Tuesday, June 5, 2018

Eleven Media Group

ဒုက္ခသည်အကျပ်အတည်းသစ် ဖြစ်လာစေရန် အီရန်က မီးထိုးပေးနိုင်သည်ဟု အစ္စရေးက ဂျာမနီကို သတိပေး အရှေ့အလယ်ပိုင်း၌ အီရန်၏ ဝင်စွက်ဖက်နေမှုများသည် ဥရောပသို့ နောက်ထပ် ဒုက္ခသည်အလုံးအရင်းဖြင့် ဝင်လာစေရန် မီးထိုးပေးသကဲ့သို့ ဖြစ်နေနိုင်ကြောင်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ဂျာမနီဝန်ကြီးချုပ် အင်ဂျလာမာကယ်ကို ဇွန် ၄ ရက်တွင် သတိပေးခဲ့သည်။ အစ္စရေးနှင့် ဥရောပသည် အီရန်နျူကလီးယား သဘောတူညီချက်၏ အနာဂတ်နှင့်ပတ်သက်၍ သဘောထားကွဲလွဲနေကြစဉ် နေတန်ယာဟုက ယခုကဲ့သို့ ပြောခဲ့ခြင်း ဖြစ်သည်။ နေတန်ယာဟု၏ သုံးရက်ကြာ ဥရောပခရီးစဉ်အစသည် အီရန်နှင့်ပတ်သက်သော မဟာဗျူဟာပိုင်းဆိုင်ရာ ကွဲလွဲမှုများက ကြီးစိုးနေခဲ့သည်။ အီရန်၏နျူကလီးယား သန့်စင်ရေးလုပ်ငန်းစဉ်များကို ရပ်တန့်စေရန် ပိတ်ဆို့အရေးယူမှုများကို ဖယ်ရှားပေးလိုက်သဖြင့် ဆီးရီးယားနှင့် ယီမင်ကဲ့သို့ နိုင်ငံများ၌ အီရန်၏စစ်ရေးတည်ရှိမှု ကြီးထွားလာစေရန် အီရန်အစိုးရက ငွေကြေး ထောက်ပံ့နိုင်စွမ်းရှိလာခဲ့သည်ဟု နေတန်ယာဟုက စွပ်စွဲခဲ့သည်။ “အီရန်ဟာ ဆွန်နီအများစုနေထိုင်ကြတဲ့ ဆီးရီးယားထဲမှာ ဘာသာရေးစည်းရုံးလှုံ့ဆော်မှုတစ်ခု လုပ်ဆောင်ချင်နေတာဖြစ်ပြီး ဆွန်နီတွေကို ပြောင်းလဲအောင် ကြိုးပမ်းမှာ ဖြစ်ပါတယ်” ဟု နေတန်ယာဟုက မာကယ်နှင့်ပူးတွဲပြုလုပ်သော သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့သည်။ “ဒါဟာ နောက်ထပ် ဘာသာရေးစစ်ပွဲတစ်ခု ဖြစ်လာအောင်ကို မီးထိုးပေးပါလိမ့်မယ်။ ဒီတစ်ကြိမ် ဆီးရီးယားထဲက ဘာသာရေးစစ်ပွဲရဲ့ နောက်ဆက်တွဲအကျိုးဆက်ကြောင့် နောက်ထပ်ဒုက္ခသည်တွေ အမြောက်အမြား ထပ်ပြီးထွက်ပေါ်လာပါလိမ့်မယ်။ အဲဒီဒုက္ခသည်တွေဟာ ဘယ်ကိုသွားချင်သလဲဆိုတာလည်း သင်တို့လည်း သိပါတယ်” ဟု နေတန်ယာဟုက ပြောကြားခဲ့သည်။ အီရန်နျူကလီးယား သဘောတူညီချက်အပေါ် ကာလရှည်ကြာဆန့်ကျင်ခဲ့သူ တစ်ဦးဖြစ်သော နေတန်ယာဟုသည် ဇွန်၅ ရက်၌ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်၊ ဇွန် ၆ ရက်၌ ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေတို့နှင့် တွေ့ဆုံမည် ဖြစ်သည်။ ပြီးခဲ့သည့် လက အီရန်နျူက လီးယားသဘောတူညီချက်မှ အမေရိကန်နုတ်ထွက်ခဲ့ပြီးကတည်းက ထိုဥရောပသုံးနိုင်ငံစလုံးသည် အဆိုပါသဘောတူညီချက်အား ကယ်တင်ရန် ကြိုးပမ်းသွားမည်ဟု ကတိပြုထားကြသည်။ မာကယ်ကမူ ဥရောပနှင့် အစ္စရေးတို့ အီရန်အား နျူကလီးယားလက်နက် ဘယ်တော့မှ မရရှိစေရန် ရည်မှန်းချက်ချင်း တူညီကြသော်လည်း မည်သို့အကောင်အထည်ဖော်မည်နှင့် ပတ်သက်၍ နက်နက်ရှိုင်းရှိုင်း ကွဲလွဲနေကြသည်ဟု ပြောကြားခဲ့သည်။ ယခု နျူကလီးယားသဘောတူညီချက်သည် အချိန်အတိုင်းအတာတစ်ခုအထိ အီရန်၏ လှုပ်ရှားမှုများကို ထိန်းချုပ်နိုင်ကြောင်း၊ သဘောတူညီချက်တွင် လက်မှတ်ရေးမထိုးမီက အီရန်သည် နျူကလီးယားလက်နက်ကို ရလုနီးပါး အခြေအနေအထိ ရောက်နေခဲ့ကြောင်း မာကယ်က ပြန်လည်ကာကွယ်ပြောကြားခဲ့သည်။ အီရန်ဘာသာရေးခေါင်းဆောင် အယာတိုလာအလီခါမေနီက အစ္စရေးသည် ‘ဆိုးရွားလှသည့် ကင်ဆာအကျိတ်’ တစ်ခုဖြစ်သည်ဟု ဇွန် ၃ ရက်တွင် Twitter ၌ ဝေဖန်ရေးသားခဲ့သည်။ အီရန်သည် ၎င်း၏ အိမ်နီးချင်းနိုင်ငံများအရေးကို ဝင်စွက်ဖက်နေသည့် လုပ်ရပ်ကို အနောက်နိုင်ငံများက ဒေသတွင်း၌ မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်နေသည်ဟု ရှုမြင်ကြသည်။ သို့သော် အစ္စရေးကမူ အီရန်၏ ထိုလုပ်ရပ်များသည် ၎င်းတို့ကို တိုက်ရိုက် ခြိမ်းခြောက်မှုဟု ရှုမြင်သည်။ Ref ; AFP
Source : https://ift.tt/2JiP7oB
via IFTTT

No comments:

Post a Comment