နံနံပင်ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ နံနံပင်ရဲ့ အနံ့ကို လူတချို့က မကြိုက်ကြပါဘူး။ နံနံပင်ကို ကြိုက်တဲ့သူတွေကလည်း မုန့်ဟင်းခါး စားတဲ့အခါ နံနံပင်လေးနဲ့ စားလိုက်ရမှ ကျေနပ်ကြတာပါ။ အသုပ်ဆိုရင်လည်း အပေါ်ကနေ နံနံပင်လေး ဖြူးစားလိုက်ရမှ ကြိုက်ကြတာမျိုးပါ။ တကယ်တော့ နံနံပင်ကို အနံ့ပြင်းလို့ နှာခေါင်းရှုံ့ကြပေမယ့် ကျန်းမာရေး အကျိုးကျေးဇူးများစွာ ရှိတာကြောင့် နံနံပင်ရဲ့ အကျိုးကျေးဇူးတွေကို ဝေမျှ ပေးချင်ပါတယ်။ နေ့စဉ်လိုအပ်တဲ့ အမျှင်ဓာတ်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်နဲ့ မဂ္ဂနိစ်ဓာတ်တွေ နံနံပင်မှာ အံ့သြသင့်လောက်အောင် ပါဝင် နေပါတယ်။ ဒါ့အပြင့် ဗီတာမင် စီ ၊ ဗီတာမင် ကေ နဲ့ ပရိုတိန်းဓာတ်တွေ အသင့်အတင့် ပါဝင်နေသလို ကယ်ဆီယမ်၊ ဖော့စ်ဖောရပ်စ်၊ ပိုတက်စီယမ်၊ သီယာမင်း၊ နီအာစင်းနဲ့ ကာရိုတိန်းဓာတ်တွေလည်း အနည်းငယ်ပါဝင်နေပါတယ်။ ဒါကြောင့် အာဟာရဓာတ်များတဲ့အရွက်အဖြစ် သတ်မှတ်ခံထားရတာ မဆန်းပါဘူး။ နံနံပင်မှာပါဝင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီးရှိတဲ့ အထဲက အသုံးဝင်မယ့် အချက်တွေကို ထပ်မံ ဝေမျှ ပေးချင်ပါတယ်။ နံနံပင်က မကောင်းတဲ့ ကိုလက်စထရော (LDL) ကို ချေဖျက်ပြီး ကောင်းတဲ့ ကိုလက်စထရော (HDL) ကို တိုးပွားစေ ပါတယ်။ ဒါ့အပြင် အစာခြေအားကောင်းအောင် အကောင်းဆုံး ပံ့ပိုးပေးနိုင်သလို အသည်း လုပ်ဆောင်ချက် တွေကိုပါ ထောက်ပံ့ပေးပါတယ်။ နံနံပင်က ဆီးချိုသမားတွေ လက်စွဲထားသင့်တဲ့ အရွက်ပါ။ ကိုယ်တွင်း အင်ဆူလင်ဓာတ် ထွက်အောင် လှုံ့ဆော်ပေးပြီး သွေးတွင်းသကြားဓာတ်ကို လျော့ချပေးပါတယ်။ နံနံပင်မှာ ပါဝင်တဲ့ ဗီတာမင် ကေ က အယ်လ်ဇိုင်းမားရောဂါ မဖြစ်အာင် ကာကွယ်ပေးပါတယ်။ ဗီတာမင် အေ ကတော့ အဆုတ်ကင်ဆာ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အဆစ်အမြစ်ရောင်ရမ်းခြင်းကို ကာကွယ်ပေးနိုင်စွမ်းရှိလို့ ဂေါက်ရောက်ဂါလို အဆစ်အမြစ်ကိုက်ခဲ ရောင်ရမ်းခြင်းမှ ကာကွယ်ပေးပါတယ်။ နံနံပင်က မျက်စိအတွက်လည်း အထူးကောင်းမွန်စေတဲ့ အရွက်ပါ။ နံနံပင်မှာပါတဲ့ Antioxidants တွေက မျက်စိနဲ့ ပတ်သက်တဲ့ ရောဂါတွေမဖြစ်အောင် အထူးသဖြင့် မျက်ခွံအတွင်းသား ရောင်ရမ်းနာ တမျိုးဖြစ်တဲ့ မျက်စိနာခြင်းကို သက်သာစေပါတယ်။ နံနံပင်မှာ အမျိုးသမီးတွေ အထူးလိုအပ်တဲ့ သံဓာတ်တွေ ကြွယ်ဝစွာပါဝင်လို့ သွေးအားနည်းခြင်းရောဂါ မဖြစ်နိုင်ပါဘူး။ ဒါ့အပြင့် အာရုံကြောစနစ်ကို ထောက်ပံ့ပေးလို့ မှတ်ဉာဏ်တိုးပွားစေပါတယ်။ Ref: India Times The post နံနံပင်ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ appeared first on ဧရာဝတီ.
Source : https://ift.tt/2s1Ts8T
via IFTTT
No comments:
Post a Comment