Friday, May 25, 2018


“အချစ်ရေးနဲ့ ပတ်သတ်ပြီး ကံမကောင်းဘူး” ဆိုတဲ့ အဆိုတော် ပိုးမီ Myanmar Idol Season 2 သီချင်းဆို ပြိုင်ပွဲကနေစပြီး ဂီတလောကထဲကို ရောက်ရှိလာခဲ့သူ အဆိုတော်ပိုးမီက အချစ်ရေးနဲ့ ပတ်သတ်ရင် ကံမကောင်းတဲ့သူ တဦးလို့ ဧရာဝတီကို ဆိုပါတယ်။ ပိုးမီက အချစ်နဲ့ ပတ်သတ်တဲ့ ခံစားချက်များကိုလည်း သူရဲ့ Facebook အကောင့်မှာ မကြာဏဆိုသလို ရေးသားလေ့ ရှိပါတယ်။ ဒါကြောင့် ပိုးမီရဲ့ လက်ရှိအချစ်ရေးခံစားချက်များနဲ့ ပတ်သတ်ပြီး ဧရာဝတီက ဆက်သွယ်မေးမြန်းတဲ့အခါမှာ ပိုးမီက အခုလို ဆိုပါတယ်။ “အချစ်ရေးနဲ့ ပတ်သတ်ရင် ဘာမှပြောစရာ မရှိသေးပါဘူး။ တယောက်ထဲပါပဲ။ ကျမ အရင်တုန်းကတော့ ဘယ်အရွယ်မှာ အိမ်ထောင်ပြုမယ် ဆိုပြီး သတ်မှတ်ထားတာပေါ့။ အရင်တုန်းကတော့ စဉ်းစားထားခဲ့ဖူးတာ ရှိတယ်။ ကျမက အချစ်ရေးနဲ့ ပတ်သတ်ရင် ကံမကောင်းဘူး။ အခုက အသက် ၂၉နှစ်လည်း ကျော်ပြီဆိုတော့ အိမ်ထောင်ပြုဖို့ သိပ်လည်း မမှန်း တော့ဘူးပေါ့”လို့ အဆိုတော် ပိုးမီက ပြောပါတယ်။ လက်ရှိမှာတော့ အချစ်ရေးက အေးဆေးဖြစ်နေတယ်လို့ သူက ဆိုပြီး သူ့ကို Myanmar Idol ပြိုင်ပွဲဝင် အဆိုရှင် အမျိုးသား တယောက်နဲ့ ပရိသတ်တွေက ဝေဖန်ပြောဆိုနေကြတာနဲ့ ပတ်သတ်ပြီးတော့ အခုလိုဆိုပါတယ်။ “သူငယ်ချင်း အဆိုရှင်နဲ့ ဝေဖန်ကြတယ်။ ဝေဖန်တဲ့အပေါ် မဟုတ်ပါဘူးလို့ ကျမအဲ့တာကိုလည်း ပြန်ရှင်းတယ်။ ဘာမှ မဟုတ်ပါဘူး၊ မောင်နှမတွေပါဆိုပြီး ပြောထားတယ်။ အဲ့တာကို တချို့ပရိသတ်တွေကလည်း ဟုတ်လိုက်ပါ ဆိုပြီး ပြောကြတယ်။ ကျမတို့က တကယ်ကို မောင်နှမလို သံဃောဇဉ်က အဖြူထည်စစ်ပါ၊ ဘာအရောင်မှ မဆိုးပါဘူး”လို့ ပြောထားပါတယ်။ ဆက်လက်ပြီး ပိုးမီက “အခုချိန်မှာ အေးအေးဆေးဆေး နေရတာကို ပိုကြိုက်လာတယ်။ အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ပဲ နေချင်တော့တယ်။ ယောကျာ်းတယောက်ကို အားကိုးပြီးအိမ်ထောင်ပြုရမှာကို ကျမဘဝမှာ မလိုအပ်တော့ဘူးလို့ ထင်တယ်။ လိုလည်း မလိုချင်တော့ဘူး။ ကျမက ကိုယ်ခြေထောက်ပေါ်ကိုယ် ရပ်လာတဲ့အခါ သူများကို အားမကိုးချင်တော့ဘူး။ ပူညံပူညံ ပူလောင်ရတာတွေ သိပ်မကြိုက်တော့ဘူး” လို့ ဆိုပါတယ်။ အဆိုတော် ပိုးမီက Myanmar Idol Season 2 မှာ တတိယဆု ရရှိခဲ့ပြီး သီချင်းဆိုပြိုင်ပွဲကြီး ပြီးသွားတဲ့နောက်မှာလည်း ပရိသတ်အားပေးမှု ရရှိထားသူတဦးပါ။ အဆိုတော်ပိုးမိရဲ့ “ နောက်ထပ် တစ်ယောက် မရှိ”ဆိုတဲ့ ပထမဆုံး တကိုယ်တော် တေးစီးရီးကိုလည်း မကြာသေးခင် မတ်လအတွင်းက ထွက်ရှိထားပါတယ်။ The post “အချစ်ရေးနဲ့ ပတ်သတ်ပြီး ကံမကောင်းဘူး” ဆိုတဲ့ အဆိုတော် ပိုးမီ appeared first on ဧရာဝတီ.
Source : https://ift.tt/2GLqMpj
via IFTTT

No comments:

Post a Comment