စပိန် ဘာစီလိုနာ အကြမ်းဖက်မှု ကျူးလွန်သူ အသေဖမ်းမိ စပိန်နိုင်ငံ မြို့တော် ဘာစီလိုနာက ကမ္ဘာ့လှည့်ခရီးသွားများနဲ့ စည်ကားရာ Las Ramblas အရပ်ကို တိုက်ခိုက် သူ မော်ရိုကိုလူမျိုး ယူနက်စ် အဘူယာကွပ်ကို ရဲတပ်ဖွဲ့က အသေပစ်ခတ်ဖမ်းဆီးလိုက်ပါတယ်။ အဘူယာကွပ်ဟာ Las Ramblas အရပ်က လူစည်ကားရာ နေရာကို ဖီးယက်အမျိုးအစား ဗင်ကားကိုမောင်း ကာ အတင်းဝင်တိုက်တဲ့အတွက် လူပေါင်း ၁၃ဦး သေဆုံးကာ လူ ၁၀၀ ဒဏ်ရာရှိခဲ့ပါတယ်။ အဘူယာကွပ်ကို ဘာစီလိုနာမြို့ အနောက်ဖက် ဆူဘီရတ်နယ်က ကျေးရွာမှာ အမျိုးသမီးတဦးက စတင်တွေ့ရှိ ကာ သက်ဆိုင်ရာ အာဏာပိုင်တွေကို အကြောင်းကြားခဲ့တာဖြစ်ပြီး၊ ရဲတပ်ဖွဲ့က သူ့ရဲ့ မသင်္ကာဖွယ်ရာ အသေခံ ဗုံးတပ်ဆင်ထားတယ်လို့ ယူဆရတဲ့ ခါးပတ်ကို ချွတ်ခိုင်းသော်လည်း ငြင်းတဲ့အတွက် အသေပစ်ခတ်ဖမ်းဆီးခဲ့ တာဖြစ်ပါတယ်။ ကာတာလန်ရဲတပ်ဖွဲ့ အဆိုအရ အကြမ်းဖက်သမားတွေဟာ ၁၂ဦးရှိပြီး၊ ဒီတိုက်ခိုက်မှုမှာ အဘူယာကွပ်ဟာ အဓိကကျကြောင်း၊ အဖွဲ့ဝင် ၁၂ ဦးအနက် ၅ဦးကို ကမ်ဘာရေးမြို့ဖြစ်ရပ်မှာ ရဲကပစ်သတ်လိုက်သလို၊ ၂ဦးမှာ အယ်လ်ကနားအရပ်က နေအိမ် ဗုံးပေါက်ကွဲမှုမှာ သေဆုံးသွားပြီး၊ ၄ ဦးကို အရှင်ဖမ်းမိထားပါတယ်။ The post စပိန် ဘာစီလိုနာ အကြမ်းဖက်မှု ကျူးလွန်သူ အသေဖမ်းမိ appeared first on ဧရာဝတီ.
Source : http://ift.tt/2xmFoXW
via IFTTT
No comments:
Post a Comment