အဆိုတော် အစ္စဏီ အမှုရုံးချိန်းကို တရားလို ခရီးလွန်နေခြင်းကြောင့် ရွှေ့ဆိုင်းထား အဓမ္မပြုကျင့်မှု အပါအဝင် အမှု ၃ ခုနဲ့ တရားစွဲဆိုခံထားရတဲ့ အဆိုတော် အစ္စဏီ(ခေါ်) ဟန်ထွန်းဇော်ရဲ့ယနေ့ မေလ ၂၃ ရက်နေ့ ဒုတိယမြောက် ရုံးချိန်မှာ တရားလိုဖြစ်သူ မဇာခြည်ဌေး (ခေါ်) စူးရှထက်က ခရီးလွန်နေတဲ့အတွက် ရောက်မလာ နိုင်ခဲ့ပါဘူး။ ဒါကြောင့် ဒီနေ့မှာ တရားခွင် မစစ်ဆေးခဲ့ရဘဲ ဇွန်လ ၁ ရက်နေ့မှာ စစ်ဆေးရန် ပြန်လည်ချိန်းဆိုခဲ့တယ်လို့ အဆိုတော် အစ္စဏီရဲ့ အကျိုးဆောင် ရှေ့နေဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးအုန်းသောင်းက ဧရာဝတီကို ပြောပါတယ်။ “မဇာခြည်ဌေးက ခရီးလွန်တယ်လို့ တရားရုံးကပို့တဲ့ သမ္မာန်စာကို ရဲကသွားစစ်တဲ့အခါမှာ ရဲရဲ့ အစီရင်ခံစာ အရ သိရတယ်။ အမှန်တကယ်တော့ ဒီနေ့ စစစ်ဖို့ပါ။ သူတို့ဘက်ကလည်း စစ်ဖို့ ပြင်ဆင်ထားပြီးသား၊ သူ (တရားလို) ခရီးလွန်လို့ မစစ်ခဲ့ရဘူး။ တရားရုံးက ဇွန်လ ၁ရက်နေ့ကို ပြန်ချိန်းပေးခဲ့တယ်။ အဲဒီနေ့တော့ စစစ်ပါမယ်” လို့ တရားလွှတ်တော်ရှေ့နေ ဦးအုန်းသောင်းက ဧရာဝတီကို ပြောပါတယ်။ အမှုဖွင့်ထားခံရမှုအခြေအနေနဲ့ ပတ်သက်ပြီး တရားလွှတ်တော်ရှေ့နေ ဦးအုန်းသောင်းက “ပထမဦးဆုံး ရာဇသတ်ကြီးပုဒ်မ ၃၇၆၊ ၃၂၃ ၊ ၃၂၅ နဲ့ရဲက အမှုဖွင့်ထားတယ်။ တကယ်တမ်းကျနော်တို့ ရုံးကိုတင်တဲ့အခါကျတော့ ဒဏ်ရာရတဲ့ ဆေးစာတွေ အရ ပုဒ်မ ၃၇၆ ၊ ၃၂၃ ၊ ၃၂၄ ရယ်ဒါနဲ့ပဲ စွဲတာ။ တရားခံဘက်ကနေ ကျနော်တို့ ထုချေရမှာလည်း အဲဒီပုဒ်မ ၃ ခုကို ထုချေ ရမှာပေါ့”လို့ ပြောပါတယ်။ အဆိုပါ တရားရုံးချိန်းကိုတော့ ယနေ့ မေလ ၂၃ရက်နေ့ မနက်ပိုင်းက တာမွေမြို့နယ်တရားရုံးမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဇွန်လ ၁ ရက်နေ့၊ ပြန်လည်ချိန်းဆိုထားသော ရုံးချိန်းမှာတော့ ဥပဒေအရာရှိက စစ်ဆေးမေးမြန်းမှာဖြစ်ပြီး အပြန်အလှန် မေးမြန်းမှုများလည်း ရှိသွားမှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုတော် အစ္စဏီကို ဧပြီလ ၁၂ရက်နေ့ မနက်ပိုင်းက ရည်းစာဟောင်းဖြစ်သူ အသက်၂၇ နှစ်အရွယ်၊ မော်ဒယ် စူးရှထက်အား အဓမ္မပြုကျင့်ကာ အပြင်းအထန်ဒဏ်ရာ ရရှိစေခြင်းတို့ကြောင့် တာမွေမြို့မရဲစခန်းတွင် မုဒိမ်းမှု ၊ မိမိ အလိုအလျောက် နာကျင်စေမှု ၊ ဘေးဖြစ်စေသော လက်နက်ဖြင့် နာကျင်စေမှုတို့နဲ့ အမှုဖွင့်တိုင်ကြားထားတာ ဖြစ်ပါတယ်။ ဆက်စပ်ဖတ်ရှုရန်– အဆိုတော်အစ္စဏီ ကျူးလွန်ခဲ့တဲ့ အမှုနဲ့ ပတ်သက်ပြီး ပရိသတ်ကို အရမ်း ရှင်းပြချင်နေတယ်လို့ အစ်ကိုဖြစ်သူပြော The post အဆိုတော် အစ္စဏီ အမှုရုံးချိန်းကို တရားလို ခရီးလွန်နေခြင်းကြောင့် ရွှေ့ဆိုင်းထား appeared first on ဧရာဝတီ.
Source : https://ift.tt/2IKEcUs
via IFTTT
No comments:
Post a Comment