ဂူအတွင်းမှ ကလေးများကို ကယ်တင်ရန် ရေနှင့်ရွှံ့နွံများက တားဆီးပိတ်ဆို့ လျက်ရှိ ထိုင်းနိုင်ငံ မယ့်ဆိုင်ခရိုင်ရှိ ထမ်လုံခွန်နမ် ရေထွက်ဂူအတွင်း ပြီးခဲ့သည့် စနေနေ့က ဝင်ရောက်ရာမှာ ပျောက်ဆုံးသွားသည့် ကလေး ၁၂ဦးနှင့် ဘောလုံးနည်းပြ ၁ဦးကို ကယ်တင်ရန် ဒုတိယနေ့ ဆက်လက်ကြိုးပမ်းရာ လိုဏ်ဂူအခန်းသို့ သွားရာလမ်း မှာ အလွန်အမင်းကျဉ်းမြောင်းပြီး ရေတွေ ဖုံးနေကာ ရွှံ့နှင့် သဲတို့ထူနေကြောင်း သိရသည်။ ရေငုပ်သမားများက လိုဏ်ဂူအတွင်းရှိ အခန်းကျယ်ထဲအထိ ရောက်အောင် မစွမ်းဆောင်နိုင် ပဲရှိရာ ယင်းလိုဏ်ဂူအခန်း သည် မူလဝင်ပေါက်မှ ၄ ကီလိုမီတာဝန်းကျင်တွင် ရှိနေပြီး ဆက်ဝင်သွားလျှင် ၆ ကီလိုမီတာမှ ၈ ကီလိုမီတာရှိမည်ဟု ယူဆရသည်ဟု Khaosad သတင်းကဆိုသည်။ ယင်းလိုဏ်ဂူသည် မိုးရာသီကာလ ဇွန်လမှ အောက်တိုဘာလအထိ ရေပြည့်နေတတ်ကြောင်း ယခင်က လည်း ခရီးသွားများ ရေကြီး၍ ပိတ်မိနေသည့်အတွက် နောက်ရက်ရေကျမှ ကယ်ဆယ်ခဲ့ရဖူးသည့် သာဓကများလည်း ရှိကြောင်း သစ်တော အရာ ရှိတဦးဖြစ်သူ ကာမော်ချိုင်ကော့ချာက ပြောသည်။ ဂူအတွင်းမြေပုံ အဆိုပါ ကျောင်းသား ၁၂ဦးနဲ့ နည်းပြ ၁ဦးဟာ ဇွန်လ ၂၃ရက်နေ့ မနက်ပိုင်းက မယ်ဆိုင်မြို့မှာ ဘောလုံးလေ့ကျင့်မှုများ ပြုလုပ်ပြီးတဲ့နောက်မှာ အဆိုပါ ထမ်လုံခွန်နမ် ရေထွက်ဂူကို သွားရောက် ခဲ့ခြင်းဖြစ်သည်။ ယနေ့မနက်မှာတော့ ထိုင်းရေတပ်မှ ကယ်ဆယ်ရေးအဖွဲ့တွေဟာ ကျောင်းသား ၁၂ဦးနှင့် နည်းပြတဦးကို ကယ်တင်ဖို့ ဂူအတွင်းဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ The post ဂူအတွင်းမှ ကလေးများကို ကယ်တင်ရန် ရေနှင့်ရွှံ့နွံများက တားဆီးပိတ်ဆို့ လျက်ရှိ appeared first on ဧရာဝတီ.
Source : https://ift.tt/2tHbvS3
via IFTTT
No comments:
Post a Comment