Wednesday, May 23, 2018


သံဓာတ်ချို့တဲ့နေကြောင်း သိနိုင်တဲ့ ကျန်းမာရေး လက္ခဏာများ သံဓာတ်ချို့တဲ့ခြင်းဟာ အမျိုးသမီးတွေမှာ အဖြစ်များလေ့ရှိတဲ့ ကျန်းမာရေး ပြဿနာတရပ် ဖြစ်ပြီး အမျိုးသမီး ၁၀ ဦးမှာ ၆ ဦးခန့်ဟာ သံဓာတ်ချို့တဲ့ ဝေဒနာကို ခံစားနေရပါတယ်။ ဆေးပညာရှင်တွေရဲ့ လေ့လာချက်တွေအရ နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုများတဲ့ အမျိုးသမီးတွေဟာ သံဓာတ်ကို ပိုမို လိုအပ်ပြီး ဒီလိုလက္ခဏာတွေ သင့်မှာ ဖြစ်ပေါ်နေပြီဆိုရင်တော့ ဒါဟာ သံဓာတ်ချို့တဲ့တဲ့ ကျန်းမာရေး လက္ခဏာတွေပဲ ဖြစ်ပါတယ်။ (၁) သံဓာတ်ချို့တဲ့တဲ့ အမျိုးသမီး အများစုဟာ မောပန်းလွယ်တတ်ကြပါတယ်။ သံဓာတ်ချို့တဲ့ တဲ့အခါ ခန္ဓာကိုယ် တစ်ရှူး တွေဆီကို အောက်ဆီဂျင် ရောက်ရှိမှု နည်းပါးတာကြောင့် အလွန်အမင်း မောပန်းနွမ်းနယ် လွယ်လာတာ ဖြစ်ပါတယ်။ အသက်ပြင်းပြင်း ရှူနေပေမယ့် အသက်ရှူ မဝဘဲ မွန်းကြပ်လာခြင်းဟာလည်း သံဓာတ်ချို့တဲ့တဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။ (၂) အိပ်စက်ချိန် အလုံအလောက် ရှိပေမယ့် မျက်ကွင်းအမြဲညိုခြင်း၊ နှုတ်ခမ်းသားတွေဟာ ပုံမှန်ထက် အရောင်ဖျော့ နေခြင်းနဲ့ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်နေခြင်းတို့ဟာ သံဓာတ်ချို့တဲ့တဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။ (၃) လျှာနဲ့ နှုတ်ခမ်း အတွင်းသားတွေမှာ မကြာခဏ အနာဖြစ်ပေါ်ခြင်းဟာ ခန္ဓာကိုယ်က သံဓာတ်စုပ်ယူမှု အားနည်း ခြင်းကြောင့် ဖြစ်ပေါ်တဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။ (၄) ဆံပင်တွေ မပျက်စီးအောင် ထောက်ပံ့ပေးနိုင်တဲ့ သံဓာတ် အလုံအလောက် မရှိတဲ့အခါ ပုံမှန်ထက် ဆံပင်ကျွတ်ခြင်းနဲ့ ဆံပင်ပါးခြင်းတွေကို ခံစားရလေ့ရှိပါတယ်။ (၅) သံဓာတ်အားနည်းတဲ့အခါ ကြွက်သားတွေဟာ လျော့တိလျော့ရဲ ဖြစ်လာပြီး ခန္ဓာကိုယ်ကို အောက်ဆီဂျင် ထောက်ပံ့ပေးနိုင်မှု လျော့နည်းလာခြင်းကြောင့် မကြာခဏ ကြွက်တက်ခြင်းကို ခံစားရလေ့ရှိပါတယ်။ လူတဦးရဲ့ နေ့စဉ်သံဓာတ် လိုအပ်မှု ပမာဏဟာ ၃.၅ ဂရမ်ဖြစ်ပြီး နေ့စဉ် စားသောက်နေတဲ့ အစားအစာတွေထဲမှာ သံဓာတ်အလုံအလောက်ပါဝင်ဖို့ လိုအပ်ပါတယ်။ သံဓာတ်ကို ပြန်လည်ဖြည့်တင်း ပေးနိုင်တဲ့ အစားအစာတွေကတော့ အသားအမျိုးမျိုး၊ နို့နဲ့နို့ထွက်ပစ္စည်းများ၊ အစိမ်းရောင်ရှိတဲ့ အသီးအနှံတွေပဲ ဖြစ်ပါတယ်။ Ref : brightside.me The post သံဓာတ်ချို့တဲ့နေကြောင်း သိနိုင်တဲ့ ကျန်းမာရေး လက္ခဏာများ appeared first on ဧရာဝတီ.
Source : https://ift.tt/2IH3z9A
via IFTTT

No comments:

Post a Comment