ကန်နှင့် တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှု နျူ စစ်ပွဲသို့ တွန်းပို့နေဟု မြောက်ကိုရီးယားဝေဖန် အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ယနေ့ ပူးတွဲပြုလုပ်မည့် စစ်ရေးလေ့ကျင့်မှု(Ulchi Freedom Guardian 2017)ဟာ ကိုရီးယားကျွန်း ဆွယ်မှာ နျူကလီးယား စစ်ပွဲဖြစ်ဖို့ တွန်းပို့နေ သလိုဖြစ်ပြီး၊ လောင်စာထပ်ဖြည့်နေတာလို့ မြောက်ကိုရီးယား အာဏာရ အလုပ်သမား ပါတီ၏ သတင်းစာကြီး Rodong Sinmun က မနေ့က ရေးသားလိုက်ပါတယ်။ ဒီ စစ်ရေးလေ့ကျင့်မှုဟာ ကိုရီးယားကျွန်းဆွယ်အရေးမှာ တင်းမာမှုပြေလျော့မယ့်အစား အခြေအနေ ပိုမိုဆိုးရွားလာစေမှာဖြစ်ပြီး၊ နျူကလီးယားစစ်ပွဲအတွင်းသို့ မဆင်မခြင် မောင်းသွင်း နေတာဖြစ် ကြောင်း ဖော်ပြထားပါတယ်။ ၁၀ရက်ကြာ ကျင်းပမယ့် စစ်ရေးလေ့ကျင့်မှုမှာ စစ်သား ၇၅၀၀၀ ပါဝင်မှာဖြစ်ပြီး၊ သြစတြေးလျ၊ ဗြိတိန်၊ ကနေဒါ ကိုလံဘီယာ၊ ဒိန်းမတ်၊ နယ်သာလန်နဲ့ နယူးဇီလန်ကပါ ပါဝင်မှာဖြစ်ကာ ကျုးကျော်မှုကို ဆန့်ကျင်တဲ့ စစ်ရေးလေ့ ကျင့်မှုဖြစ်တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်ပါတယ်။ မကြာသေးမီက မြောက်ကိုရီးယားရဲ့ ဒုံးပျံစမ်းသပ်ပစ်လွှတ်မှုအပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အရေးယူမှု အသစ် ချမှတ်ခဲ့သည့်အပြင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားအပေါ် ပြင်းပြင်းထန်ထန် တုံ့ပြန်မယ်လို့ ပြောဆိုမှုကြောင့် ပြုံယမ်းက အမေရိကန်ပိုင် ဂူအမ်ကျွန်းကို ဒုံးကျည်နဲ့ ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ပြီး၊ ယခုလလယ်မှာ စစ်ဆင်ရေး အစီအစဉ်ကို အပြီးသတ်ရေးဆွဲမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန်နဲ့ မြောက်ကိုရီးယားအကြား အပြန်အလှန် စကားလုံးစစ်ပွဲ(လေစစ်ပွဲ) ဆင်နွဲပြီးတဲ့နောက် မှာ မြောက်ကိုရီး ယားက ဂူအမ်ကျွန်းတိုက်ခိုက်မယ့် အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်တယ်လို့ ကြေညာခဲ့သလို၊ အမေရိကန်ကလည်း မြောက်ကိုရီးယားဟာ အမြော်အမြင်ရှိတယ်လို့ ချီးကျူးပြန်ပါတယ်။ The post ကန်နှင့် တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှု နျူ စစ်ပွဲသို့ တွန်းပို့နေဟု မြောက်ကိုရီးယားဝေဖန် appeared first on ဧရာဝတီ.
Source : http://ift.tt/2xhOipE
via IFTTT
No comments:
Post a Comment