Tuesday, August 22, 2017


ဧရာဝတီမြစ်ရေ ၂ရက်အတွင်း ပြန်ကျနိုင်ဖွယ်ရှိ မန္တလေးမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ရောက်နေသည့် ဧရာဝတီမြစ်ရေသည် လာမည့် နှစ်ရက်အတွင်း ပြန်ကျသွား နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(အထက်မြန်မာပြည်)ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဇော်အောင်က ပြောသည်။ “ ဒီလဆန်းပိုင်းက အထက်ဘက်မှာ မိုးကောင်းတာရယ်၊ ဧရာဝတီမြစ်တလျှောက် ရေကြောင်းကို ထိန်းပေးနိုင်မယ့် သစ်ပင်တွေ နည်းလာတာကြောင့် ဒီနှစ်လည်း စိုးရိမ်ရေမှတ်အထက်ကို မြစ်ရေတက်လာတာပါ။ ၂ နှစ်ဆက်တိုက် ခုလို ဖြစ်တာကတော့ ရှားတယ်။ ထူးခြားတယ်လို့ ပြောလို့ရမယ်” ဟု ၎င်းက ပြောသည်။ သြဂုတ် ၂၁ ရက် နေ့လယ် တိုင်းတာချက်အရ မန္တလေးမြို့အတွက် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်အထက် ၁ ပေခွဲခန့် မြင့်တက်နေကြောင်း မိုး/ဇလဌာန (အထက်မြန်မာပြည်)မှ သိရသည်။ ဧရာဝတီမြစ်ကြောင်းတလျှောက်ရှိ မြို့များအနက် သပိတ်ကျင်း၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူနှင့် ညောင်ဦးမြို့များသည် သြဂုတ် ၂၀ ရက်မှ စတင်ကာ မြို့၏ စိုးရိမ်ရေအမှတ်အထက်သို့ ရောက်ရှိနေကြောင်း သိရသည်။ The post ဧရာဝတီမြစ်ရေ ၂ရက်အတွင်း ပြန်ကျနိုင်ဖွယ်ရှိ appeared first on ဧရာဝတီ.
Source : http://ift.tt/2wiAy0J
via IFTTT

No comments:

Post a Comment