Tuesday, June 5, 2018

7Day News Journal

ထောင်မကျကျအောင် တမင်လုပ်နေကြောင်း ရိုက်တာသတင်းထောက်နှစ်ဦးပြော အမှုကိုကြန့်ကြာစေရန် အချိန်ဆွဲနေပြီး မိမိတို့ကို ထောင် မကျကျအောင် တမင်လုပ်ဆောင် နေသည်ဟု ရိုက်တာသတင်း ထောက်နှစ်ဦးက ယမန်နေ့ ရုံး ထုတ်တွင် မေးခွန်းထုတ်ခဲ့သည်။ ‘‘ဘာဖြစ်လို့ ကျွန်တော်တို့အ မှုကို ရိုးရိုးသားသား တရားရုံးမှာ လာပြီးတော့ ထွက်ဆိုတာ မဟုတ် ဘဲနဲ့ ကျွန်တော်တို့ကို ထောင်မ ကျကျအောင် လုပ်နေတာလဲလို့ ကျွန်တော်မေးချင်ပါတယ်။ လိမ် ညာပြီး ထွက်နေတယ်လို့ ခံစားရ ပါတယ်’’ ဟု ကိုဝလုံးကတရားခွင် မှအထွက်တွင် သတင်းထောက် များအား ပြောသည်။ ယင်းအမှုတွင် လက်ရှိစစ် ဆေးခံနေရသည့် တရားလိုပြ သက်သေ နေပြည်တော်ရဲမှုခင်း တပ်ဖွဲ့ နည်းပညာမှုခင်းဌာန (CID) မှ ရဲမှူးအောင်ကျော်ဆန်း သည် နှစ်ဖက်ရှေ့နေများ၏ မေး ခွန်းများကို ရိုးရိုးသားသား ထွက် ဆိုခြင်းမရှိကြောင်း ရိုက်တာသ တင်းထောက်ကိုဝလုံးက ပြော သည်။ တရားလိုပြသက်သေ ရဲမှူး အောင်ကျော်ဆန်းကို စစ်ဆေးနေ သည်မှာ ရုံးချိန်းငါးကြိမ်ရှိပြီဖြစ် ပြီး ဇွန်လ ၅ ရက် ချိန်းဆိုထားသည့် ရုံးချိန်းတွင်လည်း ၎င်းအားဆက် လက် စစ်ဆေးမည်ဖြစ်သည်။ ရုံးချိန်းအတွင်း စစ်ဆေးရာ ၌ ရဲမှူးအောင်ကျော်ဆန်းသည် တိုက်ရိုက်ဖြေဆိုခြင်းမရှိဘဲ ဝေ့ဝိုက်ကာ ဖြေဆိုကြောင်း သတင်းထောက်နှစ်ဦး၏ ရှေ့နေများက ပြောသည်။ ‘‘မေးခွန်းတစ်ခုရဖို့အတွက် ကို လေးခါလောက်မေးနေရသလို ဖြစ်နေတယ်’’ ဟု သတင်းထောက် နှစ်ဦး၏ ရှေ့နေဦးသန်းဇော် အောင်က ပြောသည်။ ယင်းသို့ အချိန်ကြန့်ကြာ နေခြင်းသည် မကြာသင့်ဘဲကြာ နေခြင်းဖြစ်ကြောင်း ၎င်းက ဆို သည်။ နည်းပညာကျွမ်းကျင်သူဟု ဆိုသည့် ရဲမှူးအောင်ကျော်ဆန်း သည် ဇွန်လ ၄ ရက် ရုံးချိန်း၌ ကိုဝလုံး၏ ဖုန်းကို လျှို့ဝှက်ကုတ် (Passward) ရိုက်နှိပ်ပြီး ဖွင့်ရာ တွင် လေးကြိမ်ခန့်ဖွင့်ခဲ့ရပြီး နာရီ ဝက်ခန့် အချိန်ယူခဲ့ရသည်။ ၎င်းသည် ယင်းဖုန်းများကို မေလ ၂၂ ရက် ရုံးချိန်းတွင်ဖွင့်၍ အသုံးပြုခဲ့သေးသည်။ ယင်းရုံးချိန်းတွင်မူ အခြား တစ်ယောက်၏ အကူအညီရယူ ကာ ဖွင့်ခဲ့သည်။ ယင်းအပေါ် ရိုက်တာသ တင်းထောက်ကိုကျော်စိုးဦးက ‘‘အကြောင်းပြချက်မဟုတ်တဲ့ အ ကြောင်းပြချက်မျိုးစုံနဲ့ ကျွန်တော် တို့ကို မကြာကြာအောင် လုပ်နေ တယ်’’ ဟု ပြောသည်။ တရားရုံး၌ စစ်ဆေးရာတွင် ရှေ့နေများ မေးမြန်းသည်ကို ဖြေ ဆိုရသဖြင့် အချိန်ကြန့်ကြာခြင်း ဖြစ်ကြောင်း ရဲမှူးအောင်ကျော် ဆန်းက တုံ့ပြန်သည်။ အဆိုပါအမှုတွင် တရားလို ဘက်က မည်သည့်အထောက်အ ထားမျှ မပြနိုင်ကြောင်း၊ မတရား မှုများကို ခွန်အားရှိသမျှ ရင်ဆိုင် မည်ဖြစ်ကြောင်း ကိုဝလုံးက ပြော သည်။ သတင်းထောက်နှစ်ဦး၏ ဖုန်းထဲတွင် တွေ့ရှိသည့် စာရွက် စာတမ်း ၂၁ ခုကို သက်သေခံအ ဖြစ် ရုံးတော်သို့တင်သွင်းထား သည်။ ယင်းစာရွက်စာတမ်းများ သည် ဒေသခံဖွံ့ဖြိုးရေး စီမံကိန်း များ၊ NVC ကတ်ထုတ်ပေးသည့် လုပ်ငန်းစဉ်များ၊ အစိုးရက ထုတ်ပြန်သည့် စီမံကိန်းများနှင့် ပတ်သက်သော အချက်အလက်များသာဖြစ်ပြီး ထိုကဲ့သို့ အချက်အလက်များကို လျှို့ဝှက်ပုံစံမျိုးဖြင့် ရုံးတော်သို့ တင်ခြင်းဖြစ်ကြောင်း ကိုဝလုံးက ပြောသည်။
Source : https://ift.tt/2HjKAAv
via IFTTT

No comments:

Post a Comment