Wednesday, August 23, 2017


ငလျင်ဒဏ်ခံ ပုဂံသာသနိက အဆောက်အအုံများကို ၂၀၂၀ တွင် အပြီးပြုပြင်မည် မြန်မာနိုင်ငံ အလယ်ပိုင်း ပုဂံရှိ ငလျင်ဒဏ်ခံ သာသနိက အဆောက်အအုံများကို ၂၀၂၀ ခုနှစ်တွင်အပြီးပြုပြင်မည် ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန အရာရှိတဦး၏ အဆိုအရ သိရသည်။ နိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၏ အနောက်ဘက် ၁၅ မိုင်ခန့်အကွာကို ဗဟိုပြုပြီး ပြင်းအား ၆ ဒသမ ၈ ရှိ ထိုငလျင် လှုပ်ခတ်ခဲ့သည်မှာ သြဂုတ်လ ၂၄ ရက်နေ့တွင် တနှစ်ပြည့်မည် ဖြစ်သည်။ ငလျင် ဗဟိုချက်၏ မြောက်ဘက်ရှိ ပုဂံဒေသတွင် တည်ရှိသော သာသနိက အဆောက်အအုံ ၃၂၅၂ ခု အနက် ၃၈၉ ခုတို့သည် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရပြီး ပြုပြင်ရန် လိုအပ်သည်နေဟု ရှေးဟောင်းသုတေသသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၏ မှတ်တမ်းများ အရ သိရသည်။ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန လက်အောက်ရှိ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနသည် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ကုလသမဂ္ဂပညာရေး သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) ၊ မြန်မာနိုင်ငံ ဗိသုကာ ပညာရှင်များ အသင်း၊ မြန်မာနိုင်ငံ အင်ဂျင်နီယာများ အသင်းနှင့် မြန်မာနိုင်ငံ ငလျင်ကော်မတီစသည် အဖွဲ့အစည်းများမှ ပြည်တွင်းပြည်ပ ကျွမ်းကျင်သူအဖွဲ့တဖွဲ့တို့နှင့်ပူးပေါင်းပြီး ပျက်စီးသွားသော သာသနိက အဆောက်အအုံများကို ပြင်ဆင်နေသည်။ ပျက်စီးမှုနှင့် ယဉ်ကျေးမှုအမွေအနှစ် တန်ဖိုးတို့အပေါ် အခြေခံပြီး ထိခိုက်ပျက်စီးသွားသော သာသနိက အဆောက်အအုံများကို ဦးစားပေးအဆင့် ၃ ခု ခွဲခြားထားသည်။ အပျက်အစီး အနည်းငယ်သာ ရှိသော ဦးစားပေးအဆင့်နိမ့် သာသနိက အဆောက်အအုံ ၂၂၄ ခုကို ယခုနှစ် ဧပြီလတွင် ပြီးစီးခဲ့သည်ဟု ရှေးဟောင်းသုတေသနဌာန ပုဂံဌာနခွဲမှ ညွုန်ကြားရေးမှူး ဦးအောင်အောင်ကျော် က ပြောသည်။ ပျက်စီးသွားသော သာသနိက အဆောက်အအုံများ အရေးပေါ် ပြုပြင်ထိန်းသိမ်းခြင်းနှင့် အသေးစိတ် အကဲဖြတ်ခြင်းကို လွန်ခဲ့သောနှစ်က ပြုလုပ်ပြီးစီးခဲ့ကြောင်းနှင့် ၂၀၁၇ ခုနှစ် နှစ်ကုန်တွင် အခြား သာသနိက အဆောက်အအုံ ၅၀ ကို ပြုပြင်ရန် မျှော်မှန်းထားကြောင်းလည်း သူက ရှင်းပြသည်။ “ဒီ သာသနိက အဆောက်အအုံ ၅၀ ကို ပြုပြင်တာ နှစ်ကုန်တာနဲ့ ပြီးစီးမယ် လို့တော့ မပြောနိုင်သေးပါဘူး။ တချို့ သာသနိက အဆောက်အအုံတွေကို လိုအပ်ရင် ရှေ့နှစ်မှာ ဆက်လက် လုပ်ဆောင်ရလိမ့်မယ်” ဟု ဦးအောင်အောင်ကျော် က ဧရာဝတီသို့ ပြောသည်။ “ပြည်တွင်းပြည်ပ ပညာရှင်တွေရဲ့ အကြံပြုချက်အတိုင်း အလျင်စလို