Cover Star ဖြစ်ချင်သူများအတွက် “Huawei Next Top Cover Model” ပြိုင်ပွဲကျင်းပ Huawei မှ အနုပညာဝါသနာပါသူ လူငယ်များအတွက် “Huawei Next Top Cover Model” ပြိုင်ပွဲကို ယခုလအတွင်း ကျင်းပနေတာဖြစ်ပြီး အသက် ၁၈ နှစ်ပြည့်ပြီးသူ လူငယ်တိုင်း မည်သူမဆို မိမိကိုယ်ကို Cover Star အဖြစ်ခံယူထားသူ၊ Cover Star ဖြစ်ရန် ယုံကြည်ထားသူများ ပါဝင်ယှဉ်ပြိုင်နိုင်တယ်လို့ သိရပါတယ်။ အဆိုပါ “Huawei Next Top Cover Model” ပြိုင်ပွဲအတွက် အကဲဖြတ်ဒိုင်လူကြီးများအဖြစ် Miss Universe Myanmar 2016 အလှမယ် ထက်ထက်ထွန်း၊ Stylist Yoko San နဲ့ Arkar Production မှ ဒါရိုက်တာ အာကာတို့က ပါဝင်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ “Huawei Next Top Cover Model ပြိုင်ပွဲကို ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ Huawei P10 စမတ်ဖုန်းက Cover Shot ရိုက်နိုင်တယ်။ လူငယ်တွေကြားမှာလည်း Cover Star ဖြစ်ချင်တယ်ဆိုတဲ့ အိပ်မက်တွေရှိတယ်။ အဲဒီတော့ လူတိုင်း Cover Star ဖြစ်နိုင်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဖြစ်တာပါ” လို့ Huawei Device Myanmar ရဲ့ Marketing Director မခင်ရတနာဝင်းက ဧရာဝတီကို ပြောပါတယ်။ ပြိုင်ပွဲမှာ ပါဝင်လိုသူ ပြိုင်ပွဲဝင်များကို သြဂုတ်လ ၂၀ ရက်နေ့က နောက်ဆုံးထား ခေါ်ယူခဲ့တာဖြစ်ပြီး ယခုအခါ ပြိုင်ပွဲဝင်များ ပေးပို့လာသော ဓာတ်ပုံများထဲမှ အယောက် ၂၀ ကို ဒိုင်အဖွဲ့မှ ဆန်ခါတင်အဖြစ်ရွေးချယ်ပြီး Huawei မှ စီစဉ်ထားတဲ့ Outdoor, Indoor Photo များကို ဆက်လက်ယှဉ်ပြိုင်မှာဖြစ်ကာ အဲဒီထဲကမှ အမှတ်အများဆုံး ၁၀ ဦး ရွေးချယ်သွားမယ်လို့ သိရပါတယ်။ “ပြိုင်ပွဲအတွက် ဓာတ်ပုံပို့တာ လက်ခံတာ တနိုင်ငံလုံး လာရောက်လျှောက်ထားသူ စုစုပေါင်း အယောက် ၇၀၀ လောက်ရှိပါတယ်။ အဲဒီထဲကမှ စည်းကမ်းချက်နဲ့ ကိုက်ညီတာက ၄၉၉ ယောက် ရှိပါတယ်။ ဆိုလိုတာက တချို့ စည်းကမ်းချက်အတိုင်း ပုံမပို့တာတွေရှိတယ်။ တပုံတည်း ပို့တာတို့၊ တပိုင်းပုံ မပါတာတို့ပေါ့။ အဲဒီ ၄၉၉ ယောက် ထဲကမှ ဒိုင်တွေကနေ ဆန်ခါတင် အယောက် ၂၀ ပြန်ရွေးပါမယ်” လို့ မခင်ရတနာဝင်းက ဆိုပါတယ်။ မေလအတွင်းက မိတ်ဆက်ခဲ့တဲ့ Huawei P10 စမတ်ဖုန်းသီဟတိုး/ ဧရာဝတီ “Huawei Next Top Cover Model” ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်များကို