Friday, August 18, 2017


အကြမ်းဖက်သမား ၅ဦး စပိန်ရဲ သုတ်သင် စပိန်နိုင်ငံ မြို့တော် ဘာစီလိုနာမှာ လူ ၁၃ဦးသေဆုံးခဲ့ရတဲ့ အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး ကာတာလန် ပြည်နယ် ကမ်ဘာရေးမြို့က အိမ်တလုံးကို ရဲတပ်ဖွဲ့ ယနေ့နံနက်စောစောပိုင်းမှာ ဝင်ရောက်စီးနင်းကာ အကြမ်း ဖက်သမား ၅ဦးကို ပစ်သတ်လိုက်ပါတယ်။ မြို့တော် ဘာစီလိုနာက ကမ္ဘာလှည့်ခရီးသွားများ စည်ကားတဲ့ နေရာကို အကြမ်းဖက်သမားများက ကားတစီးဖြင့် ဝင်ရောက်တိုက်ခိုက်တဲအတွက် လူ ၁၃ဦးသေဆုံးကာ လူ ၁၀၀ဒဏ်ရာရသွားပြီး နောက်မှာ မိုင် ၆၀ခန့်ကွာဝေးတဲ့ ကာတာလန်ပြည်နယ်က ကမ်ဘာရေးမြို့မှာ ရဲတပ်ဖွဲ့က ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်ပါတယ်။ စီးနင်းတိုက်ခိုက်စဉ် အကြမ်းဖက်သမား ၄ဦး ပွဲချင်းပြီးသေဆုံးသွားကာ တဦးမှာ အချုပ်မှာ သေဆုံး တယ်လို့ သိရပါတယ်။ ကာတာလန် ရဲအဖွဲ့ ပြောဆိုချက်အရ အကြမ်းဖက်သမားတဦး လွတ်နေဆဲဖြစ်ပြီး၊ အကြမ်းဖက်သမား များဟာ အသေခံဗုံးတပ်ဆင်ထားသည့် ဝတ်စုံများကို ဝတ်ဆင်ထားနိုင်ကြောင်း သိရပါတယ်။ အလားတူ စီးနင်းမှုမှာ ပြည်သူ ၆ဦးနဲ့ ရဲအရာရှိတဦး ဒဏ်ရာရသသွားကြောင်း ကာတာလန် ပြည်သူ့ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့က ဆိုပါတယ်။ အဆိုပါ ကမ်ဘာရေးမြို့ အကြမ်းဖက်သမားတွေဟာ ဘာစီလိုနာမြို့ အဖြစ်အပျက်လိုပဲ ကားနဲ့ တိုက် ကာ အကြမ်းဖက် ကြိုးစားပေမယ်၊ ရဲတပ်ဖွဲ့ မောင်းနှင်သူကို ပစ်သတ်လိုက်တယ်လို့ဆိုပါတယ်။ ယခုအခါ စပိန်ရဲတပ်ဖွဲ့က ဘာစီလိုနာ တိုက်ခိုက်မှုနဲ့ ကမ်ဘာရေးမြို့ အကြမ်းဖက်သမားများနဲ့ ပတ်သက်မှုကို စုံစမ်းနေတယ်လို့ သိရပါတယ်။ The post အကြမ်းဖက်သမား ၅ဦး စပိန်ရဲ သုတ်သင် appeared first on ဧရာဝတီ.
Source : http://ift.tt/2wVGE51
via IFTTT

No comments:

Post a Comment