Friday, August 4, 2017


ထိုင်းရေလွှမ်းမိုးမှုကြောင့် ၂၃ ဦး သေဆုံးပြီး ဒေါ်လာ သန်း ၃၀၀ ကျော်ဖိုး ဆုံးရှုံး ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း စပါးစိုက်ဒေသများတွင် ရေလွှမ်းမိုးမှုများကြောင့် လူ အနည်းဆုံး ၂၃ ဦး သေဆုံးပြီး အပျက် အစီးမှာ ဒေါ်လာ သန်း ၃၀၀ ဖိုးအထိ ရှိသည်ဟု ခန့်မှန်းကြောင်း ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက ကြာသာပတေးနေ့က ကြေညာသည်။ ထိုင်းနိုင်ငံသည် ကမ္ဘာ့ဆန်တင်ပို့မှု ဒုတိယ အများဆုံးနိုင်ငံဖြစ်ပြီး နိုင်ငံအရှေ့မြောက်ပိုင်းဒေသ အချို့တွင်လည်း စပါးစိုက် ပျိုးကြသည်။ ယခုအချိန်သည် ထိုင်းနိုင်ငံ၏နှစ်စဉ် ရေလွှမ်းမိုးသည့် ရာသီဖြစ်သော်လည်း ဇူလိုင်လ ၅ ရက်နေ့က စတင် သော ရေလွှမ်းမိုးမှုမှာမူ ယခင်နှစ်များထက် ပိုမိုဆိုးရွားသည်ဟု ထိုင်းအာဏာပိုင်များက ပြောသည်။ ထိုင်းနိုင်ငံ၏ခရိုင် ၇၇ ခု အနက် ၁၀ ခုမှာ သဘာဝဘေးအန္တရာယ်ဇုန်များ ဖြစ်နေပြီး ထိခိုက်သော မြေဟက်တာ ၇ သိန်းခန့်မှာ စပါးစိုက်လယ်မြေများဖြစ်သည်။ “ရေလွှမ်းမိုးမှုကြောင့် ဆုံးရှုံးမှု ဘတ် ၁၀ ဘီလျံ(ဒေါ်လာ သန်း ၃၀၀) ဖိုးလောက်တော့ ရှိပါတယ်” ဟု ထိုင်းနိုင်ငံအ ထွေထွေအာမခံအသင်း အကြီးအကဲ ဂျီရာပန် အစဝါသန်နာကူ က ပြောသည်။ စပါးသည် ကာလတို ရေလွှမ်းမိုးသည်ကို ခံနိုင်သောကြောင့် ဆန်တင်ပိုမှု မထိခိုက်ခဲ့သော်လည်း လတ်တလောတွင် အပျက်အစီးကို ခန့်မှန်းရန် စောသေးကြောင်း ထိုင်းနိုင်ငံ ဆန်စပါးတင်ပို့သူများ အသင်း ဥက္ကဌ ချိုကီယက်အိုဖက်ဝန်ဆီက ပြောသည်။ ၂၀၁၁ ခုနှစ်က ထိုင်းနိုင်ငံတွင် အကြီးအကျယ် ရေလွှမ်းမိုးသောကြောင့် လူ ၉၀၀ ကျော် သေဆုံးပြီး စက်မှုလုပ်ငန်းများ ရပ် တန့်ကာ စီးပွားရေးတိုးတက်မှု ဝ.၁ ရာခိုင်နှုန်း ထိခိုက်ခဲ့သည်။ ထိုင်းနိုင်ငံစစ်အစိုးရက အာဏာသိမ်းခဲ့သည့် ၂၀၁၁ ခုနှစ်ကာလကကဲ့သို့ ရေလွှမ်းမိုးမှုများ ထပ်မံမဖြစ်ပေါ်စေရန် ၁၀ နှစ် ကြာ ရေစီမံခန့်ခွဲရေးစီမံချက်ကို ရေးဆွဲခဲ့သော်လည်း ယခုတိုင် ထိုစီမံချက်ကို ပြန်လည်သုံးသပ်နေရဆဲဖြစ်သည်။ The post ထိုင်းရေလွှမ်းမိုးမှုကြောင့် ၂၃ ဦး သေဆုံးပြီး ဒေါ်လာ သန်း ၃၀၀ ကျော်ဖိုး ဆုံးရှုံး appeared first on ဧရာဝတီ.
Source : http://ift.tt/2vw2Lka
via IFTTT

No comments:

Post a Comment