Thursday, June 7, 2018


Touchpad အစား Touchscreen ပြောင်းသုံးထားတဲ့ Asus ZenBook Pro ထိုင်ဝမ်နိုင်ငံရဲ့ မြို့တော်၊ တိုင်ပေမှာ ကျင်းပပြုလုပ်နေတဲ့ ကမ္ဘာ့အီလက်ထရောနစ်ပြပွဲ “Computex 2018” မှာ ASUS ဟာ Premium Laptop မော်ဒယ်တွေဖြစ်တဲ့ “ZenBook Pro 14” နဲ့ “ZenBook Pro 15” တို့ကို မိတ်ဆက်ပြသ သွားခဲ့ပါတယ်။ “ZenBook Pro 14 နဲ့ 15” တို့ရဲ့ အထူးခြားဆုံးဒီဇိုင်း ပြောင်းလဲမှုတခုကတော့ ကျနော်တို့ Laptop တွေမှာ ပုံမှန်တွေ့နေကြ Touchpad နေရာမှာ Touch Screen တွေကို ပြောင်းလဲသုံးစွဲထားတာပါ။ အဆိုပါ Touch Screen တွေကို ASUS ကတော့ “ScreenPad” လို့ နာမည်ပေးထားပါတယ်။ ZenBook Pro မော်ဒယ် အသစ်တွေက ScreenPad ဟာ ပုံမှန် Touchpad တခုလို အသုံးပြုနိုင်သလို၊ ဘက်စုံ အသုံးပြုနိုင်တဲ့ Touch အသုံးပြု Display အဖြစ်လည်း အသုံးပြုနိုင်ပါသေးတယ်။ ပြောရမယ်ဆိုရင် စမတ်ဖုန်း အသေးလေး တလုံးကို သင့် Laptop မှာ ပေါင်းထည့် ပေးထားသလိုပါ။ ScreenPad ရဲ့ အရွယ်အစားက ၅.၅ လက်မ ရှိတာကြောင့် သာမန် စမတ်ဖုန်း တလုံး အရွယ်အစားဖြစ်ပြီး၊ Resolution 1920 x 1080 Pixels ရှိတာကြောင့် တချို့ဖုန်းတွေထက်တောင် ရုပ်ထွက်ကောင်းပါသေးတယ်။ ScreenPad ကို App Launcher, Calculator, Calendar ဒါမှမဟုတ် Keypad အဖြစ်ပါ ပြောင်းလဲ အသုံးပြု နိုင်ဦးမှာပါ။ Chrome Extension တခုကနေလည်း YouTube ဗီဒီယိုတွေကို ပြန်ကြည့်နိုင်သေးတာကြောင့် တော်တော်မိုက်တဲ့ ဒီဇိုင်းတခုလို့ ဆိုရမှာပါ။ Display အပိုတခုအနေနဲ့ပါ အသုံးပြုနိုင်တာကြောင့် Multi-tasking (အလုပ်နှစ်ခု တပြိုင်နက် လုပ်ခြင်း) သုံးချင်သူတွေအတွက် အဆင်ပြေနိုင်လိမ့်မယ်လို့ ယူဆရပါတယ်။ တကယ်အသုံးဝင် မဝင်ကတော့ နောက်ပိုင်းမှာ ပိုမိုအသုံးချနိုင်အောင် ကုမ္ပဏီကလုပ်ပေးမယ့် အစီအစဉ်တွေပေါ် မူတည်ပါလိမ့်မယ်။ လက်ရှိမှာတော့ ASUS နဲ့ Microsoft တို့ ပူးပေါင်းပြီး Office Apps တွေဖြစ်တဲ့ Excel တို့ PowerPoint တို့ရဲ့ Shortcuts တွေကို ScreenPad ပေါ်မှာ ကောင်းကောင်း အသုံးပြုနိုင်အောင် ပြုလုပ်ထားတယ်လို့ သိရပါတယ်။ ZenBook Pro 14 နဲ့ 15 တို့ဟာ ScreenPad ပါတာတင်မဟုတ်ဘဲ၊ Hardware ပိုင်းမှာလည်း တကယ့် အကြမ်းကြီးတွေပဲလို့ ပြောလို့ရပါတယ်။ ZenBook Pro 15 မှာ 15.6-inch ရှိတဲ့ 4K UHD NanoEdge Display ကို အသုံးပြုထားပြီး၊ 8th Gen Intel Core i9 Processor ၊ 16GB DDR4 RAM ၊ Nvidia GeForce GTX 1050i GPU တို့ကို အသုံးပြုထားပါတယ်။ 1TB PCIe x4 SSD လည်း ပါသေးတာကြောင့် စွမ်းဆောင်ရည်ကတော့ ကိန်းဂဏန်းအရ အလန်းစားလို့ ပြောလို့ရပါတယ်။ Harman Kardon အသိအမှတ်ပြု စပီကာစနစ်လည်း ပါဝင်သလို၊ လက်ဗွေရာဆန်ဆာလည်း ပါဝင်ပါသေးတယ်။ ZenBook Pro 14 မှာတော့ 4K Display အစား 14-inch FHD NanoEdge Display ဖြစ်သွားပြီး၊ 8th Gen Core i7 ၊ 16GB RAM နဲ့ GeForce GTX 1050 Max-Q Graphics ကတ်တို့ကို ပြောင်းလဲအသုံးပြုထားပါတယ်။ Intel Optane Memory အသုံးပြုနိုင်ပြီး၊ မျက်နှာဖတ် နည်းပညာသုံးနိုင်တဲ့ အနီအောက်ရောင်ခြည်သုံး ကင်မရာလည်း ပါဝင်ပါတယ်။ ASUS အနေနဲ့ အဆိုပါ Laptop မော်ဒယ် ၂မျိုးလုံးကို ၂၀၁၈ ခုနှစ် နှောင်းပိုင်းမှ ဈေးကွက်တင်မှာဆိုတော့ ဝယ်ချင်ရင် နည်းနည်းတော့ စောင့်ရပါလိမ့်မယ်။ ဈေးနှုန်းကိုလည်း တရားဝင် မကြေညာရသေးပါဘူး။ Ref: The Verge, Gadgets 360 The post Touchpad အစား Touchscreen ပြောင်းသုံးထားတဲ့ Asus ZenBook Pro appeared first on ဧရာဝတီ.
Source : https://ift.tt/2JxNk2h
via IFTTT

No comments:

Post a Comment