Thursday, June 7, 2018


တညင်းသီးစားခြင်းက ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်စေနိုင်လဲ လူအများစု နှစ်နှစ်ခြိုက်ခြိုက်နဲ့ စားသုံးတတ်ကြတဲ့ အစားအစာတွေထဲမှာ ရာသီပေါ် တညင်းသီး (ဒညင်းသီး) ဟာလည်း အပါအဝင် ဖြစ်ပါတယ်။ အင်္ဂလိပ်လို “Djenkol Bean” လို့ခေါ်တဲ့ တညင်းသီးမှာ သုတေသန လေ့လာချက်တွေအရ ၀ ဒဿမ ၃ ရာခိုင်နှုန်း ကနေ ၁ ဒဿမ ၃ ရာခိုင်နှုန်း အထိ အဆိပ်ပါဝင်မှုရှိတယ်လို့ ဆိုပါတယ်။ တညင်းသီး စားသုံးတဲ့အခါ တညင်းသီးမှာ ပါဝင်တဲ့ အဆိပ်ဟာ ခန္ဓာကိုယ်ထဲကို ပျံ့နှံ့သွားပြီး ရေရှည်မှာ ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ တညင်းသီးကို ဓာတ်ခွဲ သုတေသန ပြုကြည့်တဲ့အခါ ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ အာဟာရဓာတ် ဘာမှ မပါဝင်ဘူးလို့ ဆိုပါတယ်။ ကျောက်ကပ်ကို ပျက်စီးစေနိုင်တဲ့ ဓာတ်တွေသာ ပါဝင်တာကြောင့် အလွန်အကျွံ စားသုံးခြင်းကို ရှောင်ကြဉ် သင့်ပါတယ်။ တညင်းသီးစားပြီးတဲ့အခါ ဆီးအနံ့ဆိုးခြင်းဟာ တညင်းသီးမှာ ပါဝင်တဲ့ Djenkolic Acid ဟာ ခန္ဓာကိုယ်ထဲမှာ ပျံ့နှံ့ နေတာကြောင့် ဖြစ်ပါတယ်။ အနောက်တိုင်း ဆေးပညာရှင်တွေရဲ့ အဆိုအရ တညင်းသီးဟာ လုံးဝမစားသင့်တဲ့ အသီးတမျိုး ဖြစ်တယ်လို့ ဆိုပါတယ်။ တညင်းသီး အနုနဲ့အရင့်မှာ ရင့်တဲ့ တညင်းသီးဟာ အဆိပ်ပါဝင်မှုနှုန်း ပိုမိုများပြားပြီး တညင်းသီးစားတဲ့အခါ အစိမ်း စားတာထက် ဆားရည်စိမ်စားတာ ဒါမှမဟုတ် ရေများများနဲ့ အနည်းဆုံး ၃ ကြိမ်ကနေ ၅ ကြိမ်အထိ ရေလဲပြီးမှ ပြုတ်စားတာကတော့ အန္တရာယ်နည်းစေပါတယ်။ တညင်းသီးအဆိပ်ဟာ ဆားရည်မှာ အလွယ်တကူ ပျော်ဝင်နိုင်တာကြောင့် ဆားရည်မှာ ကြာကြာစိမ်စားခြင်းက အဆိပ် ပါဝင်မှုကို အတန်အသင့် လျော့နည်းသွားစေမှာ ဖြစ်ပါတယ်။ တညင်းသီး များများစားသုံးမိတဲ့အခါ ဆီးသွားရင် သွေးပါတာ၊ ဆီးသွားနည်းတာနဲ့ ဆီးလမ်းကြောင်းပိတ်ပြီး ဆီးမသွားနိုင်တာစတဲ့ ဆီးနဲ့ပတ်သက်တဲ့ရောဂါ လက္ခဏာတွေ ခံစားနေရပြီဆိုရင်တော့ နီးစပ်ရာဆေးခန်းတွေကို သွားရောက်ပြသသင့်ပါတယ်။ Ref: ukm.pure.elsevier.com The post တညင်းသီးစားခြင်းက ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်စေနိုင်လဲ appeared first on ဧရာဝတီ.
Source : https://ift.tt/2JiweWP
via IFTTT

No comments:

Post a Comment