Thursday, June 7, 2018


စင်ကာပူနိုင်ငံခြားရေးဝန်ကြီး မြောက်ကိုရီးယားကို သွားရောက် ရှေ့တပတ်တွင် ပြုလုပ်မည့် မြောက်ကိုရီးယားနှင့် အမေရိကန်တို့၏ ထိပ်သီးဆွေးနွေးပွဲ အောင်မြင်ရေးကို ရှေးရှု့၍ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘယ်လာခရစ်နန်သည် မြောက်ကိုရီးယားသို့ ယနေ့ သွားရောက်ကြောင်း နိုင်ငံခြားရေး ရုံးထုတ်ပြန်သည်။ စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီးဟာ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ရီယောင်ဟိုရဲ့ ဖိတ်ခေါ်ချက်အရ ၂ရက်ကြာ သွားရောက်ခြင်းဖြစ်ပြီး၊ နိုင်ငံရေး ဦးဆောင်အဖွဲ့ အကြီးအကဲ ကင်ယောင်နမ်နဲ့လည်း တွေ့ဆုံမှာဖြစ်ကြောင်း သိရပါတယ်။ ဒါပေမယ် ဘယ်အကြောင်းအရာတွေ ဆွေးနွေးမယ်ဆိုတာကိုတော့ ထုတ်ပြန်ခြင်းမရှိပါဘူး။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ရဲ့ သမိုင်းဝင် တွေ့ဆုံပွဲကို လာမည့် ဇွန်လ ၁၂ရက်နေ့မှာ စင်ကာပူမှာ ပြုလုပ်မှာဖြစ်ပါတယ်။ The post စင်ကာပူနိုင်ငံခြားရေးဝန်ကြီး မြောက်ကိုရီးယားကို သွားရောက် appeared first on ဧရာဝတီ.
Source : https://ift.tt/2xPhauB
via IFTTT

No comments:

Post a Comment