မလုပ်ဘဲ ကျနော်တို့ ပြင်ဆင်နေတယ်” ဟုလည်း သူက ရှင်းပြသည်။ ပျက်စီး သာသနိက အဆောက်အအုံများ ပြန်လည်ပြုပြင်ထိန်းသိမ်းရေး အတွက် စုစုပေါင်းအလှူငွေ ကျပ် ၅ ဒသမ ၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄ ဒသမ ၂ သန်းခန့်) နှင့် နိုင်ငံတကာ အလှူရှင်များထံမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ သန်း ရရှိခဲ့သည်သည် ဟု အဆိုပါ ဝန်ကြီးဌာန၏ စီမံရေးနှင့် ဘဏ္ဍာရေး ဌာနက ဧရာဝတီသို့ ယမန်နေ့တွင် ပြောသည်။ မြန်မာနိုင်ငံ ဗိသုကာများအသင်း ဒုဥက္ကဋ္ဌနှင့် ကျွမ်းကျင်ပညာရှင်များ အဖွဲ့ဝင် ဦးမော်လင်းက လတ်တလော ပြုပြင်ရန် လိုအပ်သော သာသနိက အဆောက်အအုံများ၊ ထပ်မံပျက်စီးမှု ရှိနိုင်သော သာသနိက အဆောက်အအုံများကို ၂၀၂၀ ခုနှစ်တွင် ပြီးစီးအောင် လုပ်ဆောင်နိုင်မည်ဟု ပြောသည်။ “သာသနိက အဆောက်အအုံကို ရေရှည်ထိန်းသိမ်းနိုင်ဖို့ ကျနော်တို့ အနုစိတ်၊ အသေးစိတ်တွေ အများကြီး လုပ်နေရတယ်” ဟု ဦးမော်လင်းက ပြောသည်။ သဘာဝဘေးအန္တရာယ်အပြင် သာသနိက အဆောက်အအုံကို ပျက်စီးယိုယွင်းစေနိုင်တဲ့ အခြား အကြောင်းတွေ အများကြီးရှိတယ် ဟုလည်း သူက ရှင်းပြသည်။ ရေရှည် တည်တံ့အောင် ထိန်းသိမ်းခြင်းသည် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေတခုလုံး တည်တံ့ရေး အတွက် လိုအပ် ကြောင်းလည်း သူက အလေးထားပြောသည်။ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေတွင် ဇုန်ခွဲခြား သတ်မှတ်ခြင်း စီမံချက် ရေးဆွဲ ပြီးစီးရန် အရေးကြီးကြောင်း နှင့် ပြန်လည် ပြုပြင်သည့် လုပ်ငန်းများတွင် ဒေသခံများ၊ ရှေးဟောင်း သာသနိက အဆောက်အအုံများနှင့် အခြေခံ အဆောက်အအုံ စီမံကိန်းများ အတွက် အုပ်ချုပ်မှု ဆိုင်ရာ နယ်နမိတ် သတ်မှတ်ဖို့ လိုကြောင်း ထောက်ပြသည်။ ပုဂံခေတ် နိုင်ငံတော်ကို ၉ ရာစုနှင့် ၁၃ ရာစုများ အတွင်း မြန်မာနိုင်ငံ အလယ်ပိုင်း မြေနိမ့်လွင်ပြင်ဒေသ အများစုကို စုစည်း အုပ်စိုး ထူထောင်ခဲ့ခြင်း ဖြစ်ပြီး၊ ပုဂံဒေသအား မြန်မာနိုင်ငံတွင် ကမ္ဘာလှည့်ခရီးသည် အများဆုံး လာရောက်သော ဒေသ အဖြစ် သတ်မှတ်ထားသည်။ ယခင် အစိုးရအဆက်ဆက်က စံချိန်မမီသော၊ မစစ်မှန်သော ပြုပြင်မှုများကြောင့် ထိုရှေးဟောင်းမြို့တော်သည် UNESCO ၏ ကမ္ဘာ့အမွေအနှစ် စာရင်း ဝင်နိုင်ခြင်း မရှိသေးဟု သိရသည်။ (ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် တင်ထက်ပိုင်၏ Myanmar to Repair Earthquake-Hit Bagan by 2020 ကို ဘာသာပြန်သည်။) The post ငလျင်ဒဏ်ခံ ပုဂံသာသနိက အဆောက်အအုံများကို ၂၀၂၀ တွင် အပြီးပြုပြင်မည် appeared first on ဧရာဝတီ.
Source : http://ift.tt/2vXYqps
via IFTTT

No comments:

Post a Comment