Friday, August 4, 2017


၀န်ကြီးချုပ်နာဂျစ် ပါဝင်သည့် အရှုပ်တော်ပုံ စစ်ဆေးရန် မလေးရှားအတိုက်အခံတောင်းဆို မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇတ် ပါဝင်ပတ်သက်နေသည်ဆိုသော ကြွေးတင်ကာ ဆုံးရှုံးနေရသည့် နိုင်ငံပိုင် ရင်းနှီးမြုပ်နှံမှု ရန်ပုံငွေလုပ်ငန်း 1MDB နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် အတိုက်အခံ ပါလီမန်အမတ်များက မနေ့ကတောင်းဆိုလိုက်ကြောင်း Bangkok Post သတင်းကဆိုပါ တယ်။ နိုင်ငံပိုင် ရင်းနှီးမြုပ်နှံမှု လုပ်ငန်း 1MDB ကို ငွေကြေးခဝါချမှုအတွက် အမေရိကန်အပါအဝင် နိုင်ငံ ပေါင်းများစွာ တွင်စုံစမ်း စစ်ဆေးနေပြီး ထိုအမှုတွင် ဝန်ကြီးချုပ် နာဂျစ် ရာဇတ်လည်း ပါဝင်ပတ်သက် နေပါတယ်။ မနေ့ကတော့ ပါလီမန်အမတ် ၃၀ခန့်က “မလေးရှားကို ချစ်ပါ၊ သူခိုးများ အုပ်ချုပ်သော စနစ်ကို မုန်းပါ” ဆိုတဲ့ စာတန်းများကို ကိုင်ဆောင်ကာ ပါလီမန်အဆောက်အအုံမှ ဗဟိုဘဏ်အထိ ချီတက်ဆန္ဒပြခဲ့ပါ တယ်။ အတိုက်အခံခေါင်းဆောင် ဝန်အဇစ် ဇာဝန်က ဗဟိုဘဏ်အနေဖြင့် အမေရိကန်နိုင်ငံ တရားရုံးတွင် တင်သွင်းသော အထောက်အထားများကို အခြေခံကာ စုံစမ်းစစ်ဆေးမှုများ ပြန်လည်ပြုလုပ်ရမည်ဟု လည်း ဆိုလိုက်ပါတယ်။ လက်ရှိ မလေးရှားဝန်ကြီးချုပ် နာဂျစ်ဟာ ၂၀၀၉ ခုနှစ် အာဏာရပြီးနောက်မှာ စီးပွားရေး ဖွံဖြိုးမှု စီမံကိန်းများကို အားပေးရန်ဆိုကာ နိုင်ငံပိုင် ရင်းနှီးမြုပ်နှံမှု လုပ်ငန်း 1MDB ကို ထူထောင်ခဲ့သော် လည်း တနှစ်ပြီး တနှစ် ဘီလျံနှင့်ချီကာ အကြွေးတင်ခဲ့ပါတယ်။ အမေရိကန် တရားရေးဌာနက ဝန်ကြီးချုပ်နာဂျစ်နဲ့ နီးစပ်သူတွေဟာ 1MDB ထဲမှာ အနည်းဆုံး အမေရိကန်ဒေါ်လာ ၃.၅ ဘီလျံခိုးယူခဲ့ပြီး၊ ထိုရန်ပုံငွေဖြင့် အမေရိကန်တွင် ဝယ်ယူထားသည့် ဒေါ်လာ ၁.