မွန်ပြည်နယ်ရှိဆေးရုံများတွင် သက်တမ်းလွန် ဆေးဝါးများတွေ့ရှိ မွန်ပြည်နယ် ဆေးရုံများတွင် အသုံးနည်းသော ဆေးဝါးများထဲမှ သက်တမ်းလွန် ဆေးဝါးအချို့အား စစ်ဆေး တွေ့ရှိခဲ့ကြောင်း ကျန်းမာရေး ကဏ္ဍ တာဝန်ယူထားသည့် မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေး ဝန်ကြီး ဒေါက်တာ ထိန်လင်း က ပြောကြားသည်။ ဇွန်လ ၄ ရက်က ကျင်းပခဲ့သည့် ဒုတိယ အကြိမ် မွန်ပြည်နယ် လွှတ်တော် ဒသမ ပုံမှန် အစည်းအဝေး တတိယနေ့၌ ဒေါက်တာ ထိန်လင်း က “ဆေးရုံတွေမှာ ကျတော့ လူနာတွေ အပေါ် မူတည်ပြီး ဆေးသုံးစွဲရတာ ဖြစ်တယ်။ အချို့ မသုံးဖြစ်တဲ့ ဆေးဝါးတွေ ကျ တော့ သက်တမ်း လွန်သွားတာရှိတယ် အဲဒီလိုမျိုးပါ” ဟု ၎င်းက ပြောသည်။ သက်တမ်းလွန်ဆေးဝါးများကို စစ်ဆေးရာ၌ အသုံးများသည့် ဆေးဝါးများတွင်မူ မတွေ့ရှိရကြောင်း ၎င်းက ဆိုသည်။ ဘီးလင်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ခင်နိုင်ဦး က ကျန်းမာရေး နှင့် ပတ်သက်သည့် မေးခွန်းအားနှင့် ဆက်စပ်မေးခွန်းတို့အား ပြည်နယ် လွှတ်တော်သို့ မေးမြန်းခဲ့ပြီးနောက် ဒေါက်တာ ထိန်လင်း က ပြန်လည် ဖြေကြားပေးခြင်း ဖြစ်သည်။ သို့သော်လည်း ဆေးရုံဆေးဝါးများ ဝယ်ယူစဉ် သက်တမ်းလွန် ဆေးဝါးများကို လုံးဝ မဝယ်ယူခဲ့ကြောင်းနှင့် ဝယ်ယူစဉ် အခါက အနည်းသုံး သက်တမ်း တနှစ်ခွဲနှင့် နှစ်နှစ်သက်တမ်းရှိ ဆေးဝါးများကိုသာ ဝယ်ယူခဲ့ခြင်း ဖြစ်ကြောင်း ဒေါက်တာထိန်လင်း က ဆိုသည်။ ဆေးရုံများ၌ ဆေးကုသခံ လူနာများ အပေါ် သက်တမ်းလွန် ဆေးဝါးများဖြင့် ကုသပေးခြင်းနှင့် သက်တမ်းလွန် ဆေးဝါး များ ရောင်းချမှုများ ရှိခဲ့ပါက သက်သေ အထောက်အထားနှင့် တိုင်ကြားနိုင်ကြောင်း ၎င်းက ဆိုသည်။ “တကယ်လို့ ဒီဆေးရုံမှာ Date လွန်တဲ့ ဆေးဝါးတွေနဲ့ ကုသတာကို အထောက်အထား ပြည့်စုံစွာနဲ့ တိုင်မယ်ဆိုရင် ကျနော်တို့ အနေနဲ့ ဥပဒေအရ လုပ်ထုံးလုပ်နည်း အညီ အရေးယူပေးသွားမယ်” ဟု သူက ပြောသည်။ ယင်းသို့ သက်တမ်းလွန်ဆေးဝါး ဆေးဝါးများကို အသံုံးပြုခြင်းကြောင့် ဆေးမတိုးသည့် ရောဂါများ ဖြစ်ပွားနိုင်သည့် အပြင် အခြား မလိုလားအပ်သော ရောဂါများလည်း ဖြစ်ပွားလာနိုင်ကြောင်း သိရသည်။ မွန်ပြည်နယ်၌ အစိုးရဆေးရုံများအပြင် ပုဂ္ဂလိက ဆေးခန်းများ၊ ဆေးဝါးအရောင်းဆိုင်များနှင့် စားသောက်ကုန် အရောင်းဆိုင်များကိုလည်း ပုံမှန်စစ်ဆေးလျှက်ရှိပြီး သက်တမ်းလွန်ဆေးဝါးများနှင့် တားမြစ် အလှကုန်များ ရောင်းချ ကြောင်း တွေ့ရှိပါက ခံဝန်လက်မှတ်ထိုးခိုင်းခြင်း သိမ်းဆည်းခြင်းတို့ကို ပြုလုပ်နေကြောင်း မွန်ပြည်နယ် အစား အသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန -FDA မှ သိရသည်။ The post မွန်ပြည်နယ်ရှိဆေးရုံများတွင် သက်တမ်းလွန် ဆေးဝါးများတွေ့ရှိ appeared first on ဧရာဝတီ.
Source : https://ift.tt/2LWlOK1
via IFTTT
No comments:
Post a Comment