Friday, June 1, 2018


AI Beauty 2.0 နည်းပညာနဲ့ အသစ် ထွက်လာတဲ့ OPPO F7 နဲ့ F7 Youth OPPO စမတ်ဖုန်း ကုမ္ပဏီမှ စမတ်ဖုန်းသစ်များ ဖြစ်တဲ့ OPPO F7 နဲ့ F7 Youth စမတ်ဖုန်းတို့ကို မြန်မာပြည် ဈေးကွက်မှာ မေလ ၃၀ ရက်နေ့က တရားဝင် မိတ်ဆက်ပေးလိုက်ပါတယ်။ အသစ် မိတ်ဆက်လိုက်တဲ့ F Series ထုတ်ကုန်သစ်များမှာ ယခင် F Series များနဲ့ မတူဘဲ ဒီဇိုင်းပိုင်းမှာ ထူးခြားပြောင်းလဲသွားပြီး အထူးသဖြင့် ဖုန်းရဲ့ နောက်ကျောဘက်ကို ဖန်သား မျက်နှာပြင်ကဲ့သို့ ဖန်တီး ပေးထားတာ တွေ့ရပါတယ်။ ကင်မရာ အပိုင်းကို ပြောရရင်တော့ OPPO က “Selfie” ကို အသားပေး ထုတ်လုပ်ထားပြီး OPPO F7 မှာ 25 Megapixel အရည်အသွေးရှိတဲ့ Selfie ကင်မရာနဲ့ အဆင့်မြင့် AI Beauty 2.0 နည်းပညာကိုပါ ထည့်သွင်းပေးထားပြီး Sony ရဲ့ 576 sensor အမျိုးအစားကိုပါ Selfie ကင်မရာအတွက် အသုံးပြုတပ်ဆင်ပေးထားတာ တွေ့ရပါတယ်။ ဒါကြောင့်မို့လို့ ဓာတ်ပုံများ ရိုက်ကူးတဲ့အခါ သမားရိုးကျ software HDR ထက် ပိုမိုကောင်းမွန်တဲ့ Sensor HDR အဖြစ် လုပ်ဆောင် ပေးနိုင်တယ်လို့ သိရပါတယ်။ Original ကင်မရာဖြစ်တဲ့ နောက် ကင်မရာအတွက်လည်း 16 Megapixel အရည်အသွေးရှိ ကင်မရာကို အသုံးပြုထားပြီး ကင်မရာတလုံးတည်းနဲ့ Portrait အလှ ဓာတ်ပုံများကို ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် F7 မှာ ပါဝင်တဲ့ AI Beauty 2.0 နည်းပညာက ဖုန်းအသုံးပြုသူများရဲ့ မျက်နှာပေါ်က Facial Recognition အမှတ်ပေါင်း ၁၉၆ ခု အထိ ဖတ်ယူနိုင်ပြီး ဖုန်းအသုံးပြုသူရဲ့ အသက်၊ ကျား၊ မ သာမက အသားအရောင်၊ အသားအရေ အမျိုးအစားများအထိ အသေးစိတ် ခွဲခြား ပေးနိုင်တယ်လို့ သိရပါတယ်။ အသစ် မိတ်ဆက်လိုက်တဲ့ OPPO F7 နဲ့ F7 Youth စမတ်ဖုန်း (ဓာတ်ပုံ – သီဟတိုး/ဧရာဝတီ) ဘက်ထရီပိုင်းအနေနဲ့ကတော့ AI Battery Management စနစ်များ ထပ်တိုး ပါဝင်လာခဲ့သလို အရွယ်အစား ကြီးမားသည့် 3400 mAh ဘက်ထရီကို အသုံးပြုထားတာ တွေ့ရပါတယ်။ ဘက်ထရီကို ပုံမှန်အတိုင်း အသုံးပြုပါက ၁၅ နာရီနီးပါး အထိ ကြာရှည်ခံတယ်လို့လည်း OPPO Myanmar ရဲ့ Product Manager ကိုသန်းအောင်က ပြောပါတယ်။ မျက်နှာပြင် အရွယ်အစား ၆.၂၃ လက်မနဲ့ FullHD+ Super Full Screen ကို အသုံးပြုထားပြီး ဂိမ်းများကစားရမှာ လိုအပ်တဲ့ မျက်နှာပြင် ကျယ်ပြန့်မှုကို ရရှိစေရန် ၁၉း၉ အချိုးကို အသုံးပြုထားတဲ့ စမတ်ဖုန်းလို့ သိရပါတယ်။ Processor အပိုင်းကတော့ စွမ်းဆောင်ရည် ကောင်းမွန်းပြီး 12nm တည်ဆောက်မှုကို အခြေခံဖန်တီးထားတဲ့ Octa-core 2.0 GHz မြန်နှုန်းရှိ CPU နဲ့ အတူ RAM 4GB တို့ကို ထည့်သွင်းပေးထားတာ တွေ့ရပါတယ်။ Storage အနေနဲ့ Internal memory အဖြစ် 64GB တပါတည်းပါဝင်ပြီး SD card မှတဆင့် 256GB အထိ ထပ်တိုး အသုံးပြုနိုင်တယ်လို့ သိရပါတယ်။ 4G SIM ကတ် ၂ ကတ် တပြိုင်တည်း အသုံးပြုနိုင်မယ့် Triple slot tray အမျိုးအစား သုံးထားတာ တွေ့ရပါတယ်။ Software ပိုင်းအနေနဲ့ Android Version 8.1 အသုံးပြုထားပြီး OPPO ရဲ့ အသစ်စက်စက် ColorOS 5.0 ကိုလည်း အသုံးပြုထားတာ တွေ့ရပါတယ်။ OPPO F7 စမတ်ဖုန်းများကို အရောင်အနေနဲ့ Solar Red, Moonlight Silver နဲ့ Diamond Black ဆိုပြီး အရောင် ၃ မျိုး ရရှိနိုင်မှာဖြစ်ပြီး ဈေးနှုန်း မြန်မာငွေ ကျပ် ၃၈၉,ဝဝဝ နဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။ အသစ် မိတ်ဆက်လိုက်တဲ့ OPPO F7 နဲ့ F7 Youth စမတ်ဖုန်း (ဓာတ်ပုံ – သီဟတိုး/ဧရာဝတီ) OPPO F7 Youth စမတ်ဖုန်းကတော့ မျက်နှာပြင်အရွယ်အစား ၆ လက်မနဲ့ FullHD+ ဖြစ်ပြီး သူ့မှာလည်း OPPO F7 လိုမျိုး အဆင့်မြင့် AI နည်းပညာများ ပါဝင်တာ တွေ့ရပါတယ်။ မျက်နှာပြင် Full Screen နဲ့အတူ AI Beauty 2.0 နည်းပညာ ပါဝင်ပါတယ်။ ကင်မရာ အရည်အသွေး အနေနဲ့ F7 Youth မှာ 13 Megapixel အရည်အသွေးရှိ ကင်မရာပါဝင်ပြီး Portrait ပုံများ ရိုက်ကူး နိုင်သလို အရှေ့ဘက် Selfie ကင်မရာအတွက် 8 Megapixel အရည်အသွေးရှိ ကင်မရာကို အသုံးပြုထားတာ တွေ့ရပါတယ်။ အရောင်ပိုင်းအနေနဲ့ကလည်း OPPO F7 အတိုင်း တူညီတဲ့ အရောင် ၃ မျိုးကို ရွေးချယ် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ OPPO F7 Youth စမတ်ဖုန်းဟာ ယခင် လူကြိုက်များ ရောင်းအားကောင်းခဲ့တဲ့ OPPO F5 Youth ကို အဆင့်မြှင့်တင် ထုတ်လုပ်ထားတဲ့ upgrade ဖုန်းတလုံးဖြစ်တာကြောင့် F5 Youth ဈေးနှုန်းအတိုင်း ကျပ် ၃၁၉,ဝဝဝ နဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။ OPPO F7 နဲ့ F7 Youth စမတ်ဖုန်းများကို ဇွန်လ ၉ ရက်နေ့မှစတင်ကာ တနိုင်ငံလုံး ရောင်းချပေးသွားမယ်လို့ သိရပါတယ်။ The post AI Beauty 2.0 နည်းပညာနဲ့ အသစ် ထွက်လာတဲ့ OPPO F7 နဲ့ F7 Youth appeared first on ဧရာဝတီ.
Source : https://ift.tt/2xyaBw2
via IFTTT

No comments:

Post a Comment