၃ ဘီလျံတန် ပိုင်ဆိုင်မှုများကိုလည်း သိမ်းယူရန် လုပ်ဆောင်မည်လို့ ဆိုပါတယ်။ အမေရိကန်အစိုးရ၏ တရားရုံး တိုင်ကြားစာတွင် ဒေါ်လာသန်း ၇၀၀ ကျော်သည် မလေးရှားနိုင်ငံမှ နံပါတ် ၁ အရာရှိ၏ ငွေစာရင်းထဲသို့ ရောက်ရှိသွားကြောင်း ဖော်ပြထားပြီး၊ မလေးရှားအရာရှိ၏ အမည်ကို ထုတ်ဖော်ခြင်းမရှိသော်လည်း ဝန်ကြီးချုပ် နာဂျစ်ကို ရည်ရွယ်ပုံရသည်ဟု သိရပါတယ်။ ယခုကိစ္စနှင့် ပတ်သက်၍ ဗဟိုဘဏ်အနေဖြင့် ဘက်မလိုက်ဘဲနေရန်၊ မည်သည့် ပါတီကိုမျှ အကာ အကွယ်မပေးရန် အတိုက်အခံခေါင်းဆောင် ဝန်အဇစ်ဇာဝန် အစ္စမေးလ်က ပြောပါတယ်။ အမေရိကန် တရားရေးဌာနက တရားရုံးသို့ တင်သွင်းသည့် တိုင်ကြားစာတွင် ပျောက်ဆုံးငွေ အများ အပြားကို စင်ကာပူ၊ ဆွစ်ဇာလန်၊ လူဇင်ဘတ်နှင့် အမေရိကန်ဘဏ်များရှိ ငွေစာရင်းများ ပြည်ပသို့ ပြောင်းရွှေ့ခဲ့သည်ဟုလည်း ဖော်ပြထားပါတယ်။ ထို့အပြင် ဒေါ်လာသန်းပေါင်းများစွာကိုလည်း အီလက်ထရောနစ်နည်းပညာဖြင့် လွှဲပြောင်းခဲ့သည့် အထောက်အထားများကိုလည်း တရားရုံးသို့ တင်သွင်းခဲ့ပါတယ်။ တိုင်ကြားစာတွင် မလေးရှား နံပါတ် ၁ အရာရှိ၏ ဇနီး 1MDB မှ ခိုးယူထားသော ငွေဖြင့် ၂၀၁၄ ခုနှစ်က ဝယ်ယူခဲ့သည့် အမေရိကန် ဒေါ်လ ၂၇.၃သန်းတန် ၂၂ ကာရက်ရှိ ပန်းရောင် စိန်လည်ဆွဲ အကြောင်းလည်း ပါရှိပါတယ်။ ထို့ကြောင့် မနေ့က ဆန္ဒပြပွဲတွင် ပါလီမန်ကိုယ်စားလှယ်များက ပန်းရောင်စက္ကူဖြင့် ပြုလုပ်ထားသည့် စိန်တုံးပုံကို ကိုင်ကာ ချီတက်ခဲ့ပြီး ထိုစိန်ကြီးတွင် “ကမ္ဘာအကြီးဆုံး ဓားပြမှုကြီး” ရေးသားထားပါတယ်။ ဝန်ကြီးချုပ် နာဂျစ် ရာထူးမှ နှုတ်ထွက်ပေးရန် အတိုက်အခံများက တောင်းဆိုသော်လည်း ရာထူးမှ နှုတ်ထွက်ပေးခြင်းမရှိသည့်အပြင် ထို 1MDB အရေးကြောင့် လူထုထောက်ခံမှု နှင့် နိုင်ငံရေးသိက္ခာ ကျဆင်းခဲ့ရမှုကို မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ဖြစ်ပွားနေသည့် မွတ်ဆလင်အရေးကို အကြောင်းပြကာ နိုင်ငံရေးအမြတ်ထုတ်မှု ပြုလုပ်ခဲ့ပါတယ်။ The post ၀န်ကြီးချုပ်နာဂျစ် ပါဝင်သည့် အရှုပ်တော်ပုံ စစ်ဆေးရန် မလေးရှားအတိုက်အခံတောင်းဆို appeared first on ဧရာဝတီ.
Source : http://ift.tt/2fcKUIV
via IFTTT

No comments:

Post a Comment