Saturday, June 2, 2018


မန္တလေးမြို့တွင် ဂျပန်နည်းပညာသုံး မီးပွိုင့် ၅၀ တပ်ဆင်မည် မန္တလေးမြို့တွင် လာမည့် ၂ဝ၁၈-၁၉ဘဏ္ဍာနှစ်၌ ဂျပန်နည်းပညာသုံး Real Time Traffic Light မီးပွိုင့် ၅၀ တပ်ဆင် သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။ နိုင်ငံတကာသုံး အဆင့်မြင့်မီးပွိုင့် များဖြစ်သည့် Real Time Traffic Light မီးပွိုင့်များ တပ်ဆင်ပေးခြင်းမှာ မန္တလေးမြို့ အတွင်း နေ့စဉ် ယာဉ်ကြောကြပ်ခြင်းမရှိစေရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပိုမိုကောင်းမွန်စေရေး၊ ယာဉ်မတော်တဆမှု လျော့နည်းကျဆင်းစေရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းစေရန်အတွက် ရည်ရွယ်တပ်ဆင်ပေးခြင်းဟု သိရသည်။ “နိုင်ငံတကာသုံး အဆင့်မြင့်မီးပွိုင့် Real Time Traffic Light တွေကို ဘဏ္ဍာနှစ်အလိုက် တိုးချဲ့ တပ်ဆင်ပေးနေပါတယ်၊ လာမယ့် ဘတ်ဂျက်နှစ်မှာ ဂျပန်နည်းပညာသုံး Real Time Traffic Light မီးပွိုင့် ငါးဆယ်ကို တပ်ဆင်သွားမယ်၊ လက်ရှိ လိုအပ်ချက်အရကလည်း ၅၀ လောက်လိုအပ်ပါတယ်” ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ကော်မတီဝင် ဦးရဲမြတ်သူက ပြောသည်။ ဆက်လက်၍ ၎င်းက “အခုလို အဆင့်မြင့် Real Time Traffic Light မီးပွိုင့်များတွေ တပ်ဆောင်ပေးခြင်းက မြို့နေ လူထုအတွက် လုံခြုံမှုကို ပိုပြီးတော့ အလေးပေးတဲ့သဘောမျိုးပါ၊ ပွိုင့်တွေမှာဖြစ်တဲ့ ပြသနာတွေကို CCTV မှတ်တမ်းတွေမှာ ပြန်ရှာနိုင်မှာလည်း ဖြစ်ပါတယ်၊ မီးပွိုင့်တွေများလာရင် အဓိကတော့ စည်းကမ်းမဲ့မှုတွေကြောင့် ဖြစ်နေရတဲ့ယာဉ်တိုက်မှုတွေ တော်တော်လျော့ နည်းသွားပါ လိမ့်မယ်လို့ မျှော်လင့်မိပါတယ်” ဟု ရှင်းပြသည်။ မန္တလေးမြို့တွင် Real Time Traffic Light အဆင့်မြင့်မီးပွိုင့် အပါအဝင် မီးပွိုင့်ပေါင်း ၆၀ ကျော် တပ်ဆင်ပေး ထားပြီးဖြစ်ရာ သြစတြေးလျနိုင်ငံတွင် အသုံးပြုနေသည့် SCATS (Sydney Coordinate Adaptive Traffic System) စနစ်ဖြစ်ပြီး သြစတြေးလျ၊ စင်ကာပူနှင့် တရုတ်နိုင်ငံများရှိ အဓိကမြို့ကြီးအပါအဝင် နိုင်ငံ ပေါင်း ၂၇ နိုင်ငံတွင် လက်ရှိအသုံးပြုနေသောစနစ်ဖြစ်ကြောင်း၊ ထပ်မံတပ်ဆင်မည့် ဂျပန်နည်းပညာသုံး Real Time Traffic Light မီးပွိုင့်များသည်လည်း မြို့ပေါင်းနှစ်ရာကျော်တွင် လက်ရှိအသုံးပြုနေသော စနစ်ဖြစ်ကြောင်း သိရသည်။ “Real Time Traffic Light စနစ်သုံး မီးပွိုင့်တွေမှာ CCTV ကင်မရာတွေပါ တပ်ဆင်ထားတယ်၊ လက်ရှိ CCTV ကင်မရာ တွေရဲ့အားနည်းချက်ကတော့ နံပါတ်မှတ်ပေမဲ့ ယာဉ်ပိုင်ရှင် မမှန်တဲ့ ကိစ္စတွေပါ၊ ပြီးတော့ ဆိုင်ကယ် နံပါတ်တွေကလည်း မြန်မာနံပါတ်တွေဖြစ်တော့ မှတ်လို့မရသေးဘူး၊ ဒါတွေကိုလည်း နောက်ပိုင်းမှာ ဆောင်ရွက်နိုင်ဖို့ စီစဉ်နေပါတယ်၊ လျှပ်စစ်မီးပြတ် ျတောက်သွားရင်လည်း ချက်ခြင်းအသုံးပြုနိုင်မယ့် UPS ပါဝင်တာကြောင့် ၂၄ နာရီ တဆက်တည်းအသုံးပြုနိုင်မယ်၊ ဒါကြောင့် မီးနီဖြတ်ခြင်း၊ ယာဉ်စည်းကမ်းဖောက်ဖျက်ခြင်းနဲ့ ယာဉ်မတော်တဆမှု ဖြစ်စဉ်တွေကိုလည်း တိကျစွာဖော်ထုတ်အရေးယူသွားနိုင်မှာ ဖြစ်ပါတယ်”ဟု ဦရဲမြတ်သူက ဆက်လက် ပြောသည်။ မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီနှင့် Dream Light Technology Co,Ltd တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကျပ်သိန်းပေါင်း ၂၇၀၀၀ ခန့် ကုန်ကျခဲ့ကြောင်း၊ ယာဉ်ကြောကျပ်တည်းမှု အများဆုံးဖြစ်သည့် ၇၈ လမ်းမကြီးတလျှောက် အများဆုံးတပ်ဆင်ထားပြီး မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရုံးဝင်း တွင်ရှိသည့် ဗဟိုထိန်းချုပ်ခန်း (Control Room)မှ ထိန်းချုပ်ပေးနေကြောင်း သိရသည်။ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် ဘဏ္ဍာနှစ်အလိုက် လိုအပ်သည့်နေရာများတွင် လူကူးမျဉ်းကြား၊ မီးပွိုင့်တပ်ဆင်ခြင်း၊ လမ်းညွှန်အမှတ်အသားများ တပ်ဆင်ခြင်း၊ ဆေးမျဉ်းများ ရေးဆွဲခြင်း၊ အကာအရံများ ကာရံခြင်း၊ ယာဉ်ကြောများ ပိုမိုဖော်ထုတ်ခြင်းများကို လုပ်ဆောင်ပေးလျက်ရှိပြီး နှစ်စဉ် ဘဏ္ဍာငွေရရှိမှုပေါ်မူတည်၍ Electronic Police (E-Police)စနစ်ကို ထပ်မံတိုးချဲ့ခြင်းနှင့်အတူ မြို့တွင်းအဓိကလမ်းမကြီးများတွင် SCATS စနစ်သုံးမီးပွိုင့်များ ဆက်လက် တပ်ဆင်ပေးသွားမည်ဟု သိရသည်။ The post မန္တလေးမြို့တွင် ဂျပန်နည်းပညာသုံး မီးပွိုင့် ၅၀ တပ်ဆင်မည် appeared first on ဧရာဝတီ.
Source : https://ift.tt/2szvFN5
via IFTTT

No comments:

Post a Comment