Monday, June 25, 2018


ကမ္ဘာလှည့်ခရီးသွား ဆွဲဆောင်ဖို့ ပြည်နယ်တခုမှာ အင်တာနက်ဆင်ဆာ ဖွင့်ပေးလိုက်တဲ့ တရုတ် တရုတ်ပြည်သူ့အစိုးရဟာ တောင်ပိုင်းကျွန်းစု ပြည်နယ်တခုဖြစ်တဲ့ Hainan မှာ အင်တာနက် ဆင်ဆာတွေကို ဖွင့်ပေးဖို့ စီစဉ်နေကြောင်း သိရှိရပါတယ်။ ကမ္ဘာလှည့် ခရီးသည်တွေ ပိုမိုလာရောက် လည်ပတ်ဖို့အတွက် ဆွဲဆောင်တဲ့အနေနဲ့ Hainin မှာ အင်တာနက်ဆင်ဆာ ဖွင့်ပေးမှာဖြစ်တာကြောင့်၊ အဆိုပါဒေသကို လာရောက်လည်ပတ်သူတွေ အနေနဲ့ Facebook, Twitter, YouTube စတဲ့ တရုတ်မှာပိတ်ထားတဲ့ Websites တွေကို ဝင်ရောက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ယခုအစီအစဉ်ဟာ တရုတ်အစိုးရအာဏာပိုင်တွေက Hainan ပြည်နယ်ကို လွတ်လပ်စွာ ကုန်သည်ခွင့်ရှိတဲ့ ဆိပ်ကမ်း ဒေသအဖြစ် ၂၀၂၀ ခုနှစ်မှာ ပြောင်းလဲပစ်မယ့် စီမံကိန်းရဲ့ အစီအစဉ်တခုလည်း ဖြစ်ပါတယ်။ အဆိုပါ ၃ နှစ် စီမံကိန်း အကြောင်းကို ပြည်နယ်အစိုးရ ဝက်ဘ်ဆိုက်မှာ ကြာသပတေးနေ့က တရားဝင် ဖော်ပြခဲ့ပေမယ့်၊ နောက်တရက် သောကြာနေ့အရောက်မှာတော့ ပြန်လည်ဖြုတ်ချခဲ့တာ တွေ့ရကြောင်း South China Morning Post သတင်းဌာနမှာ ဖော်ပြပါရှိပါတယ်။ ပြည်နယ် အစိုးရရုံး ဝက်ဘ်ဆိုက်မှာ ဖြုတ်သွားပေမယ့်၊ တခြားအစိုးရပိုင် မီဒီယာ တွေကတော့ ဒီစီမံကိန်း အကောင်အထည် ဖော်မယ့်သတင်းတွေကို ဆက်လက်ဖော်ပြလျက်ရှိနေတာလည်း တွေ့ရပါတယ်။ “Great Firewall” လို့ နာမည်ကြီးတဲ့ တရုတ်အစိုးရရဲ့ အင်တာနက်ဆင်ဆာထိန်းချုပ်မှုစနစ်ဟာ နှစ်ပေါင်း ၂၀ ကျော် သက်တမ်းရှိပြီဖြစ်ပြီး၊ နိုင်ငံရပ်ခြား အခြေစိုက် ဆိုရှယ်မီဒီယာတွေနဲ့ သတင်းဌာန တော်တော်များများကို ဝင်ကြည့်၊ အသုံးပြုလို့မရအောင် ပိတ်ထားတဲ့စနစ်တခုဖြစ်ပါတယ်။ လတ်တလော သိရှိရသလောက် Hainan ပြည်နယ်ကို လာလည်တဲ့ နိုင်ငံရပ်ခြားခရီးသည်တွေဟာ Hainan ရဲ့ အဓိက မြို့ကြီးနှစ်မြို့က သတ်မှတ်ထားတဲ့ ဇုန်တွေအတွင်း ဝင်ရောက်ပြီး၊ Twitter, Facebook, YouTube စတာတွေ သုံးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ Instagram, WhatsApp, Google စတဲ့ တခြားနာမည်ကြီး ဆိုရှယ်မီဒီယာ ပလက်ဖောင်း တွေကိုတော့ ဖော်ပြထားတာ မတွေ့ရသေးပါဘူး။ စိတ်ဝင်စားစရာ ကောင်းတာ တခုကတော့ တရုတ်အစိုးရဟာ အခုလိုဆင်ဆာစနစ် ဖွင့်ပေးတဲ့ သတင်း အပေါ် တရုတ် ပြည်သူတွေရဲ့ မှတ်ချက်ချ၊ပြောကြားချက်တွေကို ဆင်ဆာလုပ်နေတယ်လို့ သိရပါတယ်။ တရုတ်ပြည်တွင်းသုံး နာမည်ကြီး ဆိုရှယ်မီဒီယာတခုဖြစ်တဲ့ Weibo မှာ အသုံးပြုသူ တဦး ပြောကြားချက်အရ အခုခရီးသွားလုပ်ငန်း အစီအစဉ်အသစ်ကို ဘယ်သူ တဦးတယောက်မှ မည်သည့် မှတ်ချက်မျိုးမဆို ပေးခွင့်မရှိဘူးလို့ သိရပါတယ်။ “Comment တွေ ထောင်သောင်းချီ ဖျက်ခံရပြီးပါပြီ။ အခုလို ဆင်ဆာလိုက်ဖျက်နေတာက ပြဿနာကို ဖြေရှင်းနိုင်မှာ ကျနေတာပဲ” လို့ အဆိုပါ အသုံးပြုသူက ရေးသားထားပါတယ်။ Ref : The Verge The post ကမ္ဘာလှည့်ခရီးသွား ဆွဲဆောင်ဖို့ ပြည်နယ်တခုမှာ အင်တာနက်ဆင်ဆာ ဖွင့်ပေးလိုက်တဲ့ တရုတ် appeared first on ဧရာဝတီ.
Source : https://ift.tt/2IlSvh7
via IFTTT

No comments:

Post a Comment