ဖမ်းဆီးခံ သတင်းထောက် ၃ ဦး အာမခံ ပယ်ချခံရ မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) ဖြင့် သီပေါမြို့နယ်တွင် ဖမ်းဆီးခံထားရသည့် ဧရာဝတီသတင်းဌာန သတင်းထောက် ဦးသိန်းဇော် (လဝီဝမ်)၊ DVB သတင်းဌာန သတင်းထောက် ဦးအေးနိုင်နှင့် ကိုပြည့်ဘုန်းအောင် တို့၏ အာမခံလျှောက်ထားမှု ကို ယနေ့ ပြုလုပ်သည့် ရုံးချိန်းတွင် တရားသူကြီးက ပယ်ချလိုက်ကြောင်း သိရသည်။ ဖမ်းဆီးခံ သတင်းသမား ၃ ဦးအပါအဝင် ၆ ဦးသည် ဇူလိုင် ၂၈ ရက်နေ့က ပြုလုပ်သည့် ရုံးချိန်းတွင် ၎င်းတို့၏ ရှေ့နေများက အာမခံရရှိရေး လျှောက်ထားခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အခမ်းအနားပြုလုပ်သည့် ရှမ်းပြည်နယ် မြောက်ပိုင်း၊ တအာင်း ပလောင် လွတ်မြောက်ရေးတပ်ဖွဲ့ TNLA စခန်းသို့ သတင်းသွားရောက် ရယူခဲ့သည့် သတင်းသမား ၃ ဦး အပါအဝင် တပ်မတော်က ဖမ်းဆီးခဲ့သူ ၆ ဦးကို ယနေ့ မနက်ပိုင်းက သီပေါမြို့နယ် တရားရုံးတွင် ရုံးထုတ် စစ်ဆေးခဲ့ခြင်းဖြစ်ပြီး အာမခံပယ်ချခံရသည့် အကြောင်းအရင်း အသေးစိတ် ဆက်လက် ဖော်ပြပါမည်။ The post ဖမ်းဆီးခံ သတင်းထောက် ၃ ဦး အာမခံ ပယ်ချခံရ appeared first on ဧရာဝတီ.
Source : http://ift.tt/2vmRm6E
via IFTTT
No comments:
Post a Comment