စိတ်ကြွဆေး ၅သန်းခန့် ထိုင်းရဲတပ်ဖွဲ့ ဖမ်းမိ ထိုင်း- မြန်မာနယ်စပ်မှာ လူ ၆ဦးထံမှ ရာဘ စိတ်ကြွဆေး ၄.၉၉ သန်းနှင့် ကီတာမိုင်း (C13H16cino) ကီလိုဂရမ် ၂၀၀၊ Ice ခေါ် မက်သက်ဖက်တမင်း ၁ကီလိုဂရမ်ကို ထိုင်းမူးယစ်ဆေးဝါး နှိမ်နင်းရေး အဖွဲ့က ဖမ်းဆီးရမိကြောင်း Bangkok Post သတင်းကဆိုပါတယ်။ အဆိုပါ စိတ်ကြွဆေးများကို နေရာ ၂နေရာမှ ဖမ်းဆီးရမိခြင်းဖြစ်ပြီး၊ မယ့်ဆိုင်ခရိုင် ဝိန်းပန်ခမ်းကျေးရွာ က အိမ်တလုံးကို သတင်းအရ ယနေ့မနက်က ဝင်ရောက်စီးနင်းရာ မက်သာဖက် တမင်း (ရာဘ) ၄.၁၁ သန်းနှင့် ကီတာမိုင်း ၂၀၀ဂရမ်ကို ဖမ်းဆီးရမိပြီး လူ ၂ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း၊ ဒုတိယ စစ်ဆင်ရေးတွင် Muang ခရိုင်၌ ကွန်တိန်နာတလုံးအတွင်းမှ စိတ်ကြွဆေးပြား ၈သိန်း၈သောင်းနှင့် Ice မက်သာဖက်တမင်း ၁ကီလိုဂရမ်နှင့်အတူ လူ ၄ဦးကို ဖမ်းဆီးမိတယ်လို့ သိရပါတယ်။ မကြာသေးမီကလည်း မြန်မာဘက်ခြမ်း တာချီလိတ်မြို့နယ် မိုင်ဟဲကျေးရွာအုပ်စု၊ ကျဆီး ကျေးရွာမှာ လည်း မက်သာဖက်တမင်း(ရာဘ) ၁၉.၀၇သန်းနဲ့ တခြားသော မူးယစ်ဆေးတွေကို မြန်မာအာဏာပိုင် တွေက ဖမ်းဆီးရမိခဲ့ပါသေးတယ်။ The post စိတ်ကြွဆေး ၅သန်းခန့် ထိုင်းရဲတပ်ဖွဲ့ ဖမ်းမိ appeared first on ဧရာဝတီ.
Source : http://ift.tt/2uTgIW0
via IFTTT
No comments:
Post a Comment