Friday, August 4, 2017


Toyota Fielder တွေလည်း ရန်ကုန်လိုင်စင်နဲ့ ရနိုင်တယ် မော်ဒယ်က ပြည်တွင်းမှာ လူကြိုက် အများဆုံး အမှတ်တံဆိပ် ဖြစ်တဲ့ Toyotaရဲ့ မော်ဒယ်ပါ။ နောက်ဘက်ဝန်တင်ခန်း ကျယ် ဝန်းတယ်၊ Proboxကို အိမ်စီး မော်ဒယ်အဖြစ် အဆင့်မြှင့်ထုတ်လုပ်ထားတဲ့ မော်ဒယ်လို့ ဆိုရင် မမှားပါဘူး။ Succeed ထက်လည်း အပြင်အဆင်ရော အရည်အသွေးပါ ပိုမို ကောင်းမွန်ပါတယ်။ ရုပ်ထွက်နဲ့ ကိုယ်ထည်အချိုးအဆစ်ကို ဇိမ်ခံစစ်စစ် မဟုတ်ပေမယ့် ဥရောပ Van တွေရဲ့ မော်ဒယ်ပုံစံ ချိုးဆစ်ထားမှုက သဘောကျစရာပါ။ ကိုယ်ထည်ပိုင်း ဒီလောက်မကြီးလို့ မြို့တွင်းလမ်းတွေနဲ့ အဆင်ပြေတယ်၊ အင်ဂျင်စနစ် မကြီးမားလို့ ဆီစားနှုန်း ချိုသာတယ်၊ ဒါပေမယ့် အင်ဂျင်က အသေးစားအင်ဂျင်တော့ မဟုတ်ပါဘူး။ ကိုယ်ထည်အရွယ်အစားနဲ့ ပြန်ချိန်ကြည့်မယ်ဆိုရင် အနေတော် အင်ဂျင်အရွယ်အစားကို တပ်ဆင်ထားမှုက ခရီးဝေး မောင်း နှင်ဖို့ရော တောင်တက်လမ်းတွေမှာ ဖြစ်စေ၊ လမ်းကြမ်း အသင့်အနေအထားကို ဖြစ်စေ၊ ဝန်အသင့် တင်ဆောင်မယ်ဆိုရင် ဖြစ်စေ၊ စိတ်ကြိုက် အံဝင်အောင် ထုတ်လုပ်ထားတဲ့မော်ဒယ်ပါ။ အင်ဂျင်စနစ်က ၁.၅ လီတာသုံး အင်ဂျင် ဖြစ်ပြီး မော်ဒယ်မြင့်တွေအဖြစ် ဈေးကွက်ဝင်နေမှုက နောက်ပိုင်း ရေရှည်အနေ အ ထားမှာလည်း မော်ဒယ်ကို စိတ်ချရစေနိုင်ပါတယ်။ အရောင်အပိုင်းမှာလည်း ပြည်တွင်းမှာ လူကြိုက် အများဆုံး အဖြူရောင်နဲ့ ပုလဲနှစ်ရောင်တွေ အများဆုံး ရနိုင်ပြီး အပြာ၊ အ နီနဲ အနက်လို အခြား အရောင်တွေလည်း နည်းနည်း ရှားချင်ပေမယ့် ရနိုင်ပါတယ်။ အရောင်အပေါ်မှာတော့ ဈေးစကား နည်းနည်း ပြောပြီး အဖြူနဲ့ ပုလဲနှစ်တွေကတော့ လူကြိုက်များလို့ သိန်း ၂၀ လောက် ထိအောင် မော်ဒယ်မြင့်ရင် ဈေးပိုချင်ပါတယ်။ ပွဲတက် ဇိမ်ခံ မော်ဒယ်အနေနဲ့တော့ အဆင်မပြေနိုင်ပေမယ့် မိသားစုလိုက် ခရီးထွက်တတ်သူတွေ၊ ဝန်တင်ဆောင်လိုသူတွေ အတွက်ကတော့ အဆင်ပြေပါတယ်။ နောက်ဘက် ဝန်တင်ခန်းကလည်း တန်းတူ မော်ဒယ်တွေထက် ကျယ်ဝန်းပါ တယ်။ အထူးသဖြင့်ကတော့ နောက်ဘက်ဝန်တင်ခန်း ကျယ်ဝန်းကောင်းမွန်ခြင်းပါ။ များသောအားဖြင့် တန်ကြေးသင့် မော်ဒယ်တွေ က နောက်ဘက် ခရီးသည်ခန်း ကျဉ်းတတ်ပြီး ခရီးဝေးသွားလာမှုမှာ အဆင်မပြေချင်ပေမယ့် အခု Fielder ကတော့ နောက် ဘက်ခန်း ကျယ်ဝန်းပါတယ်။ ခရီးသည် ၅ ယောက်ထိအောင် စိတ်ကြိုက် လိုက်ပါ စီးနင်းနိုင်မှာပါ။ တပ်ဆင်ပစ္စည်းအပိုင်းမှာတော့ TV ပါမယ်၊ နောက်ဘက် ရိုက်ကူးကင်မရာလည်း ပါရှိပြီး ပါကင်ထိုးချိန်တွေမှာ အာရုံခံ ဆင် ဆာမလိုဘဲ အကောင်းဆုံး ပါကင်ထိုးနိုင်မယ်၊ Fog-Lamp ပါတယ်၊ လေအေးပေးစနစ်က Digital နဲ့ လာတယ်၊ ဒါက ပုံမှန် ခလုတ်နဲ့ စနစ်တွေထက် မော်ဒယ်မြင့်ဆိုတာ ပေါ်လွင်စေသလို အသုံးပြုရတာလည်း ပိုပြီး အဆင်ပြေကောင်းမွန်လာစေပါ တယ်။ Spoiler ပါတယ်၊ ဘီးတွေက Alloy တွေနဲ့ လာပြီး Smart Key နဲ့ သုံးနိုင်သလို အင်ဂျင်က Pushပုံစံနဲ့ စက်နှိုးနိုင်မှာ ဖြစ်ပါတယ်။ ပြည်တွင်းဈေးကွက်အနေအထားမှာတော့ အိမ်စီးမော်ဒယ်အဖြစ် အများဆုံး အသုံးပြုတာ တွေ့ရပြီး နယ်မြို့ကြီးတွေ ဖြစ်တဲ့ မန်းလေးနဲ့ အထက် မုံရွာ၊ တောင်ကြီး၊ ပြည်နယ်တွေကနေ နယ်ဝယ်လက် အများဆုံး လိုက်တယ်လို့ သိရသလို ရန်ကုန်မှာ လည်း Probox တွေထက် အိမ်စီးအဖြစ် ပိုမို နှစ်သက်ကြတာ တွေ့ရပါတယ်။ မော်ဒယ်အနေနဲ့ကတော့ ၂၀၁၁ခုနှစ်ထုတ် မော်ဒယ်လောက်ကို ရန်ကုန်လိုင်စင် အမည်ပေါက်နဲ့ ရနိုင်နေတာ တွေ့ရပြီး ဈေး ကွက်အတွင်းမှာတော့ အဖြူနဲ့ ပုလဲနှစ်ရောင်တွေကို ရန်ကုန်လိုင်စင်အဖြစ် သိန်း ၃၄၀ လောက် အခေါ်ရှိနေတာပါ။ ကားအရောင်းပြခန်းတွေမှာ အာမခံနဲ့အတူ ရောင်းချမှု ပိုများပြီး နယ်လိုင်စင်တွေကတော့ ရန်ကုန်လိုင်စင်ဖိုး စလစ် ထည့် တွက်စရာ မလိုလို့ ဈေးက အကျဘက်မှာ ရှိမှာ ဖြစ်ပြီး နယ်ဝယ်လက်အနေနဲ့လည်း ခရီးဝေး စိတ်ကြိက်မောင်းနှင်နိုင်မယ့် အခု Fielderကို သဘောကျရင် ရန်ကုန်လိုင်စင် ဈေးနှုန်းလောက် ကုန်ကျမှာ မဟုတ်လို့ အဝယ်စာရင်းထဲ ထည့်ထားသင့် တဲ့ မော်ဒယ်တခုပါ။ The post Toyota Fielder တွေလည်း ရန်ကုန်လိုင်စင်နဲ့ ရနိုင်တယ် appeared first on ဧရာဝတီ.
Source : http://ift.tt/2ht2oBz
via IFTTT

No comments:

Post a Comment