Friday, August 18, 2017


တပ်မတော်တပ်ရင်းများ နောက်ဆုတ်ပေးရန် မွန်ပြည်သစ်ပါတီ တောင်းဆို ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ မွန်ပြည်သစ်ပါတီ(NMSP)၏ လှုပ်ရှားနယ်မြေအတွင်း မကြာသေးမီက ဝင် ရောက် အခြေစိုက်လာသော တပ်မတော်တပ်ရင်းများ နောက်ဆုတ်ပေးရန် မွန်ပြည်သစ်ပါတီက တပ်မတော်ထံ တောင်း ဆိုခဲ့ကြောင်း သိရသည်။ မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌ နိုင်ဟံသာ ဦးဆောင်သော အဖွဲ့နှင့် တပ်မတော်ဘက်မှ ကစထ ၄ မှူး ဒုဗိုလ်ချုပ်ကြီးမင်းနောင်၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်း၊ ကစထ ၁၉မှ ခေတ္တ ကစထမှူး ဗိုလ်မှူးကြီး စိုးထွန်းတို့ ၂၀၁၇ ခုနှစ်၊ သြဂုတ် ၁၆ ရက်နေ့တွင် တွေ့ဆုံပြီး တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ကျနော်တို့ အပစ်အခတ် ရပ်စဲရေးရပြီး ၉၅ ကနေ ၂၅ နှစ်ကျော်ကျော် ရှိလာပြီး ဒီအခြေအနေမှ သူတို့ ဒီလူအင်အားနဲ့ လာ တဲ့အခါ ကိုယ့်လုံခြုံဖို့အတွက် စိုးရိမ်ရတာပေါ့။ အဲဒီကြားထဲမှာ ကျနော်တို့ လက်နက်ကိုင်တပ်တွေမှ မဟုတ်ဘူး KNU တို့ ဝင်ထွက်သွားလာတာ ရှိတယ်လေ။ ကျနော်တို့ပဲရှိတဲ့ နေရာမဟုတ်ဘူးဆိုတော့ တခြား မှားယွင်း ပစ်ခတ်မှုဖြစ်လာမှာကို လည်း စိုးရိမ်တယ်။ တပ်မတော်ဘက်ကတော့ သူတို့ အရင်စမပစ်ဘူးလို့ ကတိပေးလာခဲ့တယ်”ဟု NMSP ၏ ဗဟို ကော်မ တီဝင် နိုင်အောင်မငေးက ဧရာဝတီကို ပြောသည်။ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ တောင်ပေါက်ခွင် အင်းဂွတွင် မွန်ပြည်သစ်ပါတီ(NMSP)၏ တပ်ရင်း ၁ စခန်း အနီး တပ်မတော်မှ တပ်ရင်း ၂၈၃ ၊ ၂၈၄ ၊ ၃၂နှင့် တပ်ရင်း ၂၈ တို့မှ အင်အား ၁၇၀ နီးပါးဖြင့် အခြေစိုက် လှုပ်ရှားနေ ကြောင်း ၎င်းက ပြောသည်။ အဆိုပါ တပ်ရင်းများသည် ၂၀၁၇ ခုနှစ်၊ သြဂုတ် ၇ ရက်က ကျင်းပခဲ့သော အကြိမ် ၇၀ မြောက် မွန်တော်လှန်ရေးနေ့ အခမ်းအနားကို မွန်ပြည်သစ်ပါတီအနေဖြင့် သေနတ်ပစ်ဖောက်ခြင်းနှင့် စစ်ရေးပြ အခမ်းအနားများကို ဌာနချုပ်မှ လွဲ၍ တခြားနေရာများတွင် မပြုလုပ်ရန် တပ်မတော်က တောင်းဆိုခဲ့ပြီး မွန်ပြည်သစ်ပါတီက လိုက်နာမှုမရှိရာမှ ယင်းသို့ စစ် အင်အားများ ဖြည့်တင်းလာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကရင်အမျိုးသား အစည်းအရုံး(KNU) ၊ မွန်ပြည်သစ်ပါတီ (NMSP)၊ တပ်မတော် စသဖြင့် လှုပ်ရှားမှုများ ရှိနေပြီး ၂၀၁၆ ခုနှစ်အတွင်းက ထိုဒေသ၌ NMSP နှင့် KNU တို့ နယ်မြေ အငြင်းပွားကာ ပစ်ခတ်မှုများ ဖြစ် ပွားခဲ့ကြသေးသည်။ အောက်ခြေ မြေပြင်အဆင့် စစ်ရေးတင်းမာမှုများ လျှော့ချနိုင်ရေးနှင့် NCA လက်မှတ်ထိုးနိုင်ရေးအတွက် NMSP သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အား တွေ့ဆုံနိုင်ရေး စာပေးပို့ တောင်းဆိုထားကြောင်း သိရသည်။ ထိုစာကို ယခုလ ၁၀ ရက်နေ့က ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့(DPN)တို့ တွေ့ဆုံဆွေးနွေးကြစဉ် PC အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးခင်ဇော်ဦးက တစ်ဆင့် စာပို့ တောင်းဆို ခဲ့ခြင်း ဖြစ်ကြောင်း NMSP မှ နိုင်အောင်မငေးက ပြောသည်။ ငြိမ်းချမ်းရေးကော်မရှင်မှ ဦးအောင်စိုးက “ ဦးခင်ဇော်ဦးက တပ်မတော်သား ကိုယ်စားလှယ်ဆိုတော့ တပ်ဘက်ကို တင်ပြပါတယ်။ ငြိမ်းချမ်းရေးကော်မရှင်မှာ သူက အတွင်းရေးမှူးဖြစ်တယ်။ တပ်ကိုယ်စားလှယ်ဖြစ်တော့ ဆွေးနွေးမှုတွေ ပြီးရင် တပ်ကို သူက တင်ပြပါတယ်။ ကျနော်က လွှတ်တော်ကဆိုတော့ လွှတ်တော်ကို တင်ပြပါတယ်”ဟု ဧရာဝတီကို ပြောသည်။ မွန်ပြည်သစ်ပါတီသည် ၁၉၉၅ ခုနှစ်က အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးခဲ့ပြီးနောက် သမ္မတဟောင်း ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၂ ခုနှစ်တွင် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားသည်။ ထို့ပြင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးနိုင်ရေးအတွက် KNPP၊ SSPP၊ LDU၊ ANC တို့ ပါဝင်သည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အနေဖြင့် ရပ်တည်ကာ အစိုးရနှင့် တွေ့ဆုံ ဆွေးနွေးလျက်ရှိသည်။ UNFC မှ တင်ပြထားသော အဆိုပြုချက် အချက် ၈ ချက်ကို အစိုးရဘက်မှ သဘောတူပါက NCA လက်မှတ် ထိုးသွား မည်ဟု ပြောဆိုထားရာ လက်ရှိတွင် ၁ မှ ၄ အထိ သဘောတူညီမှု ရထားပြီးဖြစ်၍ ကျန်အချက် ၅ မှ ၈ ကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလအတွင်း ဆွေးနွေးမည့် ၇ ကြိမ်မြောက် တွေ့ဆုံ ဆွေးနွေးပွဲတွင် သဘောတူညီချက် ရယူနိုင်မည်ဟု နှစ်ဖက် ကိုယ်စားလှယ်များက ယုံကြည်ထားကြသည်။ The post တပ်မတော်တပ်ရင်းများ နောက်ဆုတ်ပေးရန် မွန်ပြည်သစ်ပါတီ တောင်းဆို appeared first on ဧရာဝတီ.
Source : http://ift.tt/2wg2p20
via IFTTT

No comments:

Post a Comment