Wednesday, August 23, 2017


MiG 35s တိုက်လေယာဉ်များ ဝယ်ယူဖို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် စိတ်ဝင်စားနေ မြန်မာနဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် အပြင် တောင်အမေရိကတိုက်မှ ပီရူးနိုင်ငံတို့ဟာ ရုရှားလုပ် MiG-35s တိုက်လေယာဉ်များ ဝယ်ယူဖို့ စိတ်ဝင်စားနေကြောင်း ရုရှား တပ်စ် သတင်းဌာနက ပြောဆိုလိုက် ပါ တယ်။ မကြာမီ မော်စကိုမြို့တော် အပြင်ဘက်မှာ ပြုလုပ်မယ့် Army -2017 နိုင်ငံတကာ လက်နက်ပြပွဲမှာ အဲဒီနိုင်ငံတွေက ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်မယ်လို့ မစ်(MiG) တိုက် လေယာဉ် ထုတ်လုပ်ရေး ကော်ပိုရေးရှင်းမှ CEO အီလျာ တာရာဆန်ကို ကပြောပါတယ်။ “MiG-35 လေယာဉ်တွေ ရောင်းချရေးနဲ့ ပတ်လို့ ကျနော်တို့ ဆွေးနွေးဖို့ အစီအစဉ်ရှိတယ်၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ပီရူးဆိုတာက ကျနော်တို့ရဲ့ ပုံမှန်ဒေသတွေပါပဲ” လို့ CEO အီလျာ တာရာဆန်ကို က ဆိုပါတယ်။ MiG – 35 ဟာ မီကိုယန်းရဲ့ စတုထ္တမျိုးဆက်ဖြစ်ပြီး ဘက်စုံသုံး တိုက်လေယာဉ်ဖြစ်သလို၊ MiG-29 K/KUB နဲ့ MiG-29M/M2 တိုု့ အပေါ် အခြေခံပြီး တည်ဆောက်ထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆က စမ်းသပ်ပျံသန်းမှုပြုလုပ်ခဲ့ပြီဖြစ်သလို၊ ဇန်နဝါရီ ၂၇ မှာပဲ နိုင်ငံတကာကို ချပြခဲ့ ပြီးဖြစ်ပါတယ်။ The post MiG 35s တိုက်လေယာဉ်များ ဝယ်ယူဖို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် စိတ်ဝင်စားနေ appeared first on ဧရာဝတီ.
Source : http://ift.tt/2vdP7Po
via IFTTT

No comments:

Post a Comment