Monday, June 25, 2018


ငွေကြေးကို အရာဝတ္ထုထက် အတွေ့အကြုံအသစ်တွေအပေါ် အသုံးချသင့်တဲ့ အကြောင်းအရင်း လူအများစုက ပုံမှန်အလုပ်လုပ်ပြီး ရလာတဲ့ငွေကြေးကို အရာဝတ္ထု၊ အသုံးအဆောင်တွေ ဝယ်ဖို့အတွက်သာ ပုံမှန် အသုံးချလေ့ရှိပါတယ်။ တချို့က အဝတ်အထည်၊ အစားအသောက်၊ အလှအပအတွက်ဆို သုံးရမှာ မနှမြောပေမယ့် ခရီးထွက်ဖို့ သင်တန်းအသစ်တက်ဖို့အတွက် သုံးဖို့ကျတော့ တွေဝေနေကြပါတယ်။ ဒါကြောင့် ပိုက်ဆံကို အတွေ့အကြုံ အသစ်တွေ ရယူဖို့ သုံးစွဲသင့်တဲ့ အချက်တွေကို ဝေမျှလိုက်ပါတယ်။ (၁) ရုပ်ဝတ္ထုတွေက မတည်မြဲပါဘူး Dr.Thomas Gilovich က Cornell University က စိတ်ပိုင်းဆိုင်ရာ ပရော်ဖက်ဆာ တယောက်ပါ။ သူက ပိုက်ဆံတွေကို ပစ္စည်းတွေအပေါ် မသုံးစွဲသင့်ဘူးလို့ ဆိုပါတယ်။ ပစ္စည်းတခု ဝယ်ယူလိုက်ရတဲ့ ပျော်ရွှင်မှုဟာ ခဏတာမျှသာ ဖြစ်ပြီး ကြာလာတာနဲ့ သဘောကျတဲ့စိတ်က လျော့ပါးသွားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အသစ်အဆန်းတွေက ခဏခဏ ပေါ်နေ တတ်တာကြောင့် သင်ဟာ ဒီအရာ တခုဝယ်ပြီးရင်တောင် နောက်ထပ် ကောင်းတဲ့အရာကို ထပ်လိုချင် လာပါလိမ့်မယ်။ (၂) အတွေ့အကြုံတွေက သင့်ကို ပြောင်းလဲပေးနိုင်တယ် သင်ကြုံတွေ့နေရတဲ့ အရာတွေ၊ သွားဖူးခဲ့တဲ့ ခရီးတွေ၊ လူမှုအကျိုးပြုလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက် ပေးခဲ့ဖူးတဲ့ အရာတွေကသာ သင့်ဘဝတလျှောက် လိုက်ပါလာမှာဖြစ်ပြီး သင့်ကို ပိုကောင်းမွန်တဲ့ သူတယောက်ဖြစ်အောင် တွန်းပို့ပေးပါလိမ့်မယ်။ ပညာရေးကို တစိုက်မတ်မတ် လုပ်ဆောင်ခဲ့မယ်ဆိုရင် နောင်တချိန်မှာ သင်ဟာ ခေါင်းမော့ ရင်ကော့ပြီး ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။ (၃) အတွေ့အကြုံကို နှိုင်းယှဉ်လို့ မရဘူး လူအများစုက သူက ဘာပိုင်ဆိုင်တယ်၊ လစာဘယ်လောက် ရတယ် ဆိုတာမျိုးကိုသာ နှိုင်းယှဉ်တတ်ပါတယ်။ သင့်ရဲ့ အတွေ့အကြုံတွေကို နှိုင်းယှဉ်ဖို့ကျတော့ မေ့နေတတ်ကြပါတယ်။ ဒါကြောင့် ပစ္စည်းဥစ္စာတွေ အပေါ် မှီခိုရင်း လူတွေ ဟာ မနာလိုစိတ်တွေ၊ စိတ်မချမ်းသာစရာတွေ ကြုံတွေ့နေရတာပဲဖြစ်ပါတယ်။ သင့်မှာ ရှိတဲ့ ပစ္စည်းကို သူတို့ဝယ်လို့ ရနိုင်ပေမယ့် အတွေ့အကြုံကိုတော့ ကိုယ်တိုင်ကြိုးစားယူမှ ရမှာပဲဖြစ်ပါတယ်။ (၄) ပျော်ရွှင်မှုက ကြာရှည်ခံတယ် သင်ဟာ ခရီးတခု ထွက်တဲ့အခါ စတင်စီစဉ်ပြီး မရောက်ခင်ကတည်းက ကြိုတင်စိတ်လှုပ်ရှားနေမှာ ဖြစ်ပါတယ်။ ပြီးသွားတဲ့အခါမှာလည်း အမြဲအမှတ်တရ ဖြစ်နေပြီး ဘယ်တော့မှ ဟောင်းနွမ်းသွားမှာ မဟုတ်ပါဘူး။ သင်လုပ်ခဲ့တဲ့ အရာအပေါ် အမြဲအမှတ်ရနေမှာ ဖြစ်တာကြောင့် ပစ္စည်းဥစ္စာတွေထက် သင့်ကိုပျော်ရွှင်စေပါလိမ့်မယ်။ ကဲ… ဒါကြောင့် ကပ်စေနည်း မနေဘဲ လုပ်သင့်တဲ့နေရာ၊ အသုံးချသင့်တဲ့ နေရာမှာ ငွေကိုသုံးကြည့်လိုက်ပါ။ Ref ; forbes The post ငွေကြေးကို အရာဝတ္ထုထက် အတွေ့အကြုံအသစ်တွေအပေါ် အသုံးချသင့်တဲ့ အကြောင်းအရင်း appeared first on ဧရာဝတီ.
Source : https://ift.tt/2tpCDoW
via IFTTT

No comments:

Post a Comment