Sunday, August 6, 2017


ပျိုမေတို့မက်တဲ့ အမျိုးသားတို့အကြောင်း အမျိုးသမီးတွေ အလှအပမက်မော သဘောကျကြကြတယ်ဆိုတာကတော့ လူတိုင်း သိထားပြီး ဖြစ်တဲ့အချက်ပါ။ ဒါပေမယ့် သူတို့က ကိုယ်တိုင်သာ လှပအောင် ပြင်ဆင်နေထိုင်တတ်ကြပေမယ့် သူတို့ရဲ့ချစ်သူ၊ ခင်ပွန်းကိုတော့ ဘယ်လိုပုံစံမျိုး လိုချင် ကြတယ်လို့ ထင်ပါသလဲ။ လူတကိုယ် အကြိုက်တမျိုး အတိုင်းပဲ တချို့ကလည်း စမတ်ကျတဲ့ အမျိုးသားတွေကို သဘောကျကြတယ်၊ တချို့ကလည်း ငယ်ရွယ်တက်ကြွတဲ့ ပုံစံကို သဘောကျကြတယ်။ ဒီလို မိမိစိတ်ကြိုက် ရွေးချယ်တွဲဖက် ပြီးချိန်မှာတော့ ကောင်မလေးရဲ့ချစ်သူ ကောင်လေးက ကောင်မလေးလောက် ဆွဲဆောင် မှု မရှိဘူး၊ စတိုင် မကျဘူးဆိုရင် ကောင်မလေးတွေက ပိုပြီး ပျော်နေတတ်တယ်လို့ လေ့လာချက်အသစ်တွေအရ သိရပါတယ်။ အလွယ်ပြောရရင်တော့ ကောင်လေးက ကောင်မလေးထက် ရုပ်ပိုဆိုးနေရင် ကောင်မလေးတွေက ပိုပြီး ပျော်နေတတ်တာ ဖြစ် သလို သူတို့ရဲ့ အလှအပကိုလည်း ပိုပြီး ပေါ်လွင်တယ်၊ သာလွန်တယ်လို့ ထင်ကြတယ်လို့ လေ့လာချက်အရ သိလာရတာ ဖြစ် ပါတယ်။ အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ် တက္ကသိုလ်က စုံတွဲပေါင်း ၁၁၃တွဲကို မေးခွန်းပေါင်း ၂၀ မေးမြန်း ဖြေဆိုစေပြီး လေ့ လာချက်အဖြေကို ထုတ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။ ချစ်သူအနေအထားမှာရော အိမ်ထောင်ပြုတဲ့အပိုင်းထိအောင်ပါ အမျိုးသမီးတွေဟာ သူတို့ထက် ရုပ်ဆိုးတဲ့၊ ဆွဲဆောင်မှု မရှိတဲ့ အမျိုးသားတွေကို ချစ်သူအဖြစ် ရွေးချယ်လိုတာ၊ လက်ထပ်ကြတာ တွေ့လာရတာပဲ ဖြစ်ပါတယ်။ မေးခွန်းတွေအရ ရှေ့ပိုင်းမှာ ချစ်သူ၊ ခင်ပွန်းတွေရဲ့ စားသောက်နေထိုင်ပုံ၊ ဆွဲဆောင်မှု ရှိပုံတွေကို သဘောကျ၊ မကျ ဖြေဆိုစေ ပြီး နောက်ပိုင်းမှာတော့ အမျိုးသမီးတွေရဲ့အဖြေတွေအရ သူတို့ဟာ အမျိုးသားတွေကို ပိုင်ဆိုင်မှု၊ အလုပ်အကိုင်တွေထက် မျက်နှာသွင်ပြင်နဲ့ ခန္ဓာကိုယ် ဆွဲဆောင်မှု ရှိမှုတွေကို ကြည့်ပြီး ချစ်သူအဖြစ် ရွေးချယ်မှု ပြုလုပ်လေ့ရှိတာ တွေ့ လာရသလို သူ တို့ထက် ရုပ်ဆိုးတဲ့၊ ဆွဲဆောင်မှု အားနည်းတဲ့ အမျိုးသားတွေကို ပိုမို နှစ်သက်တတ်တာ တွေ့လာရတာလည်း ဖြစ်ပါတယ်။ ဖြေဆိုမှုတွေနဲ့ ဖြေဆိုသူတွေရဲ့ကိုယ်နေဟန်ထား၊ စိတ်ပျော်ရွှင်မှုတွေကို ကြည့်တဲ့အခါမှာလည်း အမျိုးသမီးက အမျိုးသား ထက် ဆွဲဆောင်မှု ကောင်းနေတဲ့ ချစ်သူစုံတွဲတွေ၊ လင်မယားတွေမှာ အမျိုးသမီးတွေဟာ အစားအသောက် ပိုမို မှန်ကန် စ နစ်တကျ စားသောက်တတ်ကြတယ်၊ ခန္ဓာကိုယ်လည်း လှပပြေပြစ်ကြတယ်၊ ချစ်သူချင်း၊ လင်မယားချင်း ဆက်ဆံရေး လည်း ပြေလည်သလို အမျိုးသမီးတွေဟာ ပိုမို ပျော်ရွှင်စွာ နေထိုင်နိုင်ကြတာ တွေ့လာရတယ်လို့ ဆိုပါတယ်။ အမျိုးသားက အမျိုးသမီးထက် ဆွဲဆောင်မှု ကောင်းနေတဲ့ စုံတွဲလင်မယားတွေမှာတော့ အမျိုးသမီးတွေမှာ သံသယပုံစံ သဝန် တိုစိတ်တွေ ရှိနေတာ တွေ့ရပြီး စိတ်ဖိစီးမှု အနည်းနဲ့ အများရှိသလို ဆက်ဆံရေးပိုင်းမှာလည်း ပွင့်လင်းမှု အားနည်းတာတွေ၊ ရင်းနှီးမှု အပြည့်မရှိတာတွေ တွေ့လာရပြီး အဆိုပါ စုံတွဲ၊ လင်မယားတွေအနေနဲ့ ပြဿနာ တစုံတရာ ရှိလာတာနဲ့ ပြတ်စဲနိုင် လောက်အောင် ဖြစ်သွားနိုင်တာလည်း ဖြစ်ပါတယ်။ ဒါကြောင့် လေ့လာချက်ရဲ့အဖြေက အမျိုးသမီးတွေဟာ သူတို့ထက် ရုပ်ဆိုးတဲ့၊ ဆွဲဆောင်မှု အားနည်းသူကိုပဲ အိမ်ထောင်ဖက် အဖြစ် ပိုမို အလေးထား ရွေးချယ်တတ်ကြပြီး အလုပ်နဲ့ ပိုင်ဆိုင်မှုတွေထက် ရုပ်ဆင်းအင်္ဂါကို ပိုမို အလေးထားကြည့်ပြီး ရွေး ချယ်တတ်ကြတယ်ဆိုတာ သိလာရတာကြောင့် စာဖတ်ပရိတ်သတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ရုပ်ဆိုးပြီ ထင်နေတဲ့ ကိုရုပ်ဆိုး များ အားငယ်နေဖို့ မလိုတော့ပါဘူး။ သင့်ထက် ရုပ်ချောတဲ့ ပျိုမေတွေက အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ဖို့ ရောက်လာပါလိမ့်မယ်။ Ref: www.maxim.com The post ပျိုမေတို့မက်တဲ့ အမျိုးသားတို့အကြောင်း appeared first on ဧရာဝတီ.
Source : http://ift.tt/2vtN8dg
via IFTTT

No comments:

Post a Comment