Tuesday, August 22, 2017


ပုသိမ်တက္ကသိုလ်တွင် ဆိုင်ကယ်ရပ်နားရန်နေရာ တည်ဆောက်ပေးရန် ဆန္ဒဖော်ထုတ် ပုသိမ်တက္ကသိုလ်ရှိ ကျောင်းသားများ၏ဆိုင်ကယ်များ မကြာခဏပျောက်ဆုံးမှုများ ဖြစ်ပေါ်နေသည့် အတွက် ဆိုင်ကယ်ရပ်နားရန်နေရာ တည်ဆောက်ပေးရန်နှင့် လုံခြုံရေးများထားရှိပေးရန် ပုသိမ်တက္ကသိုလ် အုပ်ချုပ်ရေးတာဝန်ရှိသူများအား ပုသိမ်တက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့က ဦးဆောင်၍ တက္ကသိုလ် ကျောင်းဝန်းအတွင်း ယနေ့ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ “ကျနော်တို့ ပုသိမ်တက္ကသိုလ်မှာ ကျောင်းသားတွေ ဆိုင်ကယ်ထားဖို့နေရာ အခက်အခဲတွေဖြစ်နေတာကို ဖြေရှင်းပေးဖို့ ကျောင်းအုပ်ချုပ်ရေးတာဝန်ရှိသူတွေကို ကျနော်တို့ ပန်ကြားခဲ့ပေမယ့် ဘာမှဖြေရှင်းဆောင်ရွက် ပေးတာမရှိတဲ့အတွက် ကျောင်းသားထုကိုယ်စား ပုသိမ်တက္ကသိုလ်ကျောင်းသားသမဂ္ဂက ဦးဆောင် ဆန္ဒဖော်ထုတ်ခြင်း ဖြစ်ပါတယ်”ဟု ပုသိမ်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အတွင်းရေးမှူး ကိုအောင်သက်ပိုင်က ဧရာဝတီကို ပြောသည်။ ပုသိမ်တက္ကသိုလ်အပြင်ဘက်ရှိ ရွှေဝါထွန်းလမ်းမကြီးဘေး၊ ပုသိမ် တက္ကသိုလ်ဓမ္မာရုံနှင့် ဘွဲ့နှင်းသဘင်ခန်းမအသစ်မိန်းလမ်းဘေး စသည့် နေရာ ၃ ခုကို ဆိုင်ကယ်ရပ်ရန် ကျောင်းအုပ်ချုပ်ရေး တာဝန်ရှိသူများက သတ်မှတ်ပေးထားသည်။ သို့သော် နေရာများသည် အမိုးအကာမရှိ၊ လုံခြုံရေးမရှိသဖြင့် ဆိုင်ကယ်ပျောက်ခြင်း၊ နေရာမလုံလောက်ခြင်း စသည့် ပြဿနာများ ကြုံတွေ့ရသဖြင့် ဖြေရှင်းပေးရန် ဇူလိုင် ၁၆ ရက်က ပုသိမ်တက္ကသိုလ်ကျောင်းသားသမဂ္ဂက သတင်းစာရှင်းလင်းပွဲပြုလုပ်၍ တောင်းဆိုခဲ့သော်လည်း ကျောင်းအုပ်ချုပ်ရေးပိုင်းမှ လျစ်လျူရှုထားသည့်အတွက် ခွင့်ပြုမိန့်ယူကာ ဆန္ဒဖော်ထုတ်ခြင်းဖြစ်ကြောင်း ပုသိမ်တက္ကသိုလ်ကျောင်းသားများထံက သိရသည်။ ကျောင်းသားကျောင်းသူများက ယနေ့ နံနက် ၁၁ နာရီတွင် ပုသိမ်တက္ကသိုလ်အတွင်းရှိ ကျောင်းသားသမဂ္ဂအဆောက်အဦးရှေ့မှစတင်၍ ကျောင်းဝန်းအတွင်းလှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြပြီး တောင်းဆိုခဲ့ကြသည်။ “အမှန်တကယ်တော့ ဒီဟာကကျောင်းထဲမှာပဲ ညှိုနှိုင်းပြီးသင့်တာပေါ့။ ဒီလိုဆန္ဒပြတဲ့အဆင့်အထိ ရောက်မလာသင့်ဘူး။ ကျနော်အနေနဲ့ ပြောရရင်တော့ ကျောင်းသားနဲ့ဆရာ အပြန်အလှန် ညှိနှိုင်းမှုရှိသင့်တာပေါ့။ အခုလိုလက်လွတ်စပယ် ထားတာတော့မဖြစ်သင့်ဘူး”ဟု ပုသိမ်တက္ကသိုလ် ရုက္ခဗေဒဌာန ကထိကဆရာဦးသန့်စင်ဦးက ပြောသည်။ The post ပုသိမ်တက္ကသိုလ်တွင် ဆိုင်ကယ်ရပ်နားရန်နေရာ တည်ဆောက်ပေးရန် ဆန္ဒဖော်ထုတ် appeared first on ဧရာဝတီ.
Source : http://ift.tt/2vkUPyw
via IFTTT

No comments:

Post a Comment