သီလဝါ အထူး စီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံကျော် ဝင်ရောက်ထား သီလဝါအထူးစီးပွား ရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှု ကန် ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံကျော် ဝင်ရောက်ထားပြီး အပိုင်း(က) ၌ ကုမ္ပဏီ ၁၀ ခုအတွက်သာ မြေငှားရန်မြေကွက်ကျန်ရှိတော့ကြောင်း မြန်မာ-ဂျပန် သီလဝါဖွံ့ဖြိုးရေး ကုမ္ပဏီ(MJTD) ဥက္ကဋ္ဌနှင့် အမှု ဆောင်အရာရှိချုပ် မစ္စတာရန်နိုင် တာကာရှိက ပြောသည်။ သီလဝါ အထူးစီးပွားဇုန် သည် ဒေသတွင်း နိုင်ငံများရှိ အောင်မြင်နေသည့် စက်မှုဇုန်များ ထက် ပိုမိုအောင်မြင်နေပြီး ယင်း စက်မှုဇုန်များထက် ရင်းနှီးမြှုပ်နှံ မှုသည် လေးဆခန့်ပိုမိုဝင်ရောက် နေကြောင်း ၎င်းကပြောသည်။ လက်ရှိတွင် သီလဝါအထူး စီးပွားရေးဇုန်ကို အပိုင်း(က)အ တွင်း မြေဧရိယာဟက်တာ ၄၀၀ နှင့် အပိုင်း(ခ)အတွက် မြေဧရိ ယာဟက်တာ ၁၀၀ အကောင်အ ထည်ဖော်နေခြင်း ဖြစ်သည်။ အ ပိုင်း(က)စီမံကိန်းသည် ဖော်ဆောင် ပြီးဖြစ်ပြီး အပိုင်း(ခ) စီမံကိန်းများသည် ၂၀၁၈ အတွင်း အပြီးတည်ဆောက်မည်ဖြစ်ကြောင်း ဆိုသည်။ သီလဝါအထူးစီးပွားဇုန်အ ပိုင်း(က)၌ လက်ရှိတွင်ကုမ္ပဏီ ၇၉ ခုနှင့် အပိုင်း(ခ)၌ ကုမ္ပဏီ ငါးခုစုစုပေါင်းကုမ္ပဏီ ၈၄ ဝင်ရောက် ထားကြောင်း မစ္စတာရန်နိုင်တာ ကာရှိက ပြောသည်။ ဝင်ရောက်သည့် ကုမ္ပဏီများသည် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ သံချည်သံကွေး၊ မော်တော်ကားအပိုပစ္စည်းထုတ် လုပ်ရေး၊ လျှပ်စစ်ပစ္စည်းထုတ် လုပ်ရေးနှင့် လယ်ယာလုပ်ငန်း သုံးပစ္စည်းထုတ်လုပ်ရေးတို့ လာ ရောက်ရင်းနှီးမြှုပ်ထားကြောင်း အဆိုပါကုမ္ပဏီမှ သိရသည်။ ‘‘ဒီမြေမှာ ဘာစီမံကိန်းလုပ် မယ်လို့ မပြောတဲ့သူကို မြေမ ရောင်းပါဘူး။ အလုပ်အကိုင်အ ခွင့်အလမ်းပေးနိုင်မည့် ကုမ္ပဏီ ကို အဓိကထား ရောင်းပါတယ်။ နောက်ပြီး သဘာဝပတ်ဝန်းကျင် ကို ထိခိုက်နိုင်မည့် ကုမ္ပဏီကို လည်း မရောင်းပါဘူး’’ဟု မစ္စတာ ရန်နိုင်တာကာရှိက ပြောကြားသည်။ သီလဝါအထူးစီးပွားရေးဇုန် တစ်ခုလုံးတွင် စတင်အကောင် အထည်ဖော်ခဲ့သည့် ၂၀၁၅ စက် တင်ဘာမှ လက်ရှိအချိန်ထိ စုစု ပေါင်းကန် ၁ ဒသမ ၇ ဘီလီယံဖိုး ဝင်ရောက်ထားကြောင်း ကုမ္ပဏီဘက်က ထုတ်ပြန်ထားသည်။ ယင်းတို့အနက် ကုန်ထုတ်လုပ်မှုအပိုင်းတွင် ကန်ဒေါ်လာ သန်း ၇၇၀ ကျော်၊ ပို့ကုန်၊ သွင်းကုန်တွင် ကန်ဒေါ်လာသန်း ၁၂၀ ကျော်၊ သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် သန်း ၇၀ ကျော်၊ ဝန်ဆောင်မှုတွင် သန်း ၅၀ ကျော်နှင့် အိမ်ရာကဏ္ဍ တွင် သန်း ၃၀ ကျော်ဝင်ရောက် ထားသည်။ MJTD သည် မြန်မာဘက် မှ ရှယ်ယာ ၅၁ ရာခိုင်နှုန်းနှင့် ဂျပန် ဘက်မှ ရှယ်ယာ ၄၉ ရာခိုင်နှုန်းပါဝင်ထားသည့် ကုမ္ပဏီဖြစ်သည်။ မြန်မာဘက်တွင် ပိုင်ဆိုင်သည့် ရှယ်ယာ ၅၁ ရာခိုင်နှုန်း၌ အစိုးရ ပိုင် သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီနှင့် MTSH ကုမ္ပဏီတို့ပါဝင်ပြီး ဂျပန်ဘက် တွင် MMS Thilawa Developm -ent ကုမ္ပဏီနှင့် JICA တို့က ပါ ဝင်သည်။ လက်ရှိတွင် ရန်ကုန်မှ သီလဝါအထူးစီးပွားရေးဇုန်သို့ သွား သည့်လမ်းကို ဂျပန်ယန်းငွေ ၄ ဘီလီယံကျော် (ကန်ဒေါ်လာ ၄၂သန်းခန့်) ကုန်ကျခံကာ လေးလမ်းသွားလမ်းမအဖြစ် အဆင့်မြှင့်တင်မည်ဖြစ်သည်။ အဆိုပါ လမ်းအဆင့်မြှင့် တင်ခြင်းအတွက် JICA (ဂျပန်အ ပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးအေဂျင်စီ)ထံမှ ချေးငွေ ယူဆောင်ရွက်ခြင်းဖြစ်ပြီး တစ်နှစ်ခွဲအတွင်း အပြီးဆောင်ရွက်မည် ဟု JICA က ဩဂုတ် ၂ ရက်တွင်ထုတ်ပြန်ကြေညာခဲ့သည်။
Source : http://ift.tt/2u7zDfp
via IFTTT
No comments:
Post a Comment