Wednesday, August 2, 2017

လတ်တလောပြင်းထန်အသက်ရှူလမ်းကြောင်းပိုးဝင်ရောဂါဖြင့် ဆေးရုံ တက်ရောက်ကုသသူ လူနာ (၂၈၄)ဦးတွင် Seasonal Influenza A (H1N1) pdm09 positive လူနာ(၉၉)ဦးရှိပြီး ယနေ့တွင် အသက် (၃၅) နှစ်အရွယ် အမျိုးသမီး (၁) ဦးထပ်မံသေဆုံး

နေပြည်တော် ဩဂုတ် ၂

ဇူလိုင် ၂၁ ရက်မှယနေ့ မွန်းလွဲ (၂)နာရီအထိ တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ရရှိသော ရောဂါဖြစ်ပွားမှု အချက်အလက်များအရ လတ်တလောပြင်းထန်အသက်ရှူလမ်းကြောင်း ပိုးဝင် ရောဂါဖြင့် ဆေးရုံ တက်ရောက်ကုသသူစုစုပေါင်းလူနာ (၂၈၄) ဦးရှိခဲ့ပြီး ၎င်းတို့အနက် Seasonal Influenza A (H1N1) pdm09 positive လူနာစုစုပေါင်း (၉၉) ဦးရှိကြောင်း၊ ယနေ့တွင် အသက် (၃၅) နှစ်အရွယ်အမျိုးသမီး (၁) ဦးထပ်မံသေဆုံးသဖြင့် ယနေ့အထိသေဆုံးသူ (၁၃) ဦးရှိပြီး လတ်တလောပြင်းထန် အသက်ရှူ လမ်းကြောင်း ပိုးဝင်ရောဂါဖြင့် ဆေးရုံတက်ရောက်သူများတွင် သေဆုံးမှုနှုန်းမှာ (၄ ဒသမ ၅) ရာခိုင် နှုန်းဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနထုတ်ပြန်ချက်အရသိရသည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် လတ်တလောဖြစ်ပွားနေသော ရာသီ တုပ်ကွေး ရောဂါ Seasonal Influenza A(H1N1) pdm09 ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ဦးစားပေး လုပ်ငန်းတစ်ရပ်အဖြစ် ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၁ ရက် မွန်းလွဲ ၂ နာရီမှ ယနေ့ မွန်းလွဲ ၂ နာရီအထိ သံသယလူနာ (၃၉) ဦးအားထပ်မံဓာတ်ခွဲစမ်းသပ်စစ်ဆေးခဲ့ရာ Seasonal Influenza A(H1N1) pdm09 အတည်ပြုလူနာ (၂၃)ဦးတွေ့ရှိရကြောင်း၊ ဆေးရုံတက် ရောက်သော လူနာစာရင်းအရ အထူးကုဆေးရုံကြီး (ဝေဘာဂီ) တွင်လူနာ (၁၉) ဦး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် (၄)ဦးစုစုပေါင်းလူနာ (၂၃) ဦးတက်ရောက်ဆေးကုသမှု ခံယူလျက်ရှိ ကြောင်း။ ယနေ့အထိ လူနာများနှင့် တိုက်ရိုက် ထိတွေ့ရသော ကျန်းမာရေးဝန်ထမ်းများတွင် ရောဂါ ကူးစက်ခံရခြင်းမရှိကြောင်း။ ယနေ့နံနက် ၈ နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ဦးဆောင်၍ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးအား နေပြည်တော်၌ ကျင်းပရာ အစည်းအဝေးတွင် ရောဂါပိုးတွေ့ရှိလူနာ များအား သတ်မှတ်ဆေးရုံကြီးများတွင် ထားရှိကုသနိုင်ရေးနှင့် အထူးသဖြင့် ဝေဘာဂီဆေးရုံကြီး တွင်လူနာများအား အထူးကြပ်မတ်ပြုစုကု သပေးနိုင်ရေး၊ဝေဘာဂီဆေးရုံကြီးအတွက် လိုအပ်သည့် အထူးကု ဆရာဝန်များ၊ သူနာပြုများ၊ ဆေးနှင့်ဆေးပစ္စည်းများ ဖြည့်တင်းပေးနိုင်ရေး၊ လူနာလွှဲပြောင်းမှုအသေးစိတ် အစီအစဉ်များနှင့် လျင်မြန်ချောမွေ့စွာ ပို့ဆောင်နိုင်ရေး၊ရောဂါပိုးတွေ့လူနာများအား Tamiflu ဆေးဖြင့် ကုသမည့် သတ်မှတ်ချက်များ၊ ရောဂါပိုးတွေ့ရှိလူနာများနှင့် တိုက်ရိုက်ထိတွေ့ရသော ကျန်းမာရေးဝန်ထမ်း များအတွက် ကာကွယ်ဆေးများထိုးနှံရေး၊ အဖွဲ့အစည်းများမှ လှူဒါန်းသည့်ဆေးနှင့်ဆေးပစ္စည်းများအား စနစ်တကျ အသုံးပြုကုသနိုင်ရေး၊ တိုင်းဒေသကြီး/ ပြည်နယ်များမှရရှိသော သတင်းအချက် အလက်များ၊ နေ့စဉ်သတင်းထုတ်ပြန်ချက်များနှင့် ဆေးရုံတက်လူနာများ၏ ရောဂါနှင့်ပတ်သက် သောအချက်အလက်များ တိကျသေချာမှုရှိရေး၊ ရောဂါဖြစ်ပွားမှုများနှင့် ပတ်သက်၍ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်မည့် အရေးပေါ်တုံ့ပြန်ဆောင် ရွက်ရေးအဖွဲ့ (RRT) ဖွဲ့စည်းဆောင်ရွက်မည့် အစီအစဉ်များ နှင့်ပတ်သက်၍ အသေးစိတ်ဆွေးနွေးခဲ့ကြကြောင်း။ ဂျပန်နိုင်ငံသို့ ပေးပို့စစ်ဆေးထားသော အဖြေများအရ ရာသီတုပ်ကွေးရောဂါပိုး Seasonal Influenza A (H1N1) pdm09 သည် ပုံမှန်အသုံးပြုနေကျ Antiviralဆေးဖြင့် ကုသပါက Sensitivity (၉၅) ရာခိုင်နှုန်းမှ (၉၈) ရာခိုင်နှုန်းအထိရှိကြောင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး Training Center တွင် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်၍ ရန်ကုန်မြို့ပေါ်ရှိ ဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီးများ၊ တာဝန်ခံသမား တော်ကြီးများပါဝင်သော ရာသီတုပ်ကွေး ရောဂါ ကုသရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အသေး စိတ်ညှိနှိုင်းပြီး ဆေးရုံတက်ရောက် ကုသမှုခံယူနေသော လူနာများအား အထူးကြပ်မတ် ကုသပေး လျက်ရှိကြောင်း။ ရာသီတုပ်ကွေးဆန်သောလက္ခဏာများ၊ ပြင်းထန်ရာသီတုပ်ကွေးရောဂါလက္ခဏာများ ဖြစ်ပွားသည်ဟု ထင်မှတ်ပါကနီးစပ်ရာကျန်းမာရေးဌာနများသို့ ချက်ချင်းသတင်းပေးပို့ ဆေးကုသမှု ခံယူပါက အသက်အန္တရာယ်ဆုံးရှုံးရမှုများမှ ထိရောက်စွာကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ ရောဂါဖြစ်ပွားမှုအခြေအနေ၊ ရောဂါကာကွယ်တားဆီးရေးနည်းလမ်းများနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ၊ Myanmar CDC facebook စာမျက်နှာနှင့် နေ့စဉ်ထုတ်သတင်းစာများအပြင် ပြည်သူလူထုအတွင်း ကျယ်ပြန့်စွာသိရှိနိုင်ရေး အတွက် အချိန်နှင့်တပြေးညီ ဆက်လက်သတင်းထုတ်ပြန် သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ (သတင်းစဉ်)
Source : http://ift.tt/2u0u8z8
via IFTTT

No comments:

Post a Comment