Monday, August 21, 2017


ရခိုင် အရေးကို နိုင်ငံရေး အမြတ်မထုတ်ရန် NLD အမတ်ပြော ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက်မှု တိုက်ဖျက်ရေး ဆောင်ရွက်ရာတွင် ပါတီနှင့် အဖွဲ့အစည်းများ အနေဖြင့် နိုင်ငံရေး အကျိုးအမြတ်ကို မရှေးရှုဘဲ အားလုံးပူးပေါင်း ဆောင်ရွက်ရန် လိုကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်းက ပြောသည်။ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် ၃ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်၏ မောင်တော ဒေသ အကြမ်းဖက်မှုများကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနှင့် အရေးယူရန်၊ နေရပ်စွန့်ခွာ တိမ်းရှောင်ရသည့် တိုင်းရင်း သား များအား အရေတယူဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်း အဆို ယနေ့ လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးရာ၌ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၅ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်း က ထည့်သွင်း ပြောကြားခြင်း ဖြစ်သည်။ ဦးတင်အောင်ထွန်းက “နိုင်ငံရေး အဂတိတရားတွေနဲ့ ကိုယ့်ကိုမဲပေးနိုင်ဖို့ ဝိုက်ကတ်တွေ တရားဝင် ထုတ်ပေးလို့ အခုချိန်ထိလည်း ကိုယ်ကျိုးရှာသူ အများအပြားရှိနေလို့ ဆိုတာတွေကြောင့် ဘာသာရေးနဲ့ပတ်သက်ပြီး ထိလွယ် ရှလွယ် ဖြစ်နေတဲ့ ရခိုင်အရေးပြဿနာက ထင်သလောက်တော့ မလွယ်ကူပါဘူး”ဟုလည်း ပြောသည်။ ရခိုင်အရေးပြဿနာသည် အစိုးရအဆက်ဆက်က ဖြေရှင်းရန် အားမစိုက်ခဲ့ခြင်း၊ အကျင့်ပျက်ခြစားမှု များပြားခြင်းတို့ ကြောင့် ပိုမိုဆိုးဝါးခဲ့ခြင်းဖြစ်ပြီး ဖြေရှင်းရန် ကြိုးပမ်းနေသည့် အစိုးရအဖွဲ့အပေါ် တိုက်တွန်းသည့် အဆိုသည်လည်း တင်သင့် မတင်သင့်ကို စဉ်းစားရန် လိုအပ်ကြောင်း မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ် ၁ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဝင်းက အဆိုကို သုံးသပ် ပြောကြားသည်။ ဦးခင်မောင်လတ်၏ အဆိုနှင့်ပတ်သက်၍ ကိုယ်စားလှယ် ၂၄ ဦးက ဆွေးနွေးကြမည်ဖြစ်ပြီး ယနေ့အထိ ကိုယ်စားလှယ် ၁၅ ဦး ဆွေးနွေးပြီး ဖြစ်သည်။ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် မြို့နယ်များအတွင်း အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် ဒေသခံတိုင်းရင်းသားများနှင့် အစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်သည့် မွတ်စလင်များ သေဆုံးမှု များမှာ ပိုမိုများပြား လာလျက်ရှိပြီး သြဂုတ်လ ၉ ရက်နေ့အထိ သေဆုံးသူ ၅၉ ဦးနှင့် ပျောက်ဆုံးသူ ၃၃ ဦး ရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ရုံးက ထုတ်ပြန်ထားသည်။ အကြမ်းဖက်မှုများနှင့် ပတ်သက်၍ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ရန် ရခိုင်တိုင်းရင်းသား များမှ ဆန္ဒ ထုတ်ဖော် တောင်းဆိုမှုများကို ပြုလုပ်ခဲ့သော်လည်း ယနေ့အထိ ဖမ်းဆီးထားသူများအပေါ် အကြမ်းဖက်မှု ဥပဒေ ဖြင့် အရေးယူမှုမရှိသေးကြောင်း သိရသည်။ ရခိုင်ပြည်နယ် မဲဆန္ဒနယ် ၈ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်းက “နယ်စပ်ဒေသနဲ့ ကိုက်ညီ မယ့် ဥပဒေ အုပ်ချုပ်မှု ပုံစံသစ်တခု ပြဌာန်းဖို့ လိုအပ်ပါတယ်။ နယ်စပ်ခြံစည်းရိုး ကာရံပြီး ကျေးရွာများ လုံခြုံရေး အတွက် လမ်းများ ဖောက်လုပ်ဖို့ လိုပါတယ်”ဟု လွှတ်တော်တွင် ပြောကြားသည်။ မောင်တောဒေသတွင် အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်မှုကိုလည်း သက်တမ်း နှစ်လ ထပ်မံတိုးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များမှ နယ်မြေရှင်းလင်း ဆောင်ရွက်ရာတွင် လိုအပ်သည့် ဒေသများတွင်လည်း ပုဒ်မ ၁၄၄ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက သြဂုတ် ၁၁ ရက်တွင် ထုတ်ပြန်ထားသည်။ လတ်တလောတွင် မောင်တောဒေသ လုံခြုံရေးအတွက် တပ်မတော်စစ်ကြောင်းများ တိုးမြှင့်ချထားလျက် ရှိပြီး အကြမ်းဖက် သမားများ ဖမ်းဆီးရမိရေး နယ်မြေရှင်းလင်း ဆောင်ရွက်လျက် ရှိသည်။ The post ရခိုင် အရေးကို နိုင်ငံရေး အမြတ်မထုတ်ရန် NLD အမတ်ပြော appeared first on ဧရာဝတီ.
Source : http://ift.tt/2vRxI1H
via IFTTT

No comments:

Post a Comment