Wednesday, June 6, 2018


မလေးရှားသို့ မူးယစ်ဆေးတင်ပို့သူ တရားခံပြေး ဖမ်းမိ မလေးရှားနိုင်ငံတွင် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့က အဓိက တရားခံ အဖြစ် အလိုရှိနေသည့် အသက် ၄၄ နှစ် အရွယ် တရားခံပြေး မောင်မောင် (ခ) Hj Yassin ကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန် လိုက်သည်။ ရဲတပ်ဖွဲ့က မောင်မောင် (ခ) Hj Yassin ကို ဇွန်လ ၅ ရက်နေ့ည ၁၁ နာရီခွဲ အချိန်က မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် မန္တလေး-လားရှိုး-မူဆယ် ကားလမ်းပေါ်ရှိ ၁၆ မိုင်ဂိတ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ယနေ့ရက်စွဲဖြင့် ထုတ်ပြန်သော ပြည်ထဲရေး၏ သတင်းထုတ်ပြန်ချက်ကဆိုထားသည်။ မန္တလေးတိုင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး တပ်ဖွဲ့ အရာရှိတဦး ကလည်း “ဖမ်းမိတာဟုတ်ပါတယ်။ ၁၆ မိုင်ဂိတ်မှာ မိတာပါ။ ကွင်းဆက်တရားခံတွေပါ ဆက်လက်ဖမ်းဆီးဖို့ရှိနေပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။ ထွက်ပြေး တိမ်းရှောင်နေသည့် မောင်မောင် (ခ) Hj Yassin နှင့် ပူးပေါင်းပါဝင်သူ တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေး အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အထူးစုံစမ်းစစ်ဆေးရေး ဦးစီး ဌာနတို့ ပူးပေါင်း၍ အထူးအမှုစစ်အဖွဲ့ ဖွဲ့စည်းကာ ဆောင်ရွက် ခဲ့ပြီးနောက် ၁၆ မိုင်ဂိတ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ မောင်မောင်(ခ) Haji Yassin ကို ဇွန်လ ၆ ရက်နေ့ မနက် ၁ နာရီခွဲက မူးယစ် တပ်ဖွဲ့စု ၁၇ မှ တပ်ဖွဲ့ဝင်များနှင့် ပုသိမ်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တို့သည် မော်တော်ယာဉ် ၂ စီးဖြင့် ရန်ကုန်တိုင်းဒေသကြီးသို့ ပို့ဆောင်ရန် ထွက်ခွာသွားကြောင်း ပြည်ထဲရေး သတင်းထုတ်ပြန်ချက်အရ သိရသည်။ မလေးရှားနိုင်ငံ၊ အကောက်ခွန်ဦးစီးဌာနမှ စီမရစ်မြို့ ကုန်လှောင်ရုံ၌ မေ ၂၂ ရက်နေ့တွင် မလေးရှားနိုင်ငံသား ၃ ဦး၊ မြန်မာ နိုင်ငံသား ၃ ဦးတို့နှင့်အတူ မက်အဖက်တမင်း (၁၁၈၇) ကီလိုဂရမ်နှင့် ဘိန်းဖြူ (၇၅၀) ဂရမ်တို့အား ဖမ်းဆီးရမိခဲ့သည့် သတင်း ထွက်ပေါ်လာပြီးနောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ အဆိုပါမူးယစ်ဆေးဝါးများ ဖမ်းဆီးမှုနှင့်ပတ်သက်၍ စိစစ်ခဲ့ရာ ရန်ကုန်မြို့ရှိ Nice Guy Clearence Service Agency မှ ကုန်သေတ္တာ အမှတ် (FSCU 9911521) ထဲတွင် စားသောက်ကုန်များဖြင့် မူးယစ်ဆေးဝါးများကို ရောနှောထည့်သွင်း၍ မလေးရှားနိုင်ငံသို့ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်းရဲထုတ်ပြန်ချက်အရသိရသည်။ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသော ဖမ်းမိတရားခံ မောင်မောင် (ခ) Hj Yassinx ၏ Passport ပုံ / မြန်မာနိုင်ငံရဲတပ်ဖွဲ့ အဆိုပါမူးယစ်ဆေးဝါးများကို မြန်မာနိုင်ငံမှတဆင့် မလေးရှားနိုင်ငံသို့ ပို့ဆောင်ရန် အတွက် တာမွေမြို့နယ်၊ နတ်မောက်ရပ်ကွက်၊ ဖိုးစိန်လမ်းတွင်နေထိုင်သည့် မောင်မောင် (ခ) Hj Yassin က လာရောက်ဆက်သွယ်မှုအရ U Kaung Trading Co.Ltd အနေဖြင့် တာဝန်ယူပို့ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး မူးယစ်ဆေးဝါးများပို့ဆောင်ခဲ့သည့် မောင်မောင် (ခ) Hj Yassin နှင့် ပူးပေါင်းပါဝင်သူများအား စုံစမ်းဖော်ထုတ်နိုင်ရေးအတွက် ဇွန် ၂ ရက်နေ့တွင် ဆိပ်ကမ်း