Thursday, August 3, 2017

The Voice

အလိုအလျောက် မီတာဖတ်စနစ် ဒေါပုံတွင် စစမ်းသပ် ရန်ကုန်၊ ဩဂုတ် ၂ ရန်ကုန် တိုင်းဒေသကြီးတွင် ပထမဦးဆုံး အလိုအလျောက် မီတာဖတ်စနစ် (Automatic Meter Reading –AMR) ကို ဒေါပုံမြို့နယ်တွင် ဩဂုတ်လ ၁ ရက်တွင် စတင် စမ်းသပ် အသုံးပြုမည် ဖြစ်ကြောင်း Myanmar machinery Manufacturing Co.,Ltd. ထံမှ သိရသည်။ အဆိုပါ အလိုအလျောက် မီတာဖတ်စနစ် အသုံးပြုသူများ အနေနှင့် ကိုယ်ပိုင်လက်ကိုင်ဖုန်းဖြင့် သုံးစွဲယူနစ်၊ ကျသင့်ငွေတို့ကို ကြည့်ရှုနိုင်မည်ဖြစ်ပြီး လျှပ်စစ်နှင့်ပတ်သက်၍ အန္တရာယ် တစ်စုံတစ်ရာ ကြုံတွေ့လာပါက မြို့နယ်ကွန်ပျူတာ ဗဟို ထိန်းချုပ်ခန်းမှ လျှပ်စစ်ဓာတ်အားကို ချက်ချင်း ပိတ်ချသွားနိုင်ရန် ဆောင်ရွက်ထားကြောင်း Myanmar machinery Manufacturing Co.,Ltd မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ “AMR စနစ် ပြောင်းလိုက်ရင် မီတာဖတ်စာရေး ထားစရာ မလိုတော့ဘူး။ တစ်ယူနစ်သုံးရင် တစ်ယူနစ်စာပဲ ဆောင်ရမယ်။ မီတာဘီလ် မဝေခင်စပ်ကြား သုံးစွဲသူက ဒီလမီတာခ ဘယ်လောက်ရှိလဲ ဖုန်းထဲမှာ ကြည့်လို့ရတယ်။ လက်ရှိ ဒီဝန်ဆောင်မှုကို သုံးမယ့်သူတွေအတွက် ဝန်ဆောင်မှု အခမဲ့နဲ့ ဆောင်ရွက်ပေးမယ်”ဟု ၎င်းကဆိုသည်။ Advanced Metering Infrastructure (AMI) စနစ်ဖြင့် ချိတ်ဆက်နိုင်သည့် လက်ရှိ တပ်ဆင် အသုံးပြုနေသည့် Ever OMR မီတာများကို AMR စနစ်နှင့် Billing Software တို့ ပေါင်းစပ်၍ Central Control Center မှ ထိန်းချုပ်ကြီးကြပ်ပြီး ဓာတ်အားသုံးစွဲသူမှလည်း မိမိတို့ဖုန်းဖြင့် ဓာတ်အားခငွေများကို ကြည့်ရှုနိုင်မည်ဖြစ်သည်။ “အလိုအလျောက် မီတာဖတ်စနစ် (Automatic Meter Reading –AMR)နဲ့ ပတ်သက်လို့ ဒေါပုံမြို့နယ်ကို ကုမ္ပဏီက လာရောက် တပ်ဆင်ပေးတာပါ။ အခုလက်ရှိ Pilot Project အဖြစ် စတင်ဆောင်ရွက်တာပါ။ နောက်ပိုင်း အောင်မြင်ရင် ကျန်တဲ့မြို့နယ်တွေပါ ဆက်တပ်သွားဖို့ရှိတယ်”ဟု ဒေါပုံမြို့နယ် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ အလိုအလျောက် မီတာဖတ်စနစ် (Automatic Meter Reading –AMR) ကို ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း လက်အောက်ရှိ ဒေါပုံမြို့နယ်တွင် Pilot Project အဖြစ် စတင် ဆောင်ရွက်ခြင်းဖြစ်သည်။
Source : https://goo.gl/7EAN3e
via IFTTT

No comments:

Post a Comment