Thursday, August 17, 2017


ကချင်စစ်ဘေးရှောင်စခန်းများသို့ စားနပ်ရိက္ခာလှူရန်သွားသည့်ကားများ တားမြစ်ခံရ ကချင်ပြည်နယ်၊ နမ္မတီးမြို့၊ စစ်ဘေးရှောင်စခန်းများသို့ စားနပ်ရိက္ခာနှင့် အဝတ်အစားများ လှူဒါန်းရန် လာ သည့် ကချင်လူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်း(Myu Sha Zinlum ) ၏ ကား ၈ စီးကို တပ်မတော်က ဆက်လက် မသွားရန် ဖားကန့်မြို့နယ်အတွင်း တားမြစ်ထားသည်ဟု သတင်းရရှိသည်။ ကချင်လူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၊ ဖားကန့်အခြေစိုက်အဖွဲ့နှင့် မြစ်ကြီးနားအခြေစိုက်အဖွဲ့ တို့က ယနေ့ မနက်ပိုင်းက လှူဒါန်းရန် လာကြရာ ဖားကန့်အခြေစိုက်အဖွဲ့၏ ကား ၈ စီးကို တပ်မတော်က တားမြစ် လိုက်ခြင်း ဖြစ်သည်။ ဖားကန့်အဖွဲ့ ဥက္ကဋ္ဌ ဦးလမောင်လတောင်က “ ကာမိုင်းမြို့ မဝင်ခင်ဂိတ်မှာ နေ့လည်ကနေ တားခံရတာ ခုထိပဲ ။ ဘာလို့ တားတယ်ဆိုတာ အကြောင်းပြချက်လည်း မပြောဘူး။ မိုးချုပ်လာလို့ ကျနော်တို့ ရှေ့မသွားတော့ဘူး။ ဖားကန့် ပြန်မယ် ဆိုပြီး ကားခေါင်း လှည့်တော့လည်း လှည့်တဲ့ဘက်ကို ဝါးနဲ့တားပြီး အပြန်လမ်းကိုလည်း ပိတ်ထားတယ်” ဟု ပြောသည်။ ဦးလမောင်လတောင်က ၎င်းတို့အဖွဲ့သည် ဖားကန့်မြို့မှ မနက် ၈ နာရီတွင် စတင်ထွက်လာပြီး နမ့်တိမ်း တပ်မတော်ဂိတ်တွင် တကြိမ် တားမြစ်ခံရကြောင်း၊ နမ့်တိမ်းဂိတ်တွင် တားမြစ်ခံရစဉ်က သက်ဆိုင်ရာ တပ်မမှူးကို အကြောင်းကြားမည် ဖြစ်ကြောင်း ဂိတ်ရှိ တပ်မတော်သားများက ပြောပြီး ၂ နာရီခန့် အကြာတွင် တပ်မမှူးမှ ခွင့်ပြုသည်ဟု ဆိုကာ ကားများကို ရှေ့ဆက်သွားရန် ခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။ ဦးလမောင်လတောင်က “ခုက လိုင်စင်မဲ့ကား ဖမ်းခံရသလိုလိုပဲ ။ လိုင်စင်တွေ မှတ်ပုံတင်တွေ အကုန်စစ် ပြီးပြီ။ ဘာသဘောနဲ့ တားတယ်ဆိုတာလည်း ဆင်ခြေက သူတို့မှာ မရှိဘူး။ တားခိုင်းလို့ တားတယ်ပဲ ပြောနေတယ်။ အခု အပြန်လမ်းလည်း ပိတ်ထားတော့ ပြန်မရရင် ဒီမှာပဲ နေလိုက်ရုံပဲ”ဟု ပြောသည်။ တားမြစ်ခံထားရသည့် ကား ၈ စီးတွင် အဖွဲ့ဝင် အမျိုးသမီး ၁၈ ဦး၊ အမျိုးသား ၁၃ ဦးပါဝင်ပြီး လှူဒါန်းရန် ခေါက်ဆွဲခြောက်၊ မုန့် ၊ အဝတ်အထည် နှင့် မိသားစု အသုံးအဆောင် ပစ္စည်းများ ပါသည်ဟု သိရသည်။ ဖားကန့်မြို့နယ် ရဲစခန်းကို ဖုန်းဖြင့် ဆက်သွယ် မေးမြန်းသော်လည်း လမ်းတွင် တားဆီးခံရခြင်း နှင့် ပတ်သတ်၍ ရဲတပ်ဖွဲ့ဖြင့် မသက်ဆိုင်ကြောင်း ဧရာဝတီကို ရှင်းပြခဲ့ပြီး တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ များကို ဆက်သွယ်မေးမြန်းသော်လည်း မရခဲ့ပါ။ မြစ်ကြီးနားမှအဖွဲ့ကလည်း ဖားကန့်အဖွဲ့ကို လမ်းတွင် စောင့်ဆိုင်းနေပြီး အတူတကွသွားရန် စီစဉ် ထားသဖြင့် လက်ရှိတွင် စောင့်ဆိုင်းနေဆဲ ဖြစ်သည်ဟု သိရသည်။ မြစ်ကြီးနားအဖွဲ့မှ ဦးဇော်ဂျက်က “ သူတို့အဖွဲ့ တားခံရရင် ကျနော်တို့လည်း ဆက်သွားလို့ မရဘူး။ ပြန်လှည့် ဖို့ပဲ ရှိတယ်။ ဒုက္ခရောက်နေတဲ့ ညီအစ်ကိုတွေကို ကျနော်တို့က သဘောရိုးနဲ့ ကူညီဖို့ လာတာဖြစ်တယ်။ ဒါကို သူတို့က နှောက်ယှက်တယ်။ ကျနော်တို့ တိုင်းရင်းသားဒေသခံပြည်သူတွေကို တမင် သက်သက် ဒုက္ခ မရောက်ရင်တောင် အနှောက်အယှက်ပေးတယ်လို့ပဲမြင်တယ်” ဟု ဆိုသည်။ ၂၀၁၆ ခုနှစ်အတွင်းကလည်း ဖားကန့်မြို့နယ်၊ ရှထူးဇွပ်ကျေးရွာမှ စစ်ဘေးရှောင်ဒုက္ခသည်များကို ရိက္ခာ ထောက်ပံံ့ပေးရန် လာသည့် ဖားကန့်အခြေစိုက် ကချင်အရပ်ဘက်အဖွဲ့အစည်းတခုကို တပ်မတော်က KIA ထံ ရိက္ခာပို့ရန် လာသည်ဟုဆိုပြီး မသင်္ကာမှုဖြင့် တားမြစ်မှုလည်း ဖြစ်ပွားခဲ့သည်။ ကချင်လူမှုဖွံ့ဖြိုးရေးအသင်း ထောက်ပံ့ရန် စီစဉ်ထားသည့် နမ္မတီးမြို့မှ စစ်ဘေးရှောင်ဒုက္ခသည် များမှာ နမ္မတီးမြို့၊ နှစ်ခြင်းဘုရားကျောင်း နှင့် ကတ်သလစ်ဘုရားကျောင်းတို့တွင် ခိုလှုံနေပြီး လူဦးရေ ၁၀၀၀ ဝန်းကျင် ရှိသည်။ ၎င်းတို့သည် သြဂုတ်လ ၁၁ ရက်က နမ္မတီးမြို့၊ ကဆုန့်ကျေးရွာနှင့် ဇွပ်မိုင်ရွာတို့ အတွင်း တပ်မတော်နှင့် ကချင်လွတ်လပ် ရေးတပ်မတော် (KIA) တို့ အကြား တိုက်ပွဲများ ဖြစ်ပွားရာမှ ပြေးလာရသည့် ဒေသခံများ ဖြစ်သည်။ လက်ရှိတွင် စစ်ဘေးရှောင်များ၏ နေရေး၊ စားသောက်ရေးကို လာရောက်လှူဒါန်းသည့် ပစ္စည်းများဖြင့် ဘုရားကျောင်းရှိ ဘာသာရေးဆရာများက စီမံခန့်ခွဲပေးထားသည်။ ထိုစစ်ရှောင်စခန်းသို့ ကချင်ဘာသာရေးခေါင်းဆောင်များ၊ ကချင်အရပ်ဘက်အဖွဲ့အစည်းများအပြင် အစိုးရ ဌာနဆိုင်ရာများနှင့် ကချင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာ ခက်အောင် ကလည်း လာရောက်ကာ ထောက်ပံ့မှု များ ပြုလုပ်ထားသည်။ The post ကချင်စစ်ဘေးရှောင်စခန်းများသို့ စားနပ်ရိက္ခာလှူရန်သွားသည့်ကားများ တားမြစ်ခံရ appeared first on ဧရာဝတီ.
Source : http://ift.tt/2uLv4vI
via IFTTT

No comments:

Post a Comment