မြို့မရဲစခန်း၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၂၀(က)/၂၀(ခ)/၂၁ ဖြင့် အမှုဖွင့်အရေးယူ စုံစမ်းစစ်ဆေးခဲ့ပြီး ထိုနေ့တွင်ပင် ဆက်စပ်တရားခံ အမျိုးသားတဦးကို ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။ ဖမ်းဆီးရမိသည့်တရားခံ၏ ဖော်ထုတ်ပြောပြချက်အရ မောင်မောင် (ခ) Hj Yassin သည် မူးယစ်ဆေးဝါးများအား လှည်းကူး မြို့နယ်ရှိ Nice Guy ရေသန့်စက်ရုံမှတဆင့် အောက်ပုဇွန်တောင်လမ်းရှိ ဂိုထောင်သို့ ယာဉ်ဖြင့် သယ်ဆောင် ခဲ့ပြီး ၎င်းမှ တဆင့် သင်္ဘောတင်မှု လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ ရဲတပ်ဖွဲ့သည် မေလ ၃၀ ရက်နေ့ကတည်းက TOYOTA LEXUS ဖြင့် ထွက်ပြေးတိမ်းရှောင်နေသော မောင်မောင် (ခ) Hj Yassin ကို ဖမ်းဆီးရမိရေးအတွက် စုံစမ်းဖော်ထုတ်မှုများ ပြုလုပ်ခဲ့ပြီး ဇွန်လ ၃ ရက်နေ့က တာမွေဂုံးကျော်တံတားအောက်တွင် TOYOTA LEXUS ကိုသာ တွေ့ရှိခဲ့သည်။ မောင်မောင် (ခ) Hj Yassin ၏ နေအိမ်ကို ဝင်ရောက်စစ်ဆေးရာ နေအိမ်ခန်း မီးခံသေတ္တာအတွင်းမှ ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်း ၂၅၀ ခန့်ရှိ လက်ဝတ် ရတနာ မျိုးစုံ ၁၉ မျိုး၊ YGN 5L-xxxx TOYOTA LEXUS ယာဉ်အား ငွေကျပ်သိန်း ၁၀၉၀ ဖြင့် ဝယ်ယူထားသည့် စာချုပ်မူရင်း ၁ စောင်၊ ယာဉ်နှင့် ပတ်သက်သည့် မှတ်ပုံတင် စာအုပ် မူရင်း ၁ အုပ်၊ အာမခံ ပရီမီယမ် မှတ်တမ်း မူရင်းစာအုပ် ၁ အုပ်၊ ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း လက်ဝတ်ရတနာများ ဝယ်ယူခဲ့သည့် ပြေစာမူရင်း ၈ စောင် တို့ကို တွေ့ရှိ၍ သိမ်းဆည်းခဲ့ကြောင်းသိရသည်။ ထို့အတူ မောင်မောင် (ခ) Hj Yassin နှင့် ပူးပေါင်းပါဝင်သူများမှ မြန်မာနိုင်ငံအတွင်းရှိ ဘဏ် အသီးသီးတွင် ငွေစာရင်းဖွင့်လှစ် ထားရှိမှုကို ဇွန်လ ၄ ရက်တွင် စုံစမ်းစစ်ဆေးခဲ့ရာ ပုဂ္ဂလိကဘဏ် ၂ ခုတွင် မောင်မောင် (ခ) Hj Yassin ငွေစာရင်းနှင့် ဆက်စပ်တရားခံ ၁ ဦးတို့ ငွေစာရင်း၌ ကျပ်သိန်းပေါင်း ၂၈၀၀၀ ကျော်နှင့် ATM ကတ် ၂ ခုတို့အား စစ်ဆေးတွေ့ရှိရသဖြင့် အဆိုပါငွေကြေးများကို ယာယီပိတ်သိမ်းထားရှိခဲ့ကြောင်းလည်း သိရသည်။ မြန်မာပြည်က ရောက်ရှိလာသော မူးယစ်ဆေးဝါးများနှင့် ပတ်သက်ပြီး မလေးရှား ရဲတပ်ဖွဲ့၏ ဇွန်လ ၂ ရက် ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ ရှမ်းပြည်နယ်တွင်း မူးယစ်ဆေးဝါး စက်ရုံ ၃၇ ရုံရှိရာ စက်ရုံအားလုံးသည် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် ပြည်သူ့ စစ်တပ်ဖွဲ့များပိုင် စက်ရုံများ ဖြစ်ကြောင်း မြေပုံ နှင့် တကွဖော်ပြထားပြီး ထိုစက်ရုံများတွင် UWSA ကလည်း ၁၀ ရုံထက်မနည်း ဖွင့်လှစ်၍ မူးယစ်ဆေးဝါး ထုတ်လုပ် ဖြန့်ဖြူးနေကြောင်း ဖော်ပြထားခြင်း ဖြစ်သည်။ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ယခုနှစ် မြန်မာ့နှစ်သစ်ကူးနေ့ မိန့်ခွန်းတွင် မူးယစ်ဆေးဝါးနှိမ် နင်းရေးနှင့် ပတ်သက်၍ ပိုင်ရှင်မဲ့ ဖြစ်သွားခြင်း၊ ကွင်းဆက်ပျောက် သွားခြင်းများကို တင်းကျပ်စွာ ကိုင်တွယ်မည်ဖြစ်ကြောင်း အလေးထားပြောဆိုထားသည်။ ဆက်စပ်ဖတ်ရှုရန် – ရှမ်းပြည်နယ်တွင် မူးယစ်ဆေးဝါး စက်ရုံ ၃၇ ရုံရှိဟု မလေးရှား ရဲ ထုတ်ပြန် The post မလေးရှားသို့ မူးယစ်ဆေးတင်ပို့သူ တရားခံပြေး ဖမ်းမိ appeared first on ဧရာဝတီ.
Source : https://ift.tt/2M2lJ7C
via IFTTT

No comments:

Post a Comment