Monday, August 7, 2017


ပုဂံနှင့် အန်ကာ အကြား ခရီးသွားလုပ်ငန်းပူးပေါင်းဖို့ မြန်မာ-ကမ္ဘောဒီယား ဆွေးနွေး မြန်မာ့ ရှေးဟောင်းအမွေအနှစ် ပုဂံနှင့် ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိ ပြည်နယ်ရှိ အန်ကာရှေးဟောင်းမြို့ အကြား ခရီးသွားလာရေး လုပ်ငန်းတိုးမြှင့်ပူးပေါင်း ဆောင်ရွက်ဖို့ နှစ်နိုင်ငံအကြား ဆွေးနွေးနွေးနေ တယ်လို့ Nikkei Asian Review သတင်းကဆိုပါတယ်။ ပြီးခဲ့တဲ့ ဇွန်လအတွင်းက မြန်မာ- ကမ္ဘောဒီးယား ခရီးသွားလုပ်ငန်းအဖွဲ့တွေဟာ ပုဂံမှာတွေဆုံကာ အန်ကာနဲ့ ပုဂံ အကြား တိုက်ရိုက်လေကြောင်း ပျံသန်းမှု ပြုလုပ်ရေး နဲ့ ဗီဇာကိစ္စတွေကို ဆွေးနွေးခဲ့ ကြပြီး၊ ဒုတိယအကြိမ်ဆွေးနွေးပွဲကို ကမ္ဘောဒီးယားနိုင်ငံ ယခုနှစ်ကုန်ပိုင်းမှာ ပြလုပ်မယ်လို့ သိရကာ နှစ်နိုင်ငံ သဘောတူူညီချက်ကို လာမည့် ၂၀၁၈မှာ လက်မှတ်ရေးထိုးနိုင်တယ်လို့ ဆိုပါတယ်။ မြန်မာ့ရှေးဟောင်းမြို့ ပုဂံဟာ ၉ရာစုက စတင်ကာ ၁၃ရာစုအထိ နှစ်ပေါင်း ၄၀၀ကျော် ထွန်းကားခဲ့ သလို၊ ခမာယဉ်ကျေးမှုရဲ့ မြို့တော်ဖြစ်တဲ့ အန်ကာဟာလည်း ၉ရာစုကနေ ၁၅ရာစုအထိ ထွန်းကားခဲ့ ပါတယ်။ လက်ရှိမှာလည်း ပုဂံမှာ ရှေးဟောင်း စေတီပုထိုးကျောင်းကန်တွေ တွေ့နိုင်သေးသလို၊ အန်ကာမှာ လည်း အန်ကောဝပ် ဘုရားကျောင်းအပါအဝင် တခြားသော ဘုရားကျောင်းနဲ့ ယဉ်ကျေးမှု အမွေအနှစ် တွေကို တွေ့မြင်ရပါသေးတယ်။ နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း တာဝန်ရှိသူတွေဟာ ခမာမြို့ဟောင်း အန်ကာအနီးမှာရှိတဲ့ ဆီရမ်ရိလေဆိပ် ကနေ ပုဂံအနီးရှိ ညောင်ဦးလေဆိပ်ကို တိုက်ရိုက်လေယာဉ်ပျံသန်းဖို့ လုပ်ဆောင်နေတယ်လို့ မြန်မာ့ ခရီးသွားလုပ်ငန်း မြှင့်တင်ရေး ညွှန်ကြားရေးမှူး ဦးလှမြင့်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး Nikkei Asian Review ရေးသားပါတယ်။ လတ်တလောမှာတော့ ကမ္ဘာ့လှည်ခရီးသွား လာရောက်လည်ပတ်မှုမှာတော့ ရှေးဟောင်း အန်ကာမြို့ ကို ခရီးသွား တနှစ်ကို ၃သန်းခန့်လာရောက်ပြီး ပုဂံကတော့ လာရောက်လည်ပတ် ၃သိန်းခန့်ရှိတယ် လို့ သိရပါတယ်။ ဒါကြောင့် အန်ကာနဲ့ ပုဂံကို တိုက်ရိုက်လာရောက်လည်ပတ်နိုင်တဲ့ ခရီးစဉ်ရှိလာမယ်ဆိုရင် ပုဂံကို ကမ္ဘာလှည့်ခရီးသွား ပိုမိုလာနိုင်တယ်လို့ မြန်မာ့ခရီးသွားလုပ်ငန်းမှ ဦးလှမြင့်က သုံးသပ်ကြောင်း လည်း ရေးသားထားပါတယ်။ အန်ကာမြို့ဟောင်းက အန်ကောဝပ်ဘုရားကျောင်းဟာ ၂၀၁၇ခုနှစ်အတွက် ကမ္ဘာလှည့်ခရီးသွားများ အများဆုံး လာရောက်တဲ့ နေရာအဖြစ် လူသိများတဲ့ ခရီးသွားလုပ်ငန်းတခုဖြစ်တဲ့ Trip Advisor ရွေးချယ် ခဲ့ပါတယ်။ The post ပုဂံနှင့် အန်ကာ အကြား ခရီးသွားလုပ်ငန်းပူးပေါင်းဖို့ မြန်မာ-ကမ္ဘောဒီယား ဆွေးနွေး appeared first on ဧရာဝတီ.
Source : http://ift.tt/2wlK8Nx
via IFTTT

No comments:

Post a Comment