Monday, June 4, 2018


မှော်ဘီ ယာဉ်တိုက်မှု ၄ ဦးသေ ၂ ဦး ဒဏ်ရာရ ရန်ကုန်တိုင်း ဒေသကြီး မှော်ဘီမြို့နယ် ဆပ်သွားတော ကျေးရွာအုပ်စု ဘုန်းကြီးကျောင်း မှတ်တိုင်နှင့် မိန်းမလိုင်း မှတ်တိုင် ကြား ရန်ကုန်-ပြည်လမ်းမကြီးပေါ်၌ ယနေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုကြောင့် ၄ ဦး သေဆုံး၍ ၂ ဦး ဒဏ် ရာ ရရှိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယနေ့ ဇွန် ၄ ရက် နံနက် ၁၂ နာရီ ၃၀ မိနစ် အချိန်၌ မှော်ဘီဘက်မှ ကုန်စိမ်းနှင့် ခရီးသည်များ တင်ဆောင် မောင်းနှင်လာသည့် Hilux ယာဉ်နှင့် ထောက်ကြန့်ဘက်မှ မောင်းနှင်လာသောကိုကာကိုလာစက်ရုံမှ ဝန်ထမ်းကြိုပို့ယာဉ်တို့ ဆပ်သွားတောရွာ လယ်လမ်းဝ စပယ်လမ်းအနီးတွင် တိုက်မိခဲ့ကြခြင်း ဖြစ်သည်။ “ဟွန်ဒိုင်းက တဖက်ယာဉ်ကြောရောက်ပြီး မျက်နှာချင်း ဆိုင်လာတဲ့ ကားကို တိုက်မိတာ” ဟု မှော်ဘီမြို့နယ် ယာဉ်ထိန်း တပ်ဖွဲ့စု ၆၅ မှ ရဲအုပ် သန်းမင်းထက်က ဧရာဝတီကို ပြောသည်။ ယင်း ယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့် ဟွန်ဒိုင်းယာဉ်မောင်း အပါအဝင် အမျိုးသား ၄ ဦး သေဆုံးခဲ့ပြီး အမျိုးသမီး တဦးနှင့် ဟိုင်းလတ် ယာဉ်မောင်း အမျိုးသားတဦးတို့ ထိခိုက်ဒဏ်ရာများ ရရှိသဖြင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေကြောင်း ၎င်းက ရှင်းပြသည်။ အမှုဖြစ်စဉ်နှင့် ပတ်သက်၍ လမ်းကြောင်းမှားဝင်လာသော ယာဉ်ကို အရေးယူ ဆောင်ရွက်နိုင်ရေး စုံစမ်း စစ်ဆေးလျက်ရှိ ကြောင်း ရဲအုပ် သန်းမင်းထက် က ပြောသည်။ “သုံးယောက်ကတော့ ကုန်သည်တွေနဲ့ တူပါတယ်။ ဦးခေါင်းတွေ ပြတ်သွားတာမျိုးတွေ ဘာတွေတော့ရှိတယ်။ အဲဒီက ယာဉ်မောင်းတဦးကိုတော့ ရန်ကုန်ဆေးရုံကြီးကို ကျနော်တို့ကားနဲ့ ပို့တာပေါ့။ ဆေးရုံမှာ တယောက် ထပ်သေတယ်လို့ လည်းကြားတယ်” ဟု မြင့်မြတ် စေတနာ ပရဟိတအသင်း – မှော်ဘီမြို့၏ သတင်းပြန်ကြားရေး တာဝန်ခံ ဦးပြည့်စုံ အောင်က ပြောဆိုသည်။ ပြီးခဲ့သည့် ဧပြီလ အတွင်း၌လည်း မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်မြို့ရှောင်လမ်းထိပ်တွင် ဟိုင်းလက်နှင့် မီနီဘတ်စ် ခရီး သည်တင်ယာဉ် နှစ်စီး မျက်နှာချင်းဆိုင် တိုက်မှုကြောင့် ၆ ဦးသေဆုံးခဲ့ပြီး ၁၇ ဦး ဒဏ်ရာရရှိခဲ့သည်။ The post မှော်ဘီ ယာဉ်တိုက်မှု ၄ ဦးသေ ၂ ဦး ဒဏ်ရာရ appeared first on ဧရာဝတီ.
Source : https://ift.tt/2JqWE84
via IFTTT

No comments:

Post a Comment