမှုများ ပါဝင်ခြင်း ဖြစ်ပြီး၊ ထိုအမှုများသည် သူမ၏ အစိုးရ နှုတ်ထွက်ပေးရန် တောင်းဆိုသော ကြီးမားသည့် လမ်းပေါ်ထွက် ဆန္ဒပြ ခဲ့သည့် နေ့များက ဖြစ်ရပ်များနှင့် ဆက်စပ်နေကြောင်း The Nation သတင်းကဆိုသည်။ ထိပ်ဆုံးရောက်နေသည့် အမှုမှာ ဆန်စပါးဝယ်ယူရေးနှင့် ပတ်သက်သည့် အမှုဖြစ်သည်။ ထိုအမှုကို တရားရုံးချုပ် နိုင်ငံရေးရာထူးရှိသူများကို စစ်ဆေးသည့် ရာဇဝတ်မှုဌာနက စစ်ဆေးပြီး ၂၀၁၅ ခုနှစ်က စတင်ကာ ယင့်လပ်သည် ကြားနာစစ်ဆေးမှုကို အနည်းဆုံး ၂၆ကြိမ် မပျက်မကွက် တက်ရောက်ခဲ့သည်။ ထိုသို့သော စစ်အစိုးရ၏ ပြင်းထန်သော ဖိအားကြောင့် ဝန်ကြီးချုပ်ဟောင်း ယင့်လပ်သည် စိတ်ဖိစီးကာ ပြည်သူ သန်းပေါင်းများ၏ ရှေ့တွင် ၂ကြိမ်တိုင် မျက်ရည်ကျခဲ့သည်။ ပြီးခဲ့သည့် ဇွန်လက သူမ၏ အသက် ၅၀နှစ်ပြည့် မွေးနေ့တွင် ဘန်ကောက်မြို့ရှိ ဘုန်းကြီးကျောင်းတွင် ကုသိုလ် ကောင်းမှု ပြုလုပ်စဉ် တွေ့ဆုံမေးမြန်းမှုများ၌ နောင်နှစ် မွေးနေ့များကိုလည်း အလားတူ ကုသိုလ်ယူနိုင်ရန် ဆု တောင်းကြောင်း ပြောကာ မျက်ရည်ကျခဲ့သည်။ အာဏာသိမ်း စစ်ကောင်စီ၏ အမိန်အရ အထူးသဖြင့် နိုင်ငံရေးလုပ်ခွင့် ပိတ်ပင်မှုကို နာခံလျှင် လွတ်လပ်စွာ နေခွင့်ပေးသည်။ အာဏာသိမ်းပြီး ၂လအကြာ ယင့်လပ်သည် သားဖြစ်သူနှင့် အတူ ပြင်သစ်သို့ သွားခွင့်ရကာ အကိုဖြစ်သူ ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ မွေးနေ့သို့ တက်ခွင့်ရသော်လည်း ဥရောပပါလီမန်၏ ဖိတ်ကြားချက်ကိုမူ လက်ခံရယူခွင့်မရှိခဲ့ပေ။ နောက်ပိုင်းတွင် ပြည်တွင်းတွင်သာ ခရီးသွားခွင့်ရခဲ့သော်လည်း စစ်ထောက်လှမ်းရေးက တကောက်ကောက် လိုက်ပါမှုများ ရှိခဲ့သည်။ သူ့ကို ထောက်ခံသူများနှင့် လူမှုကွန်ယက်မှ ဆက်သွယ်ခွင့်ရပြီး၊ လွန်ခဲ့သောနှစ်က ဆန်ဈေးမှာ တကီလိုလျှင် ခေါက်ဆွဲတထုတ်ဈေးအောက် ကျသွားရာ ဝယ်သူမရှိဖြစ်နေသည့် ဆင်းရဲသား လယ်သမားများထံမှ ဆန်ကို ဝယ်ယူပြီး ဘန်ကောက်ရှိ ကုန်တိုက်တခုတွင် ရောင်းချပေးခဲ့ရာ သူရောင်းသော ဆန် ၁၀တန်သည် နာရီဝက် အတွင်း ကုန်သွားခဲ့သည်။ ဝန်ကြီးချုပ်ဟောင်း ယင့်လပ်အနေဖြင့် အခြားသောနိုင်ငံရေးသမားများကဲ့သို့ သဘောထားပြောင်းလျှင် သာမန် ဘဝကို ပြန်ရနိုင်သော်လည်း သူမ၏ ဘဝအတက်အကျမှာ ပြီးဆုံးနိုင်မည်မထင်သေးပေ။ သူမ ရင်ဆိုင်ရမည့် အကြီးဆုံးပြဿနာမှာ မနက်ဖြန်ရင်ဆိုင်ရမည့် ဆန်စပါးအမှုပင်ဖြစ်သည်။ The post ဝန်ကြီးချုပ်ဟောင်း ယင့်လပ်အမှု မနက်ဖြန် စီရင်ချက်ချမည် appeared first on ဧရာဝတီ.
Source : http://ift.tt/2wARzEa
via IFTTT

No comments:

Post a Comment