ပြိုင်ပွဲကျင်းပရေးကော်မတီသည် ကစားသမားများတည်းခိုရာ ဟိုတယ် နှင့် ပြိုင်ပွဲကျင်းပမည့်နေရာသို့ နံနက်ပိုင်းတစ်ကြိမ်သာ လိုက်ပါပို့ဆောင်ပေးပြီး ညနေပိုင်းမှသာ ဟိုတယ်သို့ ပြန်လည်ပို့ဆောင်ပေးကြောင်း သိရသည်။ ထို့ကြောင့် နံနက်ပိုင်းတွင် ပွဲကစားရန် မရှိသည့် ကစားသမားများမှာ နေ့လယ်ပိုင်း၌ ကိုယ်ပိုင်အစီအစဥ်ဖြင့် ပြိုင်ပွဲကျင်းပမည့် နေရာသို့သွားရောက်ရကြောင်း ဝူရှူးအားကစားမယ် အေးသစ္စာမြင့်က ပြောကြားသည်။ “သွားရေးလာရေးကတော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ သူတို့ဘက်က ကားကို တစ်နေ့နှစ်ကြိမ် နံနက်ပိုင်းနဲ့ ညနေပိုင်းပဲပေးတယ်။ ညီမဆိုရင် နံနက်ပိုင်း ပွဲမရှိလို့ နေ့လယ်ကျမှ ကိုယ့်ဘာသာကိုယ် တက္ကစီနဲ့သွားရတယ်” ဟု ၎င်းက Eleven Media Group သို့ ပြောကြားသည်။
Source : http://ift.tt/2vUnDkJ
via IFTTT
No comments:
Post a Comment