Monday, June 25, 2018


ဒုမြို့တော်ဝန်ခန့်အပ်မည့် စည်ပင်ဥပဒေသစ် လွှတ်တော်အတည်ပြု ပြင်ဆင်ပြဋ္ဌာန်းမည့် (စည်ပင်) ဥပဒေသစ်တွင် ပြည်သူလူထုရွေးချယ်သူ ကော်မတီဝင်တဦးကို လျှို့ဝှက်မဲစနစ်ဖြင့် ရွေးချယ်ပြီး ဒုတိယ မြို့တော်ဝန် ခန့်အပ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် အတည်ပြုခဲ့သည်။ ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးတင့်လွင် က “အခန်း ၂ အပိုဒ် ၃ရဲ့ အောက်မှာ (က) ရွေးချယ်တင်မြှောက်ခံရသူ ကော်မတီဝင် ၆ ဦးအနက် ၁ ဦးကို ဒုတိယမြို့တော်ဝန် အဖြစ် ကော်မတီဝင် ၁၁ ဦးက လျှို့ဝှက်မဲဖြင့် ရွေးချယ်ရမည်။ (ခ) ဒုတိယမြို့တော်ဝန်သည် ကော်မတီ၏ ဒုတိယဥက္ကဋ္ဌ ဖြစ်သည်ဟု ပြင်ဆင်ဖြည့်စွက်လိုပါကြောင်း”ဟု လွှတ်တော်တွင် ပြောကြားခဲ့သည်။ ဒုတိယမြို့တော်ဝန် ခန့်အပ်ရာတွင် ကော်မတီဝင် ၆ ဦးအား ပြည်သူက ဦးစွာ မဲပေးရွေးချယ်ရမည်ဖြစ်ကြောင်း၊ ထို့နောက် အစိုးရက ခန့်အပ်သည့် ၄ ဦးနှင့် မြို့တော်ဝန် အပါအဝင် စုစုပေါင်း ၁၁ ဦးက ၎င်းနေရာအတွက် တဦးကို လျို့ဝှက်မဲပေးရွေးချယ်ရမည်ဟုသိရသည်။ ဒုတိယမြို့တော်ဝန်ခန့်ထားမည့် ပြင်ဆင်ဖြည့်စွက်ချက်ကို ဥပဒေကြမ်းကော်မတီ နှင့် ရန်ကုန်မြို့တော်ဝန်ကလည်း သဘောတူအတည်ပြုခဲ့သည်။ ဥပဒေကြမ်းကော်မတီ အဖွဲ့ဝင်တဦးကလည်း“အများဆန္ဒအရ ဒုတိယမြို့တော်ဝန်ရှိခြင်းကို ဤဥပဒေကြမ်းမှာ ထည့်သွင်းရန် သဘောတူတဲ့အတွက် ဥပဒေကြမ်းကော်မတီ အနေနဲ့ ပြည်သူ့ငွေစာရင်းရဲ့ ဖြည့်စွက်ချက်အတိုင်း သဘောတူပါတယ်” ဟု ပြောသည်။ အများဆန္ဒဖြင့် ဒုတိယမြို့တော်ဝန်ခန့်ထားမည့် အဆိုပါ ပြင်ဆင်ဖြည့်စွက်ချက်ကို ဇွန်လ ၂၅ ရက်နေ့တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမအကြိမ် ပုံမှန်အစည်းအဝေးတွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။ ရန်ကုန်မြို့တော်သည် နောင်လာမည့်နှစ်များတွင် လူဦးရေများတိုးတက်လာမည် ဖြစ်သဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး လုပ်ငန်းများ ပိုမိုကျယ်ပြန့် လာမည်ဖြစ်ရာ မြို့တော်ဝန်၏ အလုပ်တာဝန်များကို ခွဲဝေလုပ်ကိုင်ရန် ဒုတိယမြို့တော်ဝန်ကို ခန့်အပ်ရန် လိုအပ်ကြောင်း ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးတင့်လွင် က ပြောသည်။ “ဒုတိယမြို့တော်ဝန်ခန့်အပ်ခြင်းက မြို့တော်ဝန်ကို အထောက်အကူပြုစေရန် ရည်ရွယ်ချက်နဲ့ဖြစ်ပြီးတော့ မြို့တော်ဝန် တာဝန်ထမ်းဆောင်နိုင်ခြင်း မရှိသည့်အခါမှာ ဖြစ်စေ၊ မြို့တော်ဝန်က တာဝန်ပေးအပ်လိုတဲ့ အခါမှာဖြစ်စေ မြို့တော်ဝန်ကိုယ်စား ဆောင်ရွက်နိုင်ဖို့ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။ ၂၀၁၃ ခုနှစ်ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေကို ပြင်ဆင်သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေကြမ်းကို ဖေဖော်ဝါရီလ ၂ ရက်နေ့က ရန်ကုန်တိုင်းလွှတ်တော်တွင် တင်သွင်းခဲ့ပြီး အဆိုပါဥပဒေကြမ်းတွင် အခန်း ၃၂ ခန်းပါဝင်ပြီး ပြစ်မှုပြစ်ဒဏ်များလည်း ထည့်သွင်းရေးဆွဲထားသည်။ စည်ပင် ရွေးကောက်ပွဲ၌ ယခင်က တအိမ်ထောင်လျှင် တ aယာက်သာ မဲပေးရမည့် စနစ်မှ ဥပဒေသစ်တွင် ၁၈ နှစ် ပြည့်သူတိုင်း မဲပေးသည့် စနစ်သို့ပြောင်းလဲရန်လည်း ယနေ့လွှတ်တော်တွင် အတည်ပြုခဲ့သည်။ The post ဒုမြို့တော်ဝန်ခန့်အပ်မည့် စည်ပင်ဥပဒေသစ် လွှတ်တော်အတည်ပြု appeared first on ဧရာဝတီ.
Source : https://ift.tt/2MXEoCa
via IFTTT

No comments:

Post a Comment