Wednesday, August 23, 2017


လုံ/နယ် ဝန်ကြီးဟောင်း ၇ ဦး လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဟောင်း ဗိုလ်မှူးကြီး ၇ ဦးသည် အမျိုးသားလွှတ်တော် တပ်မတော်သား ကိုယ်စား လှယ်များအဖြစ် တာဝန်ထမ်းဆောင်ရန် ယနေ့ကျင်းပသည့် လွှတ်တော်အစည်းအဝေးတွင် ကျမ်းကျိန်ခဲ့ရကြောင်း သိရှိ ရသည်။ လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာသူများမှာ ချင်းပြည်နယ် လုံ/နယ်ဝန်ကြီးဟောင်း ဗိုလ်မှူးကြီးကျော်ကျော်၊ ရှမ်းပြည် နယ် လုံ/နယ်ဝန်ကြီးဟောင်း ဗိုလ်မှူးကြီးစိုးမိုးအောင်၊ ကရင်ပြည်နယ် လုံ/နယ်ဝန်ကြီးဟောင်း ဗိုလ်မှူးကြီးအောင်လွင်၊ ရန်ကုန်တိုင်း လုံ/နယ်ဝန်ကြီးဟောင်း ဗိုလ်မှူးကြီး တင်အောင်ထွန်း၊ ရခိုင်ပြည်နယ် လုံ/နယ် ဝန်ကြီးဟောင်း ဗိုလ်မှူးကြီး ထိန်လင်း၊ မကွေးတိုင်း လုံ/နယ်ဝန်ကြီးဟောင်း ဗိုလ်မှူးကြီးနိုင်ဦးနှင့် မန္တလေးတိုင်း လုံ/နယ် ဝန်ကြီးဟောင်း ဗိုလ်မှူးကြီး မျိုးမင်းအောင်တို့ ဖြစ်ကြသည်။ ၎င်းတို့ ၇ ဦးသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ အစိုးရသစ် စတင်ဖွဲ့စည်းချိန်တွင် လုံခြုံရေးနှင့် နယ်စပ် ရေးရာ ဝန်ကြီးများအဖြစ် ခန့်အပ်ခံရပြီးနောက် တနှစ်ကျော်အကြာတွင် ကာကွယ်ရေးဦးစီးချုပ်က ၎င်းတို့ကို အနား ပေးကာ လွှတ်တော်တွင် အစားထိုးခဲ့ခြင်းဖြစ်သည်။ အမျိုးသားလွှတ်တော် တပ်မတော်သား ကိုယ်စားလှယ်တဦးက “အမှန်က တပ်မတော်မှာ ပြန်တာဝန်ပေးရမှာ ဖြစ် ပေမယ့် ဒီဘက်မှာ အစားထိုးလိုက်တာ၊ သာမန်ထက်စာရင် သူတို့က နိုင်ငံရေးဘက်မှာ တကယ် တာဝန်ထမ်းဆောင် ခဲ့သူတွေ ဖြစ်တဲ့အတွက် အတွေ့အကြုံတွေ အများကြီး ရှိထားသူတွေပါ ” ဟု ဧရာဝတီသို့ ပြောသည်။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် သက်ပြည့်ပင်စင်များ၊ ရာထူးတိုး ရွှေ့ပြောင်းမှုများ၊ ကျန်း မာရေးအရ နုတ်ထွက်ခွင့် တင်ပြမှုများ ရှိနေသည့် ၎င်းတို့နေရာတွင် ပြန်လည်အစားထိုးသည့် သဘောလည်းဖြစ် ကြောင်း ၎င်းကပြောသည်။ လုံ/နယ်ဝန်ကြီးဟောင်းများအား လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြန်လည်တာဝန် ထမ်းဆောင်စေခြင်းသည် တပ်မတော်အနေဖြင့် ၎င်းတို့၏ အတွေ့အကြုံများကို လွှတ်တော်တွင်း ဖလှယ်ကာ အသုံးချနိုင်ရန် ပြင်ဆင်လာခြင်း ဖြစ်သည်ဟု ထင်မြင်မိကြောင်း NLD ပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဘမျိုးသိန်းက သုံးသပ် ပြောကြားသည်။ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြောင်းလဲ တာဝန်ထမ်းဆောင်သူများတွင် လက်နက်ကိုင် တိုက်ပွဲ နှင့် အကြမ်းတိုက်ခိုက်မှုများ ရှိနေသည့် နယ်စပ်ဒေသများ၌ တာဝန်ထမ်းဆောင်ခဲ့သူများလည်း ပါဝင်နေသည်။ ရခိုင်အမျိုးသားပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က “အုပ်ချုပ်ရေး အတွေ့အကြုံ ရှိတဲ့သူ တွေ ဆိုတော့ တပ်က သုံးချင်မှာပေါ့၊ အနည်းဆုံး လွှတ်တော်မှာ အကြံပေးလို့ရတယ်၊ အရပ်ဘက်နဲ့ ဆက်ဆံရေး လည်း အတွေ့အကြုံရှိလာလို့ ပြန်ခန့်တာ ဖြစ်နိုင်ပါတယ်”ဟု ပြောသည်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက် အထွေထွေရွေးကောက်ပွဲ အပြီးတွင် ၎င်းတို့ ၇ ဦးအား ကာကွယ်ရေးဦးစီးချုပ်က တိုင်း ဒေသကြီး၊ ပြည်နယ်လွှတ်တော် တပ်မတော်သား ကိုယ်စားလှယ်များအဖြစ် အမည်တင်သွင်းကာ လုံ/နယ်ဝန်ကြီးများ အဖြစ် ခန့်အပ်ခြင်းခံရပြီး ၂၀၁၇ ခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင် ပြန်လည်အစားထိုးခဲ့ခြင်း ဖြစ်သည်။ လုံ/နယ် ဝန်ကြီးဟောင်း ၇ ဦးအား အမျိုးသားလွှတ်တော် တပ်မတော်သား ကိုယ်စားလှယ်များအဖြစ် အစားထိုး ပြောင်းလဲကြောင်းကို သြဂုတ် ၂၁ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ကြေညာခဲ့ပြီး ယင်းနေ့တွင် ပင် ပြည်သူ့လွှတ်တော်၌လည်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တဦး အစားထိုး ပြောင်းလဲကြောင်း ကြေညာခဲ့သည်။ The post လုံ/နယ် ဝန်ကြီးဟောင်း ၇ ဦး လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာ appeared first on ဧရာဝတီ.
Source : http://ift.tt/2xrzrch
via IFTTT

No comments:

Post a Comment