Friday, August 4, 2017


မန္တလေးဆေးရုံကြီးတွင် H1N1 လူနာတဦး ဆေးကုသမှု ခံယူနေ မန္တလေး အထွေထွေ ဆေးရုံကြီးသို့ ရာသီတုပ်ကွေး( H1N1) သံသယရှိ လူနာ ၆ ဦး ရောက်ရှိခဲ့ပြီး ၎င်းတို့အနက် ရောဂါပိုးတွေ့ရှိသူ တဦး ဆေးကုသမှုခံယူနေကြောင်း ယင်းဆေးရုံကြီးမှ သိရသည်။ အဆိုပါ လူနာသည် ဇူလိုင်လ ၃၀ ရက် ညနေတွင် ရမည်းသင်းမြို့နယ်မှ လာရောက်သည့် အမျိုးသမီး ဖြစ်ပြီး ၎င်းတွင် ရာသီတုပ်ကွေး ရောဂါပိုး တွေ့ရှိရသဖြင့် သီးသန့် ဆေးကုသမှုများ ပြုလုပ်ပေးလျက် ရှိသည်ဟု ဆိုသည်။ မန္တလေး အထွေထွေရောဂါကု ဆေးရုံ၏ ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်တင်တင်မိုး က “လူနာတဦးပဲ ဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်။ သူ့ရဲ့ အခြေအနေကလည်း သက်သာလာပါပြီ” ဟု ပြောသည်။ ဇူလိုင်လ ၃၀ ရက် ညနေပိုင်းက မန္တလေးဆေးရုံကြီးသို့ ရမည်းသင်းမြို့နယ်မှ လူနာတဦး၊ ပုသိမ်ကြီးမြို့နယ် အုန်းချော ကျေးရွာ(ရွှေစာရံ)မှ လူနာတဦး H1N1 သံသယရှိလူနာအဖြစ် ရောက်ရှိခဲ့ရာ ၎င်းတို့အား Rapid Influenza Test ဖြင့် စမ်းသပ်ခဲ့ရာမှ နှစ်ဦးလုံးတွင် “Negative” အဖြေ ထွက်ခဲ့သော်လည်း အသက်ရှူလမ်းကြောင်းမှ အရည်အား ရယူပြီး ရန်ကုန်အမျိုးသားဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခဲ့ရာ ၎င်းတို့နှစ်ဦးစလုံးမှာ H1N1 positive ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆေးစစ်ထားသည့် ၃ ရက်အတွင်းမှာပင် ပုသိမ်ကြီးမြို့နယ်မှ လူနာအမျိုးသမီးမှာ ကျန်းမာရေး ပြန်လည် ကောင်းမွန်လာသဖြင့် ဆေးရုံမှ ဆင်းသွားပြီဖြစ်သည်။ မြန်မာတနိုင်ငံလုံးတွင် ဇူလိုင်လ ၂၁ ရက်နေ့မှ သြဂုတ်လ ၃ ရက်နေ့အထိ လတ်တလော ပြင်းထန် အသက်ရှူ လမ်းကြောင်း ပိုးဝင်ရောဂါဖြင့် ဆေးရုံတက်ရောက်ကုသသူ စုစုပေါင်းလူနာ ၃၀၅ ဦး၊ H1N1 ပိုးတွေ့လူနာ စုစုပေါင်း ၁၁၀ ဦး နှင့် သေဆုံးသူ ၁၄ ဦး အထိ ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မှ စာရင်းများအရ သိရသည်။ The post မန္တလေးဆေးရုံကြီးတွင် H1N1 လူနာတဦး ဆေးကုသမှု ခံယူနေ appeared first on ဧရာဝတီ.
Source : http://ift.tt/2voSCWO
via IFTTT

No comments:

Post a Comment