ထိုင်းနိုင်ငံအတွင်း ခိုးဝင်လာသည့် တရားမဝင် မြန်မာအလုပ်သမား ၄၀ဦးကို ရနောင်းမြို့မှ ချွန်ဖော်သို့ ခိုးသွင်းလာစဉ် ထိုင်းစစ်တပ်က ယနေ့ဖမ်းဆီးလိုက်ကြောင်း The Nation သတင်းကဆိုသည်။ အဆိုပါ တရားမဝင်မြန်မာအလုပ်သမားများကို မော်တော်ယာဉ် ၃စီးဖြင့် တင်ဆောင်ပြီး ချွန်ဖော်သို့ အဝေးပြေးလမ်းအတိုင်း မောင်းနှင်လာရာ ရွာသားများက သတင်းပေးသည့်အတွက် အမှတ် ၂၅ ခြေလျင်တပ်က တားဆီးကာ စစ်ဆေးခဲ့ခြင်းဖြစ်ပြီး၊ ကားပေါ်တွင် မြန်မာအမျိုးသား ၃၄ဦး၊ အမျိုးသမီး ၆ ဦးကို ဖမ်းမိကြောင်း၊ ယာဉ်မောင်း ၃ဦးအနက် ၂ဦးမှာ မြန်မာများဖြစ်ပြီး၊ တဦးမှာ ထိုင်းနိုင်ငံသားဟု သိရသည်။ တရားမဝင် မြန်မာအလုပ်သမားများ ထိုင်းစစ်တပ်က ဖမ်းဆီးစဉ်(The Nation) ယာဉ်မောင်း ၃ ဦးတို့၏ ထွက်ဆိုချက်အရ မြန်မာနိုင်ငံဘက်ခြမ်း ကော့သောင်းမြို့အနီးရှိ နယ်စပ်မှ တင်ဆောင်လာခြင်း ဖြစ်ပြီး တဦးလျှင် ဘတ်ငွေ ၂ထောင်ရကြောင်း၊ ၎င်းတို့ကို ချွန်ဖော်သို့ ပို့ရန်ဖြစ်ပြီး ထိုမှတဆင့် မလေးရှားနိုင်ငံထဲသို့ တခြား တဖွဲ့က သယ်ဆောင်ပေးမည်ဟု သိရသည်။ ဖမ်းဆီးရမိသည့် ယာဉ်မောင်းများကို ရနောင်းမြို့ လူဝင်မှုကြီးကြပ်ရေးသို့ ထိုင်းစစ်တပ်က လွှဲပြောင်းပေးပြီးနောက် တရားမ ဝင် မြန်မာအလုပ်သမားများကို မြန်မာဘက်ခြမ်းသို့ ပြန်လည်လွှဲအပ်ကာ ပြည်နှင်ဒဏ်ပေးမည်ဟု မျှော်လင့်ရကြောင်း The Nation သတင်းကဆိုသည်။ Did you find apk for android? You can find new Free Android Games and apps. Topics: တရားမဝင် မြန်မာအလုပ်သမား
Source : https://goo.gl/pMwcXy
via IFTTT
No comments:
Post a Comment