Thursday, August 24, 2017


စစ်သင်္ဘောတိုက်မှုအပြီး အမေရိကန်ရေတပ် တာဝန်ရှိသူ ရာထူးမှ ဖယ်ရှားခံရ ဂျပန်အခြေစိုက် အမှတ် ၇ အမေရိကန်ရေတပ်မှ ဖျက်သင်္ဘော USS John S Mc Cain(DDG 56)နဲ့ စင်ကာပူ ရေနံတင်သင်္ဘောတို့ တိုက်မိ ပြီး ၂ရက်အကြာမှာ တာဝန်ရှိတဲ့ တပ်မှူး ဒုတိယ ဗိုလ်ချုပ်ကြီး Joseph Aucoin ကို တာဝန်မှ ရပ်နားလိုက်ပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့က မလက္ကာရေလက်ကြားမှာ အမေရိကန်ဖျက်သင်္ဘော ဂျွန်မက်ကိန်းနဲ့ စင်ကာပူ ရေနံတင်သင်္ဘောတို့ တိုက်မိရာ အမေရိကန်သင်္ဘောသား ၁၀ဦး ပျောက်ဆုံးခဲ့ပါတယ်၊ အဲဒီနောက်မှာ တော့ ဝေဖန်ပြောဆိုမှုများ မြင့်တက်လာတဲ့အတွက် အမှတ် ၇ ရေတပ်မှ တာဝန်ရှိသူကို တာဝန်မှ ရပ်နားခဲ့ပါတာဖြစ်ပါတယ်။ အမေရိကန် – ပစ္စဖိတ်ရေတပ်တော်စုမှ ဗိုလ်ချုပ်ကြီး စကော့ ဆွစ်ဖ်က “အမှတ် ၇ ရေတပ်က တာဝန် ရှိသူ တပ်မှူး ဒုတိယ ဗိုလ်ချုပ်ကြီး Joseph Aucoin ရဲ့ သူ့ရဲ့ လုပ်ဆောင်မှုတွေဟာ ယုံကြည် စိတ်ချရ မှု မရှိတော့အတွက် ရာထူးမှ ဖယ်ရှားလိုက်တာဖြစ်ကြောင်း” PACFLT ဝက်ဘ်ဆိုဒ်မှ ရေးသားထား ပါတယ်။ ဒါအပြင် အမေရိကန် စစ်သင်္ဘောတွေရဲ့ လုံခြုံရေးဟာ ပထမဦးစားပေးဖြစ်ရမယ်လို့လည်း ဆိုပါတယ်။ အလားတူ အမေရိကန်ရေတပ်ရဲ့ စစ်ဆင်ရေးအကြီး ဗိုလ်ချုပ်ကြီး ဂျွန် ရစ်ချတ်ဆန်ကလည်း ယခု လုပ်ရပ်နဲ့ ပတ်သက်ပြီး သဘောတူကြောင်း၊ အမှတ် ၇ အမေရိကန်ရေတပ်ရဲ့ နောင်ဖြစ်လာမယ့် ဦးစီးအရာရှိ ဟာ လုံခြုံရေးနဲ့ ထိရောက်တဲ့ စစ်ဆင်ရေးကို အဓိကထား အာရုံစိုက်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အမေရိကန်စစ်သင်္ဘော တိုက်ခိုက်မှုဟာ ဒုတိယအကြိမ်ဖြစ်ပြီး၊ ယခုနှစ် ဇူလိုင်လ အတွင်းကလည်း အမေရိကန် ဖျက်သင်္ဘော USS Fitzgerald ဟာ ဖိလစ်ပိုင်နိုင်ငံ အလံတင်ထားတဲ့ ကုန်တင်သင်္ဘောနဲ့ ဂျပန်နိုင်ငံ ယိုကိုဆူကာမြို့ တောင်ဘက်မှာ ပင်လယ်ပြင်မှာ တိုက်မိရာ အမေရိကန်သင်္ဘောသား ၇ဦးသေဆုံးခဲ့ပါသေးတယ်။ အမှတ် ၇ အမေရိကန် ရေတပ်ဟာ ဂျပန်နိုင်ငံ ယိုကိုဆူကာမြို့မှာ အခြေစိုက်ပြီး ဂျပန်ပင်လယ် အတွင်း လှုပ်ရှားနေတဲ့ မြောက်ကိုရီးယား၊ ရုရှားနှင့် တရုတ်စတဲ့ ရေတပ်တွေနဲ့ ထိတွေ့ ဆက်စပ်နေပါတယ်။ ဆက်စပ်ဖတ်ရှု့ရန် – အမေရိကန်ဖျက်သင်္ဘောနှင့် စင်ကာပူ ကုန်တင်သင်္ဘောတိုက်မိ၊ ၁၀ဦးပျောက်ဆုံးနေ The post စစ်သင်္ဘောတိုက်မှုအပြီး အမေရိကန်ရေတပ် တာဝန်ရှိသူ ရာထူးမှ ဖယ်ရှားခံရ appeared first on ဧရာဝတီ.
Source : http://ift.tt/2xufTUF
via IFTTT

No comments:

Post a Comment