Monday, June 25, 2018


တပ်မတော်နှင့် BGF ပူးပေါင်း၍ NMSP စခန်းတခုကို ရှင်းလင်း မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကနားလိုကျေးရွာတွင် အခြေစိုက်ထားသော မွန်ပြည်သစ် ပါတီ (NMSP) ၏ စခန်း ငယ် တခုကို တပ်မတော်နှင့် ကရင် နယ်ခြားစောင့် တပ်(BGF)တို့ ပူးပေါင်း၍ ဝင်ရောက် ရှင်းလင်းမှု ပြုလုပ် ကြောင်း သတင်း ရရှိသည်။ ကျိုက်မရော အခြေစိုက် တပ်မတော်၏ အမှတ် ၂၀၈ တပ်နှင့် ကဒါးကျေးရွာ အခြေစိုက် BGF တို့ ပူးပေါင်း အင်အား ၅၀ ကျော်သည် ဇွန် ၂၃ ရက်က ကနားလို ကျေးရွာရှိ NMSP ၏ စခန်း ငယ်တခုကို ရှင်းလင်းသွားခြင်း ဖြစ်သည်ဟု ဆို သည်။ ကနားလိုကျေးရွာမှ အမည်မဖော်လိုသူ တာဝန်ရှိသူ တဦးက “သူတို့က NCA ထိုးထားတယ်။ ဒီမှာ တပ်စခန်းနေရာ မဟုတ်ဘူး တဲ့။ တောထဲမှာပဲ ထားလို့ရတယ်တဲ့။ သူတို့နဲ့ သဘောတူထားတာလည်း ဒီနေရာမှာ ထားရမှာ မဟုတ်ဘူး၊ ပိန္နဲတောင်ပေါ်မှာတဲ့။ ဒါကြောင့် ဒါကိုလာရှင်းတာတဲ့ စခန်းကိုဖောက်မယ် ပြောတယ်။ မဖောက်နဲ့ ပြောလည်း ဘယ်လို ရမလဲ ဖောက်တော့ လက်နက်ငယ် ကျည်ဆန် တထုပ် တွေ့တယ်။ စစ်ဝတ်စုံ ၃ စုံ၊ ၄ စုံ လောက် တွေ့တယ်”ဟု ပြောပြ သည်။ မွန်ပြည်သစ်ပါတီ၏ စခန်းငယ် တခု ရှင်းလင်းခံရခြင်းနှင့် ပတ်သက်ပြီး မွန်ပြည်သစ်ပါတီမှ အမည်မဖော်လိုသူ တာဝန် ရှိ သူ တဦးကလည်း အတည်ပြုသည်။ ထို့နောက် မွန်ပြည်သစ် ပါတီ (NMSP) ဒုဥက္ကဋ္ဌ နိုင်ဟံသာကို ဆက်သွယ် မေးမြန်းရာ ထိုသတင်း အချက်အလက်ကို မရရှိ သေးကြောင်း၊ ၎င်းအနေဖြင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ရောက်ရှိ နေခြင်းကြောင့် မသိရသေးကြောင်း၊ မော်လမြိုင် ရှိ NMSP ၏ ပြောခွင့်ရသူများကို မေးမြန်းရန် ပြောဆိုသည်။ NMSP ၏ မော်လမြိုင်မြို့ရှိ ပြည်တွင်း ဆက်ဆံရေးတာဝန်ခံ နိုင်ဝင်းလှကို ဧရာဝတီက ဆက်သွယ်သော်လည်း ဖုန်း ကိုင်ဆောင် ဖြေကြားခြင်း မရှိပေ။ ပြည်ထောင်စု ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC-U)မှ အတွင်းရေမှူး (၁) ဒေါက်တာ ရွှေခါးရ်က NMSP ၏ စခန်းကို ရှင်းလင်းသည့် သတင်း မှန်ကန်ကြောင်း ဧရာဝတီသို့ ပြောသည်။ ဒေါက်တာ ရွှေခါးရ်က“ကျနော်တို့ အခုထိ သိရသလောက်တော့ တပ်မတော်နဲ့ BGF ပေါင်းပြီးတော့ နေရာ ဖယ်ပေးဖို့ တော့ ပြောထားတယ်တဲ့ အဲဒါနဲ့ တိုက်ပွဲတွေ ဘာတွေဖြစ်တာတော့ မရှိဘူးပေါ့။ တိုက်ပွဲ ရှောင်ပေးလိုက်တာပေါ့။ ဘယ်လို ရှေ့ဆက် ဆောင်ရွက်မလဲ ဆိုတာတော့ ဘာမှတော့ မသိရသေးဘူးပေါ့။ အခုထက်ထိ ကျနော်တို့ သိရတာ တော့ မှန်တယ်။ ဒါပေမယ့် ဘာတိုင်ကြားစာမှတော့ မလုပ်ကြသေးဘူး”ဟုလည်း ပြောပြသည်။ တပ်မတော်နှင့် BGF ပူးပေါင်း၍ ကနားလို ကျေးရွာရှိ NMSP ၏ စခန်းငယ်တခုကို ဝင်ရောက် ရှင်းလင်းစဉ် NMSP တပ်ဖွဲ့ ဝင်များ ရှောင်သွားခြင်းကြောင့် ထိတွေ့ ပစ်ခတ်မှုများ မရှိကြောင်း၊ စခန်းရှေ့ရှိ အလံကို ချ၍ ကျေးရွာ အုပ်ချုပ် ရေးမှူးထံ အပ်သွားကြောင်း ဒေသခံများကလည်း ပြောပြသည်။ အစိုးရနှင့် မွန်ပြည်သစ်ပါတီကြား ၂၀၁၂ ခုနှစ်က Bilateral သဘောတူညီမှု လက်မှတ်ထိုးစဉ် ပိန္နဲတောင်၌ မွန်ပြည် သစ် ပါတီ (NMSP) စခန်း တည်နေရာအဖြစ် သတ်မှတ် ပေးခဲ့သော်လည်း ကနားလိုကျေးရွာတွင် လာရောက်၍ စခန်း ချ နေခြင်းကြောင့် တပ်မတော်ဘက်က ရှင်းလင်းခြင်း ဖြစ်ကြောင်း သိရသည်။ ပိန္နဲ့တောင်သည် ကနားလို ကျေးရွာနှင့် ၁၀ မိုင်ကျော် အကွာအဝေးတွင် တည်ရှိကြောင်း၊ မွန်ပြည်သစ် ပါတီ (NMSP) ကနားလို စခန်းငယ်သည် လွန်ခဲ့သည့် ၃ နှစ်ကတည်းကပင် ရှိနေကြောင်း ဒေသခံများက ပြောသည်။ ထိုစခန်းကို ဝင်ရောက် ရှင်းလင်းသွားသော်လည်း ဖျက်ဆီးပစ်ခြင်း မရှိဘဲ ယခင်အတိုင်း တည်ရှိနေကြောင်း ကနားလို ကျေးရွာမှ တာဝန်ရှိသူ တဦးကလည်း ပြောပြသည်။ ကနားလို ကျေးရွာတွင် အိမ်ခြေ ၄၂၀ ကျော်ရှိပြီး လူဦးရေ ၁၉၀၀ ကျော်ရှိကြောင်း သိရသည်။ မွန်ပြည်သစ် ပါတီ (NMSP)သည် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်က တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ် ထိုးထားသော လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။ သို့သော်လည်း မွန်ပြည်နယ်တွင် ဖွဲ့စည်းထားသော ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC-S) တွင် ကိုယ်စားလှယ်အဖြစ် ပါဝင်ခြင်း မရှိသည့်အတွက် တပ်ပိုင်းဆိုင်ရာ ထိတွေ့ မှု များကို မဖြေရှင်းနိုင်ဘဲ ဖြစ်နေကြောင်း သိရသည်။ မွန်ပြည်နယ်ရှိ JMC-S တွင် ကိုယ်စားလှယ်အဖြစ် မပါဝင်ခြင်းကလည်း ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီး၌ ရှိသော JMC-S တို့တွင် ပါဝင်ခွင့် မရရှိခြင်းကြောင့် ဖြစ်ကြောင်းလည်း ဆိုသည်။ The post တပ်မတော်နှင့် BGF ပူးပေါင်း၍ NMSP စခန်းတခုကို ရှင်းလင်း appeared first on ဧရာဝတီ.
Source : https://ift.tt/2K3METc
via IFTTT

No comments:

Post a Comment