ခေါ်ယူခဲ့ရာမှာ အသက် ၁၈ နှစ်ပြည့်ပြီး စိတ်ဝင်စားသူ မည်သူမဆို မျက်နှာအနီးကပ်ပုံ တပုံ၊ တကိုယ်လုံး အပြည့်ပုံ တပုံ၊ မိမိစိတ်ကြိုက် စတိုင် ဓာတ်ပုံ တပုံကို Huawei Mobile (MM) Facebook Page ရဲ့ Message Box ကနေ တဆင့် ပေးပို့ရတာဖြစ်ကာ လျှောက်ထားသူများထဲမှ သတ်မှတ်ထားတဲ့ စည်းကမ်းချက်များ၊ စံနှုန်းများနဲ့ ကိုက်ညီတဲ့သူများကို ဒိုင် ၃ ဦးမှ ရွေးချယ်ပေးခဲ့တာလို့ သိရပါတယ်။ ဆက်လက်ပြီး ဒိုင် ၃ ဦးမှ နောက်ဆုံးအဆင့် ရွေးချယ်မယ့် ဆန်ခါတင် ၁၀ ဦးဟာ နောက်ဆုံးအဆင့်မှာ “Selca with Nature” နဲ့ “Selca Final” ပွဲစဉ် ၂ ပွဲကို ဆက်လက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ နောက်ဆုံး ဆန်ခါတင် ရွေးချယ်ခံရသူ ၁၀ ဦးထဲက အမျိုးသား၊ အမျိုးသမီး တဦးစီကို နောက်ဆုံး Winner အဖြစ် ရွေးချယ်မှာဖြစ်ပြီး ဆုအဖြစ် နောက်ဆုံးပေါ် Huawei P10 စမတ်ဖုန်း တလုံးစီနဲ့ Huawei Mobile (MM) Facebook Page ရဲ့ Cover Model အဖြစ် ပါဝင်ခွင့်၊ Huawei ကြော်ငြာကဏ္ဍများမှာ ပါဝင်ခွင့်တို့ကို ရရှိမှာဖြစ်ပါတယ်။ မေလအတွင်းက မိတ်ဆက်ခဲ့တဲ့ Huawei P10 စမတ်ဖုန်းသီဟတိုး/ ဧရာဝတီ Cover Model အဖြစ် Winner ဆု ရရှိမယ့် အမျိုးသား၊ အမျိုးသမီး တဦးစီကို ဒိုင်အဖွဲ့ အမှတ်ပေးချက် ၃၀ ရာခိုင်နှုန်း၊ Huawei ဘုတ်အဖွဲ့ အမှတ်ပေးချက် ၃၀ ရာခိုင်နှုန်း၊ ပရိသတ်အမှတ်ပေးမှု ၄၀ ရာခိုင်နှုန်းတို့နဲ့ အကဲဖြတ် အမှတ်ပေး ရွေးချယ်သွားမယ်လို့ သိရပါတယ်။ Huawei P10 စမတ်ဖုန်းဟာ ထူးခြားချက်အနေနဲ့ အလှဓာတ်ပုံ ရိုက်ကူးမှုတွေမှာ ပရော်ဖက်ရှင်နယ် စတူဒီယို ပုံစံ ဖန်တီးပြုလုပ်ချက်များပါဝင်ပြီး ကင်မရာပိုင်းကို ကမ္ဘာကျော်ကင်မရာ အမှတ်တံဆိပ် Lecia ကင်မရာများ တပ်ဆင် အသုံးပြုထားပါတယ်။ Huawei P10 စမတ်ဖုန်း ဈေးနှုန်းကတော့ ၇၉၉၀၀၀ ကျပ်ဖြစ်ပြီး ၂၀၁၇ ခုနှစ်၊ မေလအတွင်းက ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဆက်စပ် သတင်းလင့်ခ်များ – ထူးခြားတဲ့ စတူဒီယို ဖန်တီးချက်များနဲ့ Huawei P10, P10 Plu ထူးခြားတဲ့ အရောင်၊ စတူဒီယို ဖန်တီးချက်များနဲ့ Huawei P10, P10+ The post Cover Star ဖြစ်ချင်သူများအတွက် “Huawei Next Top Cover Model” ပြိုင်ပွဲကျင်းပ appeared first on ဧရာဝတီ.
Source : http://ift.tt/2wkbRkC
via IFTTT
No comments:
Post a Comment