Friday, August 4, 2017

7Day News Journal

နိုင်ငံရေးဆွေးနွေးမှု မူဘောင်ကို ပြင်ဆင်ရန် လိုအပ်ကြောင်း UNA ပြော ထိရောက်သည့် နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ရန်တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) အရ ဖြစ်လာသည့် နိုင်ငံရေးဆွေးနွေး မှု မူဘောင်ကို ပြင်ဆင်ရန်လိုအပ်ကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) ပြောရေးဆိုခွင့် ရှိသူများက ဩဂုတ် ၃ ရက်တွင် ပြုလုပ်သည့် ဖက်ဒရယ်ရေးရာအလုပ်ရုံဆွေးနွေးပွဲ၌ ပြောသည်။ UNA အဖွဲ့ဝင် တိုင်းရင်းသားပါတီ ၁၅ ပါတီအနေဖြင့် အဆိုပါမူဘောင်ကို သုံးသပ်ဆွေးနွေး၍ နိုင်ငံရေးဆွေးနွေးပွဲများတွင် ပြန်လည်တင်ပြရန်ရှိကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SLND) တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) ဦးစိုင်းကျော်ညွန့်က ပြောသည်။ ‘‘NCA အတိုင်းသွားမယ်ဆို ရင်တော့ မူဘောင်ကို အဆင်ပြေ အောင် ဘယ်လို ပြုပြင်ပြီး သွားရ မလဲ။ ဒီမူဘောင်မှာ ဖြစ်နေတဲ့အ ခက်အခဲတွေ အကျပ်အတည်း တွေကို ဘယ်လိုဖြေရှင်းနိုင်မလဲ ပေါ့။ အဲဒီအပေါ်မှာ အခြေခံပြီး တော့ သုံးသပ်မှာဖြစ်ပါတယ်’’ဟု ဦးစိုင်းကျော်ညွန့်က ပြောသည်။ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်တွင် အများစုသည် ပြင် ဆင်ပြီးသော်လည်း အရေးကြီးအချက်နှစ်ချက်ဖြစ်သော နိုင်ငံရေးဆွေးနွေးရာ၌ မည်သည့်အဖွဲ့အစည်းက မည်မျှပါမည်ဆိုသည့်အ ချက်နှင့် ဆုံးဖြတ်ချက်ချမှတ်မည့် နည်းလမ်းတို့ကို ပြန်လည်ဆွေး နွေးရမည်ဟု ၎င်းကပြောသည်။ ထို့အပြင် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးများ ကို ယခင်ထက် ပိုမိုအချိန်ယူကျင်းပရန်နှင့် အလွတ်သဘော ညှိနှိုင်းဆွေးနွေးပွဲများ များစွာပြုလုပ်ရန် လိုအပ်ကြောင်း ချင်း တိုးတက်ရေးပါတီ အထွေထွေ အတွင်းရေးမှူး ဆလိုင်းရှိန်းထွန်း က သုံးသပ်ပြောကြားသည်။ ကရင်အမျိုးသားပါတီ ဒုတိ ယဥက္ကဋ္ဌ ဦးမန်းထိန်ဝင်းစိန်က ‘‘အမျိုးသားအဆင့် နိုင်ငံရေးဆွေး နွေးပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် မ လုပ်ရသေးဘဲနဲ့ ပြည်ထောင်စုသဘောတူစာချုပ်အဖြစ် ချုပ်ဆို မယ်ဆိုတာက ဖြစ်သင့်ရဲ့လား၊ ပြည်ထောင်စုသဘောတူ စာချုပ်မှာ ပါဝင်နိုင်မယ့် အခြေခံအချက်တွေကို တင်တဲ့ လုပ်ငန်းကော်မတီအစည်းအဝေးကိုလည်း ကျယ်ကျယ်ပြန့်ပြန့်လုပ်ခဲ့နိုင်ရဲ့လား ဒါကလည်း မေးခွန်းထုတ်စရာရှိနေတယ်’’ဟု ပြောသည်။ ဆွေးနွေးပွဲကို ဩဂုတ် ၄ ရက် (ယနေ့)အထိ ပြုလုပ်မည် ဖြစ်ပြီး အခွင့်အာဏာခွဲဝေမှုအ တွက် အခြေခံဥပဒေအကာအ ကွယ်၊ ဖက်ဒရယ်အခြေခံဥပဒေ အတွင်းမှ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ခွဲမထွက်ခြင်း၊ ဖက်ဒရယ်စနစ် တွင် အခြေခံဥပဒေပြင်ဆင်ခြင်း လုပ်ထုံးလုပ်နည်းများ၊ ဖက်ဒရယ် နိုင်ငံများတွင် အခြေခံဥပဒေအား ပြန်လှန်သုံးသပ်ခြင်း စသည်တို့ပါ ဝင်သည်။ ‘‘မြန်မာ့ငြိမ်းချမ်းရေး အ တွက်က စိန်ခေါ်မှုတွေ အများကြီး ပါ။ အတူတကွ ပေါင်းစည်းနေ ထိုင်နိုင်ဖို့၊ မျှတတဲ့အခွင့်အရေး တွေရှိဖို့နဲ့ ခိုင်မာတဲ့ ဖက်ဒရယ်စ နစ်ဖြစ်ဖို့အတွက် စဉ်းစားရမှာ တွေ၊ လုပ်ရမှာတွေ အများကြီးပါ။ ကျွန်တော်အထူးပြုတဲ့ ခေါင်းစဉ် အောက်မှာဆိုရင် ယုံကြည်မှု တည်ဆောက်ရေးအပိုင်းနဲ့ များ များဆွေးနွေးဖို့ကို ကျွန်တော် အဓိက ပြောချင်ပါတယ်’’ဟု UK ရှိ Canterbury Christ Church University မှ Dr.Soeren Keil က ဆိုသည်။ မြန်မာနိုင်ငံရှိ နိုင်ငံရေး ပြဿနာများ ပြေလည်မှုရရှိရေး နိုင်ငံရေးဆွေးနွေးရာတွင် မည် သည့်အဖွဲ့များပါဝင်ရမည်၊ မည် သည့်အကြောင်းအရာ ဆွေးနွေး မည်၊ ဆွေးနွေးချက်များကို မည်သို့ ဆုံးဖြတ်မည် စသည်တို့ကို ရေးဆွဲ ထားသည့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို အစိုးရ၊ နိုင်ငံရေးပါတီနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား အပြီးသတ် သုံးသပ်အတည်ပြုနိုင်ခြင်းမရှိဘဲ ၂၁ ရာစု ပင်လုံဒုတိယ အစည်းအဝေးကျင်းပရာ ဆုံးဖြတ်ချက်ချမှတ်မှုအပိုင်း၌ အငြင်းပွားမှုအချို့ရှိခဲ့သည်။ လက်ရှိတွင် အစိုးရ၊ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အ စည်းများအပါအဝင် အစုအဖွဲ့ အသီးသီးက နိုင်ငံရေးဆွေးနွေးမှု မူဘောင်အပေါ် ပြန်လည်သုံးသပ် မှုများရှိနေသည်။ NCA အကောင်အထည်ဖော် ရာတွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ နှစ်ဖက် စလုံး၌ အားနည်းချက်များ၊ ချွတ် ယွင်းချက်များ ရှိခဲ့ကြောင်းနှင့် နိုင်ငံရေးဆွေးနွေးပွဲများ အား ကောင်းရန် နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာ မူဘောင်တစ်ခုလုံး သုံး သပ်အတည်ပြုနိုင်ရန် လိုအပ် ကြောင်း တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ် (NCA) လက်မှတ်ထိုးထား သည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်း ခေါင်းဆောင် များကလည်း ထုတ်ဖော်ပြော ကြားထားသည်။
Source : http://ift.tt/2wdmq6j
via IFTTT

No comments:

Post a Comment