လိင်ဆက်ဆံမှု မရှိတော့ဘူးဆိုရင် သဘာဝတရားအတိုင်း ရှင်သန် သွားလာနေကြတဲ့ ကျနော်တို့အတွက် ကျန်းမာခြင်းဟာ အကောင်းဆုံးနဲ့ တန်ဖိုးအကြီးဆုံး အရာတခုပါ။ ဒီလို သဘာဝထဲမှာလည်း လိင်စိတ်၊ အိပ်လိုစိတ်၊ စားလိုစိတ်၊ ရှင်သန်လိုစိတ်တွေက ပါဝင်ပြီးဖြစ်လို့ ဘယ်အရာမှ အပြစ်လို့ တော့ ဆိုလို့မရပါဘူး။ အရှက်တရားအနေနဲ့ သတ်မှတ်ရင်သာ လိင်ဆန္ဒဟာ ပွင့်လင်းဖို့ မသင့်တဲ့အရာ ဖြစ်ပေမယ့် သဘာဝတရားဖြစ်လို့ လိင်မှုရေး ရာ မခံစားဘဲ သဘာဝကို လွန်ဆန်တဲ့ပုံစံနဲ့ နေဖို့ မသင့်ပါဘူး။ အခုပြောမှာကတော့ လိင်ဆက်ဆံမှု မရှိတော့ဘူးဆိုရင် ဖြစ်လာမယ့် နောက်ဆက်တွဲအကျိုးဆက်တွေ ဖြစ်ပါတယ်။ အ ကြောင်းကြောင်းကြောင့် ကျား၊ မ မရွေး မဆက်ဆံဖြစ်တာ၊ မဆက်ဆံနိုင်တော့တွေ ရှိပါတယ်။ ဒါဆို ဘာတွေ ဖြစ်လာ နိုင်ပါသလဲ။ (၁) မကြာခဏ ဖျားနာနိုင်ပါတယ် အချိန်ကြာ လိင်ဆက်ဆံမှု မရှိတော့ရင် သင့်ခန္ဓာကိုယ်ရဲ့လှုံ့ဆော်စနစ် အားနည်းလာပါတယ်။ အလုပ်ပင်ပန်းမှုနဲ့အတူ တုပ် ကွေးလို ကူးစက်ရောဂါတွေကို ပြန်လည် ခုခံနိုင်မှု အားနည်းလာပြီး မကြာခဏ ဖျားနာနိုင်ပါတယ်။ (၂) စိတ်ဖိစီးမှု ပိုခံစားရမယ် လိင်ဆက်ဆံမှုဟာ စိတ်ဖိစီးမှု လျော့ကျစေတဲ့အကောင်းဆုံးအရာပါ။ ပုံမှန် လိင်ဆက်ဆံမှု ရှိခြင်းက ဟော်မုန်းထုတ်လွှတ်မှု လည်း မှန်ကန်စေပြီး စိတ်ဖိစီးမှု လျော့နည်းစေပါတယ်။ လိင်ဆက်ဆံမှု မရှိရင်တော့ ပိုပြီး စိတ်ဖိစီးမှုဒဏ် ခံရနိုင်ပါတယ်။ (၃) အိပ်မပျော်ခြင်း ဖြစ်စေနိုင်တယ် သင့်အနေနဲ့ ယုံကြည်ဖို့ ခက်ချင်ပေမယ့် တကယ်တော့ လိင်ဆက်ဆံမှု မရှိရင်၊ နည်းရင် အိပ်မပျော်တာတွေ၊ ခဏခဏ နိုး နေ တာတွေ ဖြစ်တတ်ပါတယ်။ လက်နဲ့ စိတ်ဖြေခြင်းမျိုးနဲ့လည်း အဆင်ပြေအောင် နေနိုင်ပါတယ်။ (၄) အိပ်မက်မကောင်းတတ်ဘူး တခါတလေမှာ လိင်ဆက်ဆံမှု မပြုတာ အချိန်ကြာလာရင် လိင်ဆက်ဆံနေသလို အိပ်မက်တွေ မက်တတ်ပါတယ်။ ဖွင့်မပြော ဖြစ်ကြပေမယ့် လေ့လာချက်တွေအရတော့ ဒီလို အိပ်မက်တွေ မက်တတ်ကြပါတယ်။ လန့်နိုးတာတွေ၊ စိတ်မလုံတာတွေ ခံစား ရစေနိုင်ပါတယ်။ ပုံမှန် လိင်ဆက်ဆံဖို့ လိုအပ်ပါတယ်။ (၅) လိင်ထိတွေ့မှုကို စိတ်ကုန်လာတယ် လိင်ဆက်ဆံနေချိန်အတွင်း အမျိုးသားတွေမှာ ပြီးဆုံးမှု မရှိခြင်း၊ အမျိုးသမီးတွေမှာ မ အင်္ဂါကနေ သဘာ၀ အရည်ကောင်း စွာ မထွက်ခြင်းတွေ ရှိတတ်ပါတယ်။ ဒါတွေဟာ လိင်ဆက်ဆံမှု အားနည်းခြင်း၊ အချိန်ကြာ ဆက်ဆံမှု မရှိခြင်းကြောင့် ဖြစ် လာတဲ့ လိင်ဟော်မုန်းဓာတ် အားနည်းခြင်းကြောင့်ပါ။ နောက်ဆက်တွဲအနေနဲ့ အိမ်ထောင်သည်တွေမှာ လိင်ဆက်ဆံလိုစိတ် နည်းလာသလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းလာ စေပြီး အိမ်ထောင်ရေးသုခ မပြည့်ဝတာတွေ ဖြစ်လာနိုင်ပါတယ်။ (၆) ရင်းနှီးကျွမ်းဝင်မှု နည်းသွားတတ်တယ် သင်နဲ့ သင့်ရဲ့ချစ်သူ၊ ဇနီးသည်တို့ လိင်ဆက်ဆံမှု နည်းပါးလာရင်၊ အချိန်ကြာဆက်ဆံမှု မရှိတော့ရင် ရင်းနှီးကျွမ်းဝင်မှု အား နည်းလာပြီး အိမ်ထောင်ရေးဟာ မပြည့်စုံသလို ပျက်စီးမှုတွေ ဖြစ်စေနိုင်ပါတယ်။ (၇) ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်စေတယ် လူတယောက်မှာ သူ့ကိုယ်သူ စိတ်ပျက်နေပြီဆိုရင် ဒါ အဆိုးဆုံး ကုသိုလ်ကံပါပဲ။ လေ့လာမှုတွေအရ လိင်ဆက်ဆံမှု နည်း ရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းစေတာ တွေ့လာရပါတယ်။ ပုံမှန် လိင်ဆက်ဆံမှုက စိတ်ဖိစီးမှုနဲ့ စိတ်ကျမှုကို တိုက် ဖျက်နိုင်တာ တွေ့လာရပါတယ်၊ အလုပ် ပင်ပန်းသည့်တိုင်အောင် စိတ်ဓာတ်တက်ကြွမှုကို လိင်ဆက်ဆံမှုက ပေးစွမ်းနိုင်တာ ဖြစ်ပါတယ်။ (၈) ကင်ဆာ ဖြစ်နိုင်ခြေ များလာတယ် အမျိုးသားတွေမှာ လိင်ဆက်ဆံမှု နည်းရင် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေ ပိုလာပါတယ်။ တလမှာအနည်းဆုံး ၂၁ကြိမ် ထိ အောင် လိင်ဆက်ဆံဖို့၊ ဒါမှမဟုတ်ရင် လက်နဲ့ အာသာဖြေ ပြီးမြောက်စေရင် အကောင်းဆုံုး ဖြစ်မယ်လို့ တွေ့ရပါတယ်။ Ref: http://ift.tt/2paDPeG The post လိင်ဆက်ဆံမှု မရှိတော့ဘူးဆိုရင် appeared first on ဧရာဝတီ.
Source : http://ift.tt/2uaIKQJ
via IFTTT
No comments:
Post